ဖွေးဖွေး အကယ်ဒမီ ရတဲ့ ဇာတ်ကားတိုင်းကို တက်တူးထိုးပြီး ဂုဏ်ပြုလိုက်တဲ့ အမာခံပရိသတ်တစ်ဦး

ဖွေးဖွေး အကယ်ဒမီ ရတဲ့ ဇာတ်ကားတိုင်းကို တက်တူးထိုးပြီး ဂုဏ်ပြုလိုက်တဲ့ အမာခံပရိသတ်တစ်ဦး

လက်ရှိ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးသော မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ အကယ်ဒမီဖွေးဖွေးကတော့ သူမရဲ့အနုပညာအပေါ်ထားရှိတဲ့ စိတ်ကြောင့် ချစ်ကြတဲ့ပရိသတ်တွေ ပိုပိုပြီး များလာတာပါ။ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ အခုဆိုရင် သုံးထပ်ကွမ်း အကယ်ဒမီဆုရှင်လေးဖြစ်သွားပြီပဲ ဖြစ်ပါတယ်။ ဖွေးကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း သူမနဲ့အတူ ဝမ်းသာဂုဏ်ယူနေကြရတာဖြစ်ပြီး တစ်ချို့ပရိသတ်တွေဆို ဖွေးဖွေးအကယ်ဒမီရတဲ့ ဇာတ်ကားတိုင်းကို ခုနှစ်တွေနဲ့အတူ အမှတ်တရ တက်တူးထိုးပြီး ဖွေးစိန်လေးကို ဂုဏ်ပြုပေးခဲ့တာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်လေး ဖွေးစိန်ကို ဂုဏ်ပြုခဲ့ကြတဲ့ ဖွေးစိန်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

ဖွေးဖွေးရဲ့ပရိသတ်တစ်ဦးကတော့ ၂၀၁၂ ခုနှစ်ကပထမဦးဆုံးရရှိခဲ့တဲ့ “လက်ပံ” ရုပ်ရှင်ကိုယ်စားပြု လက်ပံပွင့်လေးရယ်၊ ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ “ကျွန်မကနှင်းဆီပါမောင်” ရုပ်ရှင်ကိုယ်စားပြု နှင်းဆီလေးရယ်နဲ့ ဒီနှစ် ၂၀၁၈ခုနှစ်မှာ ရရှိခဲ့တဲ့ “ရွှေကြာ” ရုပ်ရှင်ဇာတ်ကားကိုယ်စားပြု ကြာပန်းလေးရယ်ကို အကုန်ပေါင်းပြီးတော့ လက်မှာ တက်တူးရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။

တစ်ခြားသော ဖွေးဖွေးရဲ့ပရိသတ်တွေကလည်း သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်လေး ဖွေးစိန်လေးကို ဂုဏ်ပြုတဲ့အနေနဲ့ သင်္ယန်းကျွန်းစံပြဆေးရုံကြီးမှာ အလှူလုပ်ခဲ့ကြတာ တွေ့ရပါတယ်။ ဖွေးဖွေးကတော့ တကယ့်ကို ချစ်တတ်လွန်းတဲ့ အမာခံပရိသတ်တွေကို ပိုင်ဆိုင်ထားတာပဲနော်။

ဖွေးဖွေးကတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်ရိုက်နားထားတယ်လို့ သိရပါတယ်။ ဖွေးဖွေးပါဝင်သရုပ်ဆောင်ထားတဲ့ “လှပ်၍လွှင့်သော” ရုပ်ရှင်ကြီးကလည်း ရုံတင်ပြသနေပြီမို့ ပရိသတ်တွေ အားပေးကြည့်ရှုဖို့ မမေ့ကြပါဦးနဲ့နော်။ ချစ်ပရိသတ်တွေလည်း ချစ်တတ်လွန်းတဲ့ အမာခံပရိသတ်တွေကြောင့် ပျော်ခဲ့ရတဲ့ ဖွေးစိန်လေးကိုချစ်ရင် Share သွားကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.