အမေရိကန်စစ်ကားတွေနဲ့ယှဉ်လို့ရမယ့်မြန်မာကား

အမေရိကန်စစ်ကားတွေနဲ့ယှဉ်လို့ရမယ့်မြန်မာကား

တစ်နှစ်တစ်ခါ အနုပညာရှင်အင်အားအများကြီးသုံးပြီးရိုက်လေ့ရှိတဲ့ဂုဏ်ပြုဇာတ်လမ်းတစ်ခုကတော့ဒီနှစ်မှာလည်း ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Line Walker 2 ထဲမှာ ကားတွေကို RPGနဲ့ပစ်ခွဲလိုက်တဲ့ မင်းရာဇာက အဓိကနေရကရုပ်ဆောင်ထားတဲ့အပြင် ၊ နေမျိုးအောင် ၊မေသဉ္ဇာဦး၊အောင်မြင့်မြတ်စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေအပြင် ယဉ်လတ်ဆိုတဲ့ မြန်မာဖိုက်တင်မင်းသမီးလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်လမ်းကတော့ ၇၄နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုတင်ဆက်တဲ့အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ မြန်မာ့ရေပိုင်နက်ကို အသက်ပေးကာကွယ်ကြတဲ့ ရေတပ်တပ်သားတွေကိုလို ထရိန်နင်တွေပေးပြီးအမာတင်ထားလည်းဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ်လို့ထင်ရပြီး မြန်မာ့ပင်လယ်ပြင်အလှကိုလည်း အထင်းသားမြင်ရနိုင့်မယ်ဇာတ်လမ်းတစ်ခု ဖြစ်လာမယ့်လို့ယုံကြည်ရပါမယ်။

ဒီဇာတ်လမ်းရဲ့နာမည်ကတော့ နာရီတစ်ရာ့တစ်ဆယ် ဖြစ်ပါတယ်။ မြန်မာကားကြမ်းကြမ်းကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် လာမယ့် မတ်လ ၂၅၊၂၆၊၂၇ရက်တွေမှာ မြဝတီရုပ်မြင်သံကြားကနေထုတ်လွှင်ပြသသွားမှာလို့သိရပါတယ်။ ဆိုတော့ ပြေချင်လွန်းလို့ပရိသတ်တွေကို အဲ့ဒီဇာတ်ကားရဲ့ Official Trailer ကိုအောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ကြည့်ပြီးသွားရင်လည်း မိတ်ဆွေတို့အယူအဆလေးတွေကိုမှတ်ချက်ပေးသွားပါဦးခင်ဗျ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.