“အမေစုနဲ့ မျက်လုံးချင်းဆုံခဲ့တာ ဂုဏ်ယူမဆုံးပါဘူး” ဆိုတဲ့ ရွှေကြိုအမှတ်တရတွေကို ပြောပြလာတဲ့ မေတိုးခိုင်

“အမေစုနဲ့ မျက်လုံးချင်းဆုံခဲ့တာ ဂုဏ်ယူမဆုံးပါဘူး” ဆိုတဲ့ ရွှေကြိုအမှတ်တရတွေကို ပြောပြလာတဲ့ မေတိုးခိုင်

ပရိသတ်တွေနဲ့ အနုပညာရှင်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ရတဲ့ အကယ်ဒမီ ဆုပေးပွဲကြီးကတော့ ခမ်းခမ်းနားနားနဲ့ အောင်မြင်စွာ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ အကယ်ဒမီပွဲတက်လာတဲ့ အနုပညာရှင်တွေသာမက စင်ပေါ်မှာ အစစအရာရာ အဆင်ပြေချောမွေ့အောင် တာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ ရွှေကြိုမောင်မယ်လေးတွေကိုလဲ ပရိသတ်တွေက သတိထားစောင့်ကြည့်နေခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေကြိုမောင်မယ်လေးတွေထဲကမှ မေတိုးခိုင်ကလဲ သူမရဲ့ ရွှေကြိုမယ် အမှတ်တရတွေကို အခုလိုပဲ ပြောပြပေးခဲ့ပါတယ်။

“အကယ်ဒမီရဲ့ ရွှေကြိုအဖြစ်ပါဝင်ခွင့်ရမယ်လို့ မထင်ထားခဲ့ဘူး။ ရွှေကြိုလှလှလေးတွေကို နှစ်တိုင်းငေးခဲ့ရတာ။ဒီနှစ်မှာ ပါဝင်ခွင့်ပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ပိုပြီးအမှတ်တရ ဖြစ်ခဲ့တာက ရုပ်ရှင်တစ်သက်တာစု ကို အမေစုလက်ထဲကို ကိုယ်တိုင်ထည့်ခဲ့ရတဲ့ ပီတိ ဘာနဲ့မှ မလဲနိုင်ပါဘူး။ အမေစု ကိုယ်တိုင် ပြုံးပြ မျက်လုံးချင်း ဆုံပြီးကြည့်ခဲ့တာ ဂုဏ်ယူမဆုံးပါ။”

” ဖူးငယ်ငယ်ထဲကရုပ်ရှင်တွေကြည့်ရင်ချစ်ခဲ့ရတဲ့ အဘွားဒေါ်မြင့်မြင့်ခင်ထိုက်ထိုက်တန်တန်ရသွားလို့လည်း အရမ်းပျော်ရပါတယ်။ နောက်ပြီး မဖွေး… အရမ်းချစ်ပြီးအားပေးရတဲ့ မဖွေးကိုလည်း ဘေးကနေ တစ်စိမ့်စိမ့်ကြည့်မဝပါ။”

” နောက်ပြီးတော့ဖူးတို့ကိုသင်ကြားပြသပေးတဲ့ စေတနာအပြည့်ထားပေးတဲ့ ဦးရန်လေး, အန်တီဆင့်, ဦးချိုကြီး, မမေစံပယ် ကြောင့် စင်ပေါ်မှာ အကောင်းဆုံးလုပ်နိုင်ခဲ့တာပါ။ စင်အောက် က သူတို့ကြည့်နေတဲ့ ပီတိအပြုံးက ဘာနဲ့မှမလဲနိုင်ပါ။ အရမ်းလေးစားခဲ့ရတာ ကိုယ့်ရှေ့မှာ မင်းသားမင်းသမီးကြီးဆို ပြီးမနေဘူး တကယ့်တစ်သားထဲလို သင်ပြပေးပါတယ်။ ပို၍တိုးလို့ လေးစားပြီး ချစ်ခင်ရပါတယ်။ အရမ်းရှည်သွားမှာဆိုးလို့ နောက်တစ်ပိုင်း ကိုနောက်တစ်ခါနော်..ပြောစရာတွေအရမ်းများလို့ပါ။”

” နောက်တစ်ပိုင်းကတော့ အချိန်တိုလေးအတွင်းမှာ အရမ်းခင်ခဲ့ကြတဲ့ သူတွေအကြောင်းပေါ့။ PS : ဖူးဖုန်းထဲမှာ ပုံတွေမရှိပါဘူး.. အကုန်လုံးက အမှတ်တရဆိုပြီး tv ထဲကရိုက်ပေး.. screenshot လေးတွေပို့ပေးတာကြောင့် ဒါလေးတွေရတာပါ.. အကုန်လုံးကို credit ပေးပါတယ်.. အရမ်းချစ်ပါတယ်..” ဆိုပြီး ပြောပြထားပါတယ်။

မေတိုးခိုင်ကတော့ သူမရဲ့ ဘဝမှတ်တိုင်တစ်ခုဖြစ်တဲ့ ရွှေကြိုအမှတ်တရ ပုံရိပ်တွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.