အကယ်ဒမီပေးပွဲနဲ့ ပတ်သက်လို့ အပြင်းအထန်ဝေဖန်လိုက်တဲ့ ဆရာမလေးခင်နှင်းကြည်သာ

အကယ်ဒမီပေးပွဲနဲ့ ပတ်သက်လို့ အပြင်းအထန်ဝေဖန်လိုက်တဲ့ ဆရာမလေးခင်နှင်းကြည်သာ

လတ်တလော အကယ်ဒမီပေးပွဲဟာ ပရိသတ် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ ပရိသတ် အများစု အားပေးတဲ့ အနုပညာရှင်တွေ ဆု မရရှိတဲ့အပေါ် ပရိသတ်တွေက ပေါက်ကွဲလျက် ရှိနေကြပါတယ်။ အဲဒီထဲကမှ အကယ်ဒမီပေးပွဲမှာ လူငယ်တွေကို နေရာမပေးတဲ့အပေါ် ပရဟိတ ဆရာမလေး ခင်နှင်းကြည်သာရဲ့ ရင်ဖွင့်စကားကို ဖော်ပြ လိုက်ပါတယ်-

တိုင်းပြည်ရဲ့ အနာဂတ်က လူငယ်တွေလို့ တွင်တွင်ပြောတယ်။ လူငယ်တွေ ကြိုးစားတော့ ခြေရာတိုင်းတယ်ဆိုပြီး နေရာ မပေးဘူး။ လူငယ်တွေက ကိုယ့်ကြိုးစားမှု ပြသဖို့ ပြည်ပကိုထွက်တော့ တိုင်းပြည်သစ္စာဖောက်လို့ သမုတ်ကြတယ်။ နိုင်ငံခြားကနေ ပြန်လာပြီး ကြိုးစားထားသမျှနဲ့ ဖောက်ထွက်ပြတော့ ဆတ်ဆတ်ခါနာပြီး အုပ်စုဖွဲ့ ဖယ်ကျဉ်တယ်။

ပြီးရင် တိုင်းပြည်ရဲ့ အနာဂတ်က လူငယ်တွေလို့ ပြောကြလိမ့်ဦးမယ်။ လူငယ်တွေရဲ့ ကြိုးစားချင်စိတ်ကို သတ်တာလည်း ဒင်းတို့ပဲ။ တိုင်းပြည်အနာဂတ်ရဲ့ ကြိုးစားမှုကို သတ်နေကြတာလည်း ဒင်းတို့ပဲ။တကိုယ်တော် ပရဟိတ ဆရာမလေး ခင်နှင်းကြည်သာကတော့ ပြင်းပြင်းထန်ထန် ပြောလိုက်ပါပြီ။ စာဖတ်သူတို့ရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။ အပန်းမကြီးဘူးဆိုရင် ကွန်းမန့်မှာ ရေးသားပေးခဲ့ကြပါဦးဗျာ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit – ခင်နှင်းကြည်သာ၊ 23/03/2019

Comments are closed.