သမီးနဲ့ သမက်ကို ကြည်ဖြူလိုက်ပြီဖြစ်တဲ့ ရွှေမှုံရတီရဲ့မိခင်

သမီးနဲ့ သမက်ကို ကြည်ဖြူလိုက်ပြီဖြစ်တဲ့ ရွှေမှုံရတီရဲ့မိခင်

အဆို​တော်​​ရွှေထူးနဲ့ မင်းသမီး​ချော​လေး ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့​တစ်​ဦးနဲ့တစ်​ဦး နားလည်​မှု​တွေ၊ စစ်​မှန်​တဲ့ချစ်​ခြင်း​မေတ္တာ​တွေအပြည့်​နဲ့ အနာဂတ်​ခရီးကို ​လျှောက်​လှမ်း​နေကြတာပါ။ တစ်​​ယောက်​ကိုတစ်​​ယောက်​ ကြင်​နာတတ်​လွန်းတဲ့သူတို့နှစ်​ဦးရဲ့ ကြည်​နူးဖွယ်​ အပြုအမူ​လေး​တွေ​ကြောင့်​လည်း ​ရွှေနှစ်​​ရွှေ​မောင်​နှံရဲ့အ​ကြောင်းက ပရိသတ်​​တွေရဲ့ကြားမှာ ​တော်​​တော်​​လေးကို ​ရေပန်းစား​နေတာပါ။ လတ်​တ​လောမှာ​​တော့ ငွေမှုံရတီက အစ်မဖြစ်သူတို့ ဇနီးမောင်နှံနဲ့ မိခင်ဖြစ်သူတို့ ရင်းရင်းနှီးနှီးရှိနေတဲ့ပုံလေးတွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မိခင်ဖြစ်သူရဲ့ကြည်ဖြူမှုကို ရရှိသွားတဲ့ ရွှေနှစ်ရွှေကတော့ တော်တော်လေးကို ပျော်ရွှင်နေတာပါ။

ချစ်ပရိသတ်တွေအတွက် မိခင်ဖြစ်သူနဲ့ ရင်းနှီးပျော်ရွှင်စွာတွေ့မြင်ရတဲ့ ရွှေမှုံလေးနဲ့ ရွှေထူးတို့ရဲ့ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ငွေမှုံရတီကတော့ “Happy Family” ဆိုပြီး သူမအမဖြစ်သူတို့ရဲ့ပုံလေးကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

သမီးချောလေးတွေရဲ့မေမေ

ရွှေထူးနဲ့ ​ရွှေမှုံရတီတို့နှစ်​ဦးက​တော့ ပြီးခဲ့တဲ့ ​အောက်​တိုဘာလ ၃၀ရက်​​နေ့က လက်​ထပ်​လက်​မှတ်​ထိုးခဲ့ပြီး နိုဝင်​ဘာလ ၁၁ရက်​​နေ့ညမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။ အနုပညာမှာ ပါရမီပါပြီး ထူးချွန်​တဲ့​ရွှေနှစ်​​ရွှေက​တော့ မတူညီတဲ့ နယ်​ပယ်​​တွေမှာ ​ကိုယ်​စီ​အောင်​မြင်​မှု​တွေကို ပိုင်​ဆိုင်​ထားကြတာပဲ ဖြစ်​ပါတယ်​။ ချစ်​ပရိသတ်​​တွေလည်း ​အရမ်းချစ်​စရာ​ကောင်းတဲ့ ​ရွှေနှစ်​​ရွှေစုံတွဲ​လေးကို ကြည်ဖြူလိုက်ပြီဖြစ်တဲ့ ရွှေမှုံလေးရဲ့မိခင်ကိုချစ်​တယ်ဆိုရင် share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.