ဝါသနာကိုစွန့်လွှတ်ခဲ့ရပြီး မွေးရပ်မြေမှာပျော်ရွှင်နေတဲ့ ကျော်မင်းဦးရဲ့ Video ဖိုင်လေး

ဝါသနာကိုစွန့်လွှတ်ခဲ့ရပြီး မွေးရပ်မြေမှာပျော်ရွှင်နေတဲ့ ကျော်မင်းဦးရဲ့ Video ဖိုင်လေး

ယူ၂၀ကမ္ဘာဖလားဝင်ခွင့်ရအောင်ကွင်းလယ်ကနေအကောင်းဆုံးခြေစွမ်းတွေနဲ့ တိုက်စစ်ကိုပံ့ပို့ပေးနိုင်တဲ့ ကစားသမားလေးဆိုတာနဲ့ကျော်မင်းဦးကိုပြေးမြင်မိမှာပါ။ယူ၂၀ကမ္ဘာဖလားပြိုင်ပွဲမှာလည်းမလျော့သောလုံလတွေနဲ့အသင်းအတွက်ကြိုးစားခဲ့တဲ့ကစားသမားလေးတစ်ယောက်ဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းမှာလည်းချန်ပီယံဆုဖလားတွေနဲ့ အောင်မြင်မှုတွေသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကျော်မင်းဦးရဲ့ဒူးဒဏ်ရာဟာ ကာလရှည်ကုသထားရတာပဲဖြစ်ပြီး ယင်းဒဏ်ရာကြောင့်ပင် အနားယူရန် ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျော်မင်းဦးဟာ ဘန်ကောက်မြို့တွင် သူ့ရဲ့ဒူးဒဏ်ရာကို ပြီးခဲ့တဲ့နှစ်အတွင်းက ကုသခဲ့ခြင်းဖြစ်ပြီး Police Tero အသင်းတွင် လေ့ကျင့်ခန်းပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

သူအနားယူတာနဲ့ပက်သက်ပြီး ပရိသတ်များကလည်း စိတ်မကောင်းများစွာဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျော်မင်းဦးဟာ လက်ရှိမှာတော့ သူ့မိဘများရှိရာ မွေးရပ်မြေမှာပဲနေထိုင်ပြီး ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လည်ကတုံးလေးနဲ့ သန့်ပြန့်နေတဲ့ ကျော်မင်းဦးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.