ပရိသတ်တွေမသိကြသေးတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ မီလီယံချီတဲ့ အကယ်ဒမီ ပွဲတက်ဝတ်စုံအကြောင်း

ပရိသတ်တွေမသိကြသေးတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ မီလီယံချီတဲ့ အကယ်ဒမီ ပွဲတက်ဝတ်စုံအကြောင်း

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ သူမရဲ့မျက်နှာလေးကြောင့်ရော၊ အနုပညာပိုင်းမှာ ထူးချွန်တာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ဆုချီးမြင့်ပွဲကြီးကိုတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ခမ်းနားလှပတဲ့ မီလီယံချီတဲ့ဝတ်စုံကြီးဝတ်ပြီး အလှပဆုံး ပွဲတက်ခဲ့တာပါ။ လှပလွန်းတဲ့ ဝတ်မှုန်ရွှေရည်ရဲ့အကယ်ဒမီပွဲတက်ဝတ်စုံကြီးထဲမှာတော့ ပရိသတ်တွေမသိတဲ့ အကြောင်းအရာတစ်ချို့ရှိတဲ့အကြောင်း ရွှေကစ်လေးက ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ခမ်းနားလှပတဲ့ ရွှေကစ်လေးရဲ့ပွဲတက်ဝတ်စုံလေးအကြောင်း ဝေမျှပေးလိုက်ပါတယ်နော်။

ဝတ်မှုန်ရွှေရည်ရဲ့ပွဲတက်ဖက်ရှင်ထဲမှာ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်တဲ့ ခြုံပဝါလေးကတော့ ချိတ်တွေကြားမှာ သူမရဲ့နာမည်လေးတွေ အသေးစိတ်ထည့်ချုပ်ထားတာပဲ ဖြစ်ပါတယ်။

ရွှေကစ်လေးရဲ့အကယ်ဒမီ ပွဲတက်ဝတ်စုံထဲမှာတော့ ရွှေ ၂ ပိဿာကျော်၊ စိန်အပွင့်ရေ ၂၀၀၀ ကျော်နဲ့ အရည်သွေးအကောင်းဆုံး နီလာကို သုံးထားတာဖြစ်ပြီး တန်ဖိုးကတော့ သိန်း ၁ သောင်း ၅ထောင် ရှိတယ်လို့ သိရပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ “ဒါလေးကတော့ နောက် version တစ်မျိုးပေါ့နော်။အမှန်တိုင်းပြောရရင် ဒီနှစ်အတွက်ဝတ်စုံ စီစဉ်တဲ့နေရာမှာ ကစ်က ဝတ်ချင်တဲ့အရောင်နဲ့ ချိတ်အဆင် လေးပဲပြောပြခဲ့တာပါ။ဒါကို ကစ်ကို ညီမလေးတစိယောက်လိုချစ်သော အစ်ကိုစောကို နဲ့ designer အစ်ကိုမင်းသက်စံတို့နှစ်ယောက်က ပုံဖော်ပေးကြတာပါ။ဒီ ကစ်နာမည်လေးတွေနဲ့ရက်လုပ်ထားတဲ့ရွှေပဝါအသေးလေးကိုလည်းကစ်အရမ်းကြိုက်ပါတယ် ။ပွဲထဲမှာ သက်တောင့်သက်သာနဲ့ လှနေအောင် ပုံစံနှစ်မျိုးစီစဉ်ပေးထားတာပါ။ဝတ်စုံနဲ့လိုက်ဖက်တဲ့ hair &make up ကို May Oo နှင့် team ၊လက်ဝတ်ရတနာနဲ့ ပိုက်ဆံအိတ်အတွက် သီးသန့် design ခတ်လုပ်ပေးသော ရွှေနန်းတော်မိသားစု ၊ဓာတ်ပုံ ကို နိုင်နိုင်ထွန်း( Exposure)နှင့်အဖွဲ၊ကို နေမင်းထွန်း(Amazing Grace)နှင့်အဖွဲ့ ၊ Photo & Video ရိုက်ကူးရေးအတွက် arrangement လုပ်ပေးပြီး ကစ်ကို အရိပ်တကြည့်ဂရုစိုက်ပေးတဲ့ L’oreal Paris Myanmar မှ Ma Michelle နှင့်အဖွဲ့ ၊ကစ်ကို အမြဲချစ်ပေးပြီး ဝန်းရံပေးကြတာ ကျေးဇူးအထူးပါလို့ နော် 😘😘😘” ဆိုပြီး သူမရဲ့ဝတ်စုံအကြောင်း ပြောထားပါသေးတယ်။

ဝတ်မှုံရွှေရည်က​တော့ ဒီနှစ်​မှာလည်း “ရန်​သူ” ရုပ်​ရှင်​နဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ခမ်းနားတောက်ပလွန်းတဲ့ ဖက်​ရှင်​နဲ့ အလှဆုံးပွဲတက်ခဲ့တဲ့​ ဝတ်မှုန်​​ရွှေရည်​လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.