“ကံတူအကျိုးပေး” လို့ အန်တီမြင့်မြင့်ခင်က စနောက်ခြင်းခံခဲ့ရတဲ့ ဖွေးဖွေး

“ကံတူအကျိုးပေး” လို့ အန်တီမြင့်မြင့်ခင်က စနောက်ခြင်းခံခဲ့ရတဲ့ ဖွေးဖွေး

ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးက (၂၀၁၈)ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရွှေကြာ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါပြီ။ ဖွေးဖွေးတစ်ယောက် လက်မှာဒဏ်ရာရထားတာတောင် အကယ်ဒမီပွဲကြီးကို တက်ရောက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွေးဖွေးကတော့ အကယ်ဒမီဆုကြီးကို ရရှိနိုင်ခဲ့တာမို့ ပရိသတ်တွေက အတိုင်းမသိ ဝမ်းသာခဲ့ကြပါတယ်။

မတ်လ(၂၄) ရက်နေ့ညမှာတော့ အကယ်ဒမီထူးချွန်ဆု ရရှိခဲ့တဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးခဲ့ပါတယ်။

ထိုပွဲမှာ ဖွေးဖွေးနဲ့ အန်တီမြင့်မြင့်ခင်တို့က လက်မှာပတ်တီးကိုယ်စီနဲ့ တက်ရောက်ခဲ့ပါတယ်။

ဖွေးဖွေးက “ကံတူအကျိုးပေးတဲ့ အန်တီမြင့်မြင့်ခင်က လာစတယ်” ဆိုပြီး ပြောပြထားပါတယ်။

ဖွေးဖွေးနဲ့ အန်တီမြင့်မြင့်ခင်တို့က တကယ်ကို ကံတူအကျိုးပေးတွေပဲနော်။ နှစ်ယောက်စလုံးက ပတ်တီးတွေ ကိုယ်စီနဲ့ အကယ်ဒမီဆုရခဲ့တာ တကယ်ကို မှတ်မှတ်ရရပါပဲ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.