ဇဏ်ခီတို့ ဇနီးမောင်နှံကို ကြိုဆိုဂုဏ်ပြုစကားပြောလိုက်တဲ့ အကယ်ဒမီဘုတ်အဖွဲ့ဝင် ဒါရိုက်တာ ကြည်စိုးထွန်း

ဇဏ်ခီတို့ ဇနီးမောင်နှံကို ကြိုဆိုဂုဏ်ပြုစကားပြောလိုက်တဲ့ အကယ်ဒမီဘုတ်အဖွဲ့ဝင် ဒါရိုက်တာ ကြည်စိုးထွန်း

၂၀၁၈ အကယ်ဒမီပေးပွဲကြီးဟာ မမျှတမှုတွေနဲ့ပြီးဆုံးသွားကြောင်း ဝေဖန်မှုတွေဆူညံခဲ့တဲ့နောက် အကယ်ဒမီဆုရှင်တွေကို ဂုဏ်ပြုညစာစားပွဲပြုလုပ်ပေးတဲ့ပွဲမှာ ဒါရိုကတာ ကြည်စိုးထွန်းက အလားအလာရှိတဲ့ အနုပညာဖန်တီးသူ အနုပညာရှင်တွေကို ကြိုဆိုဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်။

အကယ်ဒမီဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရိုက်တာ ကြည်စိုးထွန်းက အကယ်ဒမီဆုရွေးချယ်ရေးဘုတ်အဖွဲ့တွေ ဝေဖန်မှုပြင်းပြင်းထန်ထန်တွေရခဲ့တာနဲ့ပတ်သက်ပြီး လူကြီးတွေ ဆုံးဖြတ်တာကို မမျှတဘူးလို့ထင်ရင် အချိန်မရွေး လူငယ်တွေနဲ့အစားထိုးနိုင်ကြောင်းပြောခဲ့ပါတယ်။ လူငယ်တွေနဲ့သာအစားထိုးမယ်ဆို ဖယ်ပေးဖို့ အဆင်သင့်ရှိနေကြောင်းလည်း ဆိုထားပါတယ်။

ဒါ့အပြင် အကယ်ဒမီရသင့်တဲ့ဇာတ်ကားတွေ မရခဲ့တာတွေနဲ့ပတ်သက်ပြီးတော့လည်း ဒါရိုက်တာ ကြည်စိုးထွန်းက ” စံချိန် စံညွှန်းမှာက လူ (၄၀) ရှိရင် ၂၀ ကျော်က ဒါကိုပေးချင်တယ်ဆိုမှ ဆရာတို့က ပေးလို့ရတာ။ ဆယ်ယောက် ဆယ့်ငါးယောက်ကနေပြီးတော့ ဘယ်ဟာကောင်းတယ် အဝတ်အစားတွေကောင်းတယ်ဗျာ ဘာညာပြောရုံနဲ့တော့ ပေးလို့မရဘူး။” လို့ ဆိုပါတယ်။

ဒါရိုက်တာကြည်စိုးထွန်းဟာ ဥက္ကဌကြီးဦးဇင်ဝိုင်းကို ခွင့်တောင်းပြီးတော့ အလားအလာရှိတဲ့ လူငယ်မျိုးဆက်သစ်ဖန်တီးသူတွေကို ကြိုဆို ဂုဏ်ပြုစကားပြောခဲ့ပြန်ပါသေးတယ်။ အဲဒီထဲမှာတော့ ဇဏ်ခီတို့ ဇနီးမောင်နှံရဲ့ နာမည်ဟာ ထိပ်ဆုံးကနေ ပါဝင်ခဲ့ပါတယ်။

“ရတဲ့သူတွေကို ဂုဏ်ပြုသင့်သလို ကျန်ခဲ့တဲ့ အလားအလာကောင်းတဲ့သူတွေကို ဂုဏ်ပြုချင်တာပါ။ အဲဒီပုဂ္ဂိုလ်တွေကတော့ ဇဏ်ခီဇနီးမောင်နှံဖြစ်ပါတယ်။ သူတို့ကို ကျတော်တို့ မျက်စိကျပါတယ်။ သူတို့တွေဟာ နောင်အလားအလာရှိတဲ့ ပညာသည်တွေဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ နောက်အာကာတို့အုပ်စု ဖြစ်ပါတယ်။ အာကာတို့အုပ်စုလည်း ကျတော်ကြိုဆိုပါတယ်။ နောက် ခါရာတို့ ကိုဥာဏ်ထင်တို့ နောက်အဲ့ထဲက လူကြမ်းလုပ်တဲ့ မင်းမြတ်၊အဲလစ်တို့ ကျတော်ဒါကိုလည်း ကြိုဆိုချင်ပါတယ်။ ကျတော်တို့အဖွဲ့လည်း မျက်စိကျထားတာ ရှိတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။ ထူးထူးဆန်းဆန်းကောင်းလာတဲ့ ကလေးတွေ အဆိုတော် ဂီတဘက်ကနေ ကူးလာတဲ့ ကလေးတွေကိုလည်း ကျတော်တို့မျက်စိကျပါတယ် လွှမ်းပိုင်တို့ ရဲရင့်အောင်တို့ ကျတော်သဘောကျပါတယ်။”

“နောက် ကိုယ်စောင့်နတ်ထဲက ကျတော်တို့အရင်တုန်းကဆိုရင်တော့ တက္ကသိုလ်ကျောင်းသားလုပ်ရင် အထပ်ထပ်ဖြစ်နေတဲ့လူတွေအစား အသစ်ကလေးတွေပေါ်လာတာ ကျတော်မျက်စိကျပါတယ်။ နောက်တခါကျတော့ သမ္မတကြီးထံပေးစာထဲက အောင်မြတ်ထွှဋ်ဆိုတဲ့ လူကြမ်းလုပ်တဲ့ကလေးလေးလည်း ကျတော်တို့ မျက်စိကျတယ်။ နောက် ဥပါယ်တံမျဉ်ထဲက အောင်မြင့်မြတ် ကျတော်တို့ မျက်စိကျတယ်။ နောက်စောမိုးဇက် ဒါကတော့ တပ်မတော်ကားထဲက ကလေးဖြစ်ပါတယ်။ နောက် ဒါရိုက်တာဏကြီး နောက်တခါ လှယဉ်ကျေး။ အဲဒီပုဂ္ဂိုလ်တွေအပြင် ထူးထူးခြားခြား နောက်ထပ်တကားကို ကျတော်တို့ မျက်စိထဲမှာ စိတ်ထဲမှာ သဘောကျတဲ့ကားတစ်ကားရှိပါတယ်။ နောက် ဒီမျိုးဆက်ဟောင်းတွေထဲကလည်း ဒီလို အတွေးသစ်ရှိတယ်ဆိုတာ ကျတော်တင်ပြချင်တာ တစ်ယောက်က ဘယ်သူလဲဆိုတာ မင်းဦးဖြစ်ပါတယ်။ မင်းဦးက ခြူဆီဆိုတဲ့ ရုပ်ရှင်ကားလေးရိုက်တယ်။ အဲ့ ခြူဆီကိုလည်း ကျတော်တို့ မျက်စိကျတယ်။ အဲတော့အခု ကျတော်ပြောခဲ့တဲ့ ပုဂ္ဂိုလ်များဟာဖြင့် ကျတော်တို့ ရုပ်ရှင်အတွက် ကျတော်တို့အကဲဖြတ်တွေအတွက် မျက်စိကျပြီးတော့ အလားအလာရှိတဲ့လူများလို့ ကျတော်ဒီနေ့သတ်မှတ်ချင်တဲ့အတွက် ဥက္ကဌဆီခွင့်တောင်းပြီးတော့ ဒါလေးတော့ ကျတော်ပြောပါရစေ ဒီလိုဒီလိုကြိုဆိုပါရစေဆိုပြီးတော့ ကျတော်ကြိုဆိုခြင်းဖြစ်ပါတယ်”လို့ ဂုဏ်ပြုညစာစားပွဲမှာပြောသွားခဲ့တာဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.