အဖော်အချွတ်မင်းသမီးအဖြစ်ကနေ တရုတ်နိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသော မင်းသမီးအဖြစ်ကိုရောက်လာခဲ့သူ (သို့မဟုတ်) Shu Qi

အဖော်အချွတ်မင်းသမီးအဖြစ်ကနေ တရုတ်နိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသော မင်းသမီးအဖြစ်ကိုရောက်လာခဲ့သူ (သို့မဟုတ်) Shu Qi

တရုတ်နိုင်ငံရဲ့ နာမည်ကျော်မင်းသမီးဖြစ်တဲ့ Shu Qi ဟာဆိုရင် အခုဆိုရင် အနုပညာကြေးအမြင့်ဆုံးသော မင်းသမီးတစ်လက်အဖြစ်နဲ့ ရပ်တည်လျှက်ရှိနေပြီး အောင်မြင်မှုတွေများစွာကို သိမ်းပိုက်ရရှိထားတဲ့သူဖြစ်နေပြီဆိုပေမယ့်လည်း သူမဟာ တစ်ချိန်တုန်းကတော့ ခက်ခဲတဲ့ဘ၀ကိုဖြတ်သန်းခဲ့ဖူးသူ ဖြစ်ပါတယ်။ အများက အားကျမက်မောရတဲ့ အောင်မြင်မှုတွေ၊ ချမ်းသာမှုတွေကို ရရှိဖို့အတွက် Shu Qi တစ်ယောက် သူမဘ၀ရဲ့ တစ်ဆစ်ချိုးမှာ ဘယ်လိုမျိုးသောအရာတွေကို ပေးဆပ်ခဲ့ရသလဲဆိုတာကို မိုမိုလေးရဲ့ ပရိသတ်တွေသိရှိစေဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

Shu Qi ကို တိုင်ပေမြို့မှာ ၁၉၇၆ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တုန်းက မွေးဖွားခဲ့တာဖြစ်ပြီး သူမရဲ့ နာမည်အရင်းကတော့ Lin Lihui ဖြစ်ပါတယ်။ ထိုင်ဝမ်လူမျိုးတစ်ယောက်ဖြစ်တဲ့သူမဟာ ငယ်စဉ်အရွယ်တုန်းက မိသားစုမှာ ငွေကြေးအခက်အခဲရှိခဲ့တာကြောင့် မိသားစုကို တစ်ဖက်တစ်လမ်းကနေ ၀င်ငွေရရှိစေဖို့အတွက် အထက်တန်းကျောင်းသူဘ၀မှာ ကျောင်းကနေထွက်ပြီး အပျော်တမ်းမော်ဒယ်လုပ်ခဲ့ပါတယ်။ အသက် ၁၃ နှစ်အရွယ်တုန်းကဆိုရင် မိခင်ဖြစ်သူရဲ့ လက်မှုပစ္စည်းတွေကိုတောင် ထွက်ပြီးရောင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်ကာလတွေ ဖြတ်သန်းခဲ့ရတဲ့ အကျိုးကတော့ သူမကို ရဲရင့်ပြီး ဘယ်သူ့ကိုမှ အားမကိုးတတ်ပဲ သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်အသွင်ကို ရရှိစေခဲ့တာပါပဲ။ ရှေးရိုးဆန်တဲ့ မိဘတွေအကြားမှာ ကြီးပြင်ခဲ့ရတဲ့သူမဟာ မကြာခဏဆိုသလို ဆူပူရိုက်နှက်ခြင်းတွေကို ခံခဲ့ရတဲ့အတွက် တစ်ခုခုကိုဖွင့်ဟပြောရမယ်ဆိုရင် လန့်တတ်လာပြီး မိခင်ဖြစ်သူဆီကနေ ဆူပူခံရတဲ့အကြိမ်များလာတဲ့အခါမှာတော့ သူမ အသက် ၁၆ နှစ်အရွယ်မှာ အိမ်ကနေ ထွက်သွားခဲ့ဖူးပါတယ်။

အသက် ၁၆ နှစ်အရွယ်မှာ အိမ်ကနေထွက်သွားခဲ့ဖူးတဲ့သူမဟာ စားသောက်ဖို့အတွက် အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ခဲ့ရပြီး ၆ လမျှ အိမ်နဲ့ဝေးပြီးတဲ့နောက်မှာတော့ မိဘတွေရဲ့ မေတ္တာကိုနားလည်ခဲ့ကာ အိမ်ကိုပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ခံစားချက်ကို သိပ်ပြီးမဖွင့်ဟတတ်တဲ့ မိဘတွေနဲ့ သူမကတော့ အနည်းငယ်သွေးအေးသွားခဲ့တယ်လို့ သူမကိုယ်တိုင်ပြောပြခဲ့ဖူးပါတယ်။

မိခင်ဖြစ်သူက သူမကို အသက် (၁၈) နှစ်အရွယ်မှာ လေယာဉ်ပိုင်းလော့တစ်ဦးနဲ့ လက်ထပ်ပေးဖို့အတွက် စီစဉ်ပေးခဲ့ဖူးတယ်လို့ သူမကိုယ်တိုင်ထုတ်ဖော်ပြောပြခဲ့ဖူးပါတယ်။ ငယ်စဉ်အရွယ်ကတည်းက လူကြီးတစ်ယောက်လိုပြင်ဆင်ရတာကို ကြိုက်နှစ်သက်တဲ့သူမဟာ အေဂျင်စီတစ်ခုရဲ့ သဘောကျခြင်းကို ခံခဲ့ရပြီး ဖျော်ဖြေရေးလောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

လူကြီးမဂ္ဂဇင်းတွေရဲ့ ကာဗာတွေမှာ သူမ ပါဝင်ရတဲ့အချိန်တုန်းက သူမရဲ့ အသက်ဟာ ၁၉ နှစ်ပတ်ဝန်းကျင်သာရှိသေးတာ ဖြစ်ပါတယ်။ ထိုအချိန်တုန်းက ကိုယ်လုံးတီးနဲ့ ဓာတ်ပုံအရိုက်ခံရတာကို ဘယ်လိုခံစားချက်နဲ့ ပုံဖော်ခဲ့သလဲလို့ မေးခဲ့ရမှာတော့ Shu Qi က သူမဟာ အရင်တုန်းကဘာကိုမှ နားမလည်သေးတဲ့အဖြူထည်သက်သက်သာဖြစ်ပြီး အေဂျင်စီက သူမကို အနုပညာကို ဖန်တီးပုံဖော်တယ်လို့သာ မှတ်ထားပါဟုပြောခဲ့တာကြောင့် သူမဟာ သူမရဲ့ ငယ်ရွယ်နုပျိုမှုကို ဖော်ထုတ်ခွင့်ရတယ်လို့ပဲ သတ်မှတ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်လောကထဲကို သူမ စတင်ဝင်ရောက်ချိန်ကတော့ ၁၉၉၆ ခုနှစ်ဖြစ်ပြီး ထိုစဉ်အချိန်တုန်းက သူမရဲ့ အသက်ဟာ ၂၀ သာရှိပါသေးတယ်။ ငွေရောင်ပိတ်ကားထက်က ထိပ်တန်းမင်းသမီးဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့သူမဟာ စတင်ဝင်ရောက်ချိန်မှတော့ သူများတွေလိုမျိုး ဖြတ်လျှောက်နေရာတွေ၊ အရံမင်းသမီးနေရာတွေကနေ ပါဝင်ခွင့်ရခဲ့တာမဟုတ်ပဲ ပရိသတ်တွေ သတိထားမိလောက်စေမယ့် ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုရှိတာက သူမပါဝင်ရတဲ့ ဇာတ်ကားဟာ သာမန်အချစ်ဇာတ်ကား၊ ဒရမ်မာဇာတ်ကားမျိုးမဟုတ်ပဲ အသက် (၁၈) နှစ်ပြည့်ပြီးတဲ့သူတွေသာ ကြည့်ရှုခွင့်ရတဲ့ လူကြီးဇာတ်ကားမှာပါဝင် သရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ အပျော်တမ်းမော်ဒယ်အဖြစ်နဲ့ လှုပ်ရှားခဲ့တဲ့ သူမဟာ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Penthouse Hong Kong မဂ္ဂဇင်းကာဗာနဲ့ တရုတ်နိုင်ငံထုတ် Playboy မဂ္ဂဇင်းကာဗာတို့မှာ ပါဝင်ခဲ့ရာမှ နာမည်ကျော် ဟောင်ကောင်ထုတ်လုပ်သူုဖြစ်သူ Manfred Wong ရဲ့ သတိထားမိခြင်းကို ခံခဲ့ရတာဖြစ်ပြီး လူကြီးကားတွေဖြစ်တဲ့ Sex & Zen II နဲ့ Red Light District ဇာတ်ကားတို့မှာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီးနောက်မှာတော့ ၁၉၉၆ ခုနှစ်ထဲမှာပဲ Viva Erotica ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 16th Hong Kong Film Awards မှာ ထိုဇာတ်ကားနဲ့ပဲ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ဆုနဲ့ အကောင်းဆုံး အမျိုးသမီး မျက်နှာသစ်သရုပ်ဆောင်ဆုကို ၁၉၉၇ ခုနှစ်မှာ စတင်ရရှိခဲ့ပါတယ်။

ဒီလိုမျိုးဆုတွေရရှိခဲ့ခြင်းဟာ သူမကို ငွေရောင်ပိတ်ကားအထက်က ကြယ်ပွင့်အဖြစ်ကို ရောက်ရှိအောင်ပို့ဆောင်ပေးလိုက်တာပါပဲ။ အဲဒီနောက်မှာတော့ နာမည်ကျော်ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 18+ မင်းသမီးဆိုတဲ့ နာမည်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဆက်စီအဖြစ်ဆုံးသော နှုတ်ခမ်းပိုင်ရှင်အဖြစ်နဲ့ ၂၀၀၈ ခုနှစ်မှာ သတ်မှတ်ခြင်းကိုလည်း ခံထားရသူ သူမကို မြန်မာပရိသတ်တွေ သတိထားမိခဲ့ကြတဲ့ ရုပ်ရှင်ကားကတော့ ‘So Close’ ပါပဲ။ ထိုအချိန်မှာတော့ သူမဟာ နာမည်ကြီးမင်းသမီးအဖြစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Shu Qi ဟာ အဆိုတော်နဲ့ သရုပ်ဆောင်ဖြစ်သူ Leon Lai နဲ့ Bishonen ရုပ်ရှင်ရိုက်ကူးရင်းနဲ့ တွေ့ဆုံခဲ့ပြီး City Of Glass ရိုက်ကူးခဲ့တဲ့ ၁၉၉၈ ခုနှစ်မှာတော့ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း (၇) နှစ်ကြာပြီးတဲ့နောက်မှာတော့ သူတို့ ၂ ယောက် အချစ်ဇာတ်လမ်းဟာ အဆုံးသတ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Shu Qi ဟာ ဘယ်ဒါရိုက်တာ၊ မင်းသားနဲ့မှ သတင်းမထွက်ခဲ့ပဲ သူမရဲ့ အချစ်ရေးသတင်းဟာ သွေးအေးခဲ့ပြီးမှ ၂၀၁၆ ခုနှစ်မှာတော့ သူမနဲ့ ၄ နှစ်တာချစ်ကြိုက်ခဲ့တဲ့ ဟောင်ကောင် ဒါရိုက်တာမင်းသားဖြစ်သူ Stephen Fung နဲ့ တရားဝင်လက်ထပ်ခဲ့ပါတယ်။ အခုဆိုရင် သူမရဲ့ အသက်ဟာ ၄၃ နှစ်ပြည့်တော့မှာဖြစ်ပြီး ရင်သွေးတော့ မရှိသေးပါဘူး။

တစ်ချိန်တုန်းက အဖော်အချွတ်မင်းသမီးဆိုတဲ့ နာမည်နဲ့ အနှိမ်ခံခဲ့ရတဲ့သူမဟာ ဒီနေ့အချိန်မှာတော့ တရုတ်နိုင်ငံရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသော ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ကို ရောက်ရှိနေပြီဖြစ်ပြီး ကော်ဇောနီလျှောက်လှမ်းနဲ့ ငွေရောင်ပိတ်ကားထက်က ကြယ်ပွင့်တစ်ပွင့်ဖြစ်လို့နေပါပြီ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.