စီနီယာအနုပညာရှင်တွေထက် ပေါ်လွင်သွားမှာစိုးတဲ့အတွက် အကယ်ဒမီပွဲကို သာမာန်ဝတ်စုံသာဝတ်ခဲ့တဲ့ ကျော်ကျော်နန္ဒ

စီနီယာအနုပညာရှင်တွေထက် ပေါ်လွင်သွားမှာစိုးတဲ့အတွက် အကယ်ဒမီပွဲကို သာမာန်ဝတ်စုံသာဝတ်ခဲ့တဲ့ ကျော်ကျော်နန္ဒ

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအချို့ကလဲ ကျော်ကျော်နန္ဒတစ်ယောက် အကယ်ဒမီပွဲ မတက်ရဘူးဆိုပြီး ထုတ်ပြန်စာထွက်ပေါ်လာပြီး ဂယက်တွေထခဲ့သေးပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပြေလည်သွားခဲ့ပြီး ကျော်ကျော်နန္ဒတစ်ယောက် အကယ်ဒမီပွဲကို တက်ရောက်လာခဲ့ပါတယ်။

ကျော်ကျော်နန္ဒက အကယ်ဒမီပွဲကို တိုင်းရင်းသားဝတ်စုံနဲ့ သိန်း(၅၀၀၀)တန် လက်စွပ် ဝတ်ပြီးတက်မယ်လို့ ပြောကြားခဲ့ပေမယ့် တကယ်တက်ရောက်ခဲ့ချိန်မှာတော့ ရိုးရိုးသာမာန် ရှပ်အင်္ကျီနဲ့ ပုဆိုးကိုသာ ဝတ်ဆင်လာခဲ့ပါတယ်။ ကျော်ကျော်နန္ဒက သူ့အနေနဲ့ တခြားသော စီနီယာ ဂျူနီယာ အနုပညာရှင်တွေထက် ပေါ်လွင်သွားမှာ ဖြစ်တဲ့အတွက် ရိုးရိုးသာမာန်သာဝတ်ပြီး တက်ရောက်ခဲ့ပါတယ်။ တကယ်တန်း သူ ရိုးရိုးသာမာန်သာဝတ်ဆင်ပြီး ပွဲတက်လာတဲ့အခါမှာ လူတွေက အရမ်းကို အံသြကြပြီး မီဒီယာတွေကလဲ အလုအယက်မေးကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကယ်ဒမီဖိတ်စာဂယက်တွေဖြစ်ခဲ့ပြီးနောက် သူ့အနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရပြီး မျက်ရည်တောင်ကျခဲ့ပါတယ်တဲ့။ အကယ်ဒမီပွဲတက်ဖို့ သူ့အနေနဲ့ အကယ်ဒမီပွဲကို မထော်မနန်းတွေ ဝတ်ပြီး မတက်ပါဘူးလို့ ရုပ်ရှင်အစည်းအရုံးကို ကတိပေးထားတဲ့အတွက် သာမာန်သာဝတ်ဆင်လာခဲ့တာ ဖြစ်တယ်လို့  သိရပါတယ်။

ကျော်ကျော်နန္ဒက တိုင်းရင်းသားဝတ်စုံလေးကို ဝတ်မလာပေမယ့် သူ့ကတိအတိုင်း သိန်း(၅၀၀၀) လက်စွပ်ကိုတော့ ဝတ်လာပါတယ်အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments are closed.