ဖခင်ကြီးရဲ့ ဇာတိချက်ကြွေမွေးရပ်မြေမြို့လေးမှာ အလှူကြီးအတန်းကြီးသွားရောက်ပြုလုပ်ခဲ့တဲ့ ခိုင်သင်းကြည်
ပရိသတ်ကြီးရေ ခိုင်သင်းကြည်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ဝါရင့် သရုပ် ဆောင် မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။မနေ့က ဒီဇင်ဘာ လ(၉)ရက်နေ့မှာတော့ ပရိသတ်တွေရဲ့အချစ်တော်ခိုင်သင်း ကြည်ကတော့ မွန်မြတ်လှတဲ့ အလှူကြီးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
အလှူကတော့ ဖခင်ကြီးရဲ့ ဇာတိမြို့ဖြစ်တဲ့ ရွှေဘိုခရိုင်ကျောက်မြောင်းမြို့မှာ သွားရောက်ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောက်မြောင်းမြို့က အိမ်ခြေ (၃၀၀)စာအတွက် ဆန်၊ဆီ၊ပဲ၊ကြက်သွန် စတဲ့ စားသောက်ကုန်တွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် အသစ်ဆောက်လုပ်နေတဲ့ မီးသင်္ဂြိုလ်စက်အတွက်လည်း အလှူငွေ (၁၀)သိန်းကျပ်နဲ့ ကျောင်းတော်ကျောင်းတိုက် ဆရာတော်ဘုရားကြီးအား ဆန်အိတ်၊ဆီနှင့် နဝက မ္မအလှူငွေ(၅)သိန်းကျပ်တို့ကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။
CeleGabar ပရိသတ်ကြီးရေ ခိုင်သင်းကြည်ကတော့ သူတို့မိသားစုရဲ့ မွန်မြတ်လှတဲ့ အလှူမှတ်တမ်းပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာ မျက် နှာကနေ ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်ကုသိုလ်တွေရရှိစေဖို့ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေ လည်း ခိုင်သင်းကြည်တို့ရဲ့ အလှူလေးကို ကြည်နူးပီတိဖြစ်သာဓုခေါ်ဆိုနိုင်ဖို့ CeleGabar ကနေ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်
Source – Khine Thin Kyi
Chilli – CeleGabar
Advertisement
[zawgyi]
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*