အကယ်ဒမီက ပရိသတ်တွေမေတ္တာနဲ့ရလာတဲ့ဆုပါ ဆိုတဲ့ ဝိုင်းရဲ့စကားကို ချေပလိုက်တဲ့ နေတိုး (ဗီဒီယိုဖိုင်)

အကယ်ဒမီက ပရိသတ်တွေမေတ္တာနဲ့ရလာတဲ့ဆုပါ ဆိုတဲ့ ဝိုင်းရဲ့စကားကို ချေပလိုက်တဲ့ နေတိုး (ဗီဒီယိုဖိုင်)

နိုင်ငံရဲ့ ရုပ်ရှင်လောကသားတွေအတွက် မှတ်တိုင်၊ ပန်းတိုင်တစ်ခုလို့ဆိုရမယ့် အကယ်ဒမီပေးပွဲကြီးကိုတော့ အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာတော့ The One Entertainment မှာပြုလုပ်ခဲ့တဲ့ ဒီအကယ်ဒမီပေးပွဲကြီးကို အနုပညာလောကသားတွေအမြောက်အမြားတက်ရောက်လာခဲ့တာတွေ့ရပါတယ်။

လတ်တလောမှာတော့ ပရိသတ်တွေကြားမှာ ဗီဒီယိုလေးတစ်ခုကရေပန်းစားနေတာပဲဖြစ်ပါတယ်။ထိုဗီဒီယိုလေးကတော့ ဒါရိုက်တာ ဝိုင်းရဲ့ စကားနဲ့ကိုနေတိုးရဲ့ စကားကို ယှဉ်တွဲထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ 2018 ရဲ့ ဇာတ်ညွှန်းဆု ကိုတော့ ဒါရိုက်တာဝိုင်းကရရှိခဲ့ပါတယ်။ ဒါရိုက်တာဝိုင်းကတော့ ဆုတက်ယူတဲ့အချိန်မှာ ပရိသတ်တွေရဲ့ မေတ္တာနဲ့ရခဲ့တဲ့ဆုပါဆိုပြီး ပရိသတ်တွေကိုပြောခဲ့ပါတယ်။

 နေတိုးကတော့ ဒါကတော့ကျွန်တော်တို့က ဒီအကယ်ဒမီဆိုတာကတော့ ဒီအကယ်ဒမီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဆိုင်တာလေ ဟို ပရိသတ်နဲ့တော့မဆိုင် ပါဘူးလို့ပြောခဲ့ပါတယ်။ ဒီဗီဒီယိုလေးကတော့ အခွီဗီဒီယိုလေးအဖြစ်လုပ်ထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရော အကယ်ဒမီဆုက ဝိုင်းပြောတဲ့ ပရိသတ်ရဲ့ မေတ္တာနဲ့ ရတာလား နေတိုးပြောတဲ့ အကယ်ဒမီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ရတာလားပြောပေးခဲ့ကြပါဦးနော်။ ပရိသတ်ကြီးအတွက် ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.