ဓါတ်ဖမ်းရင်း ဗီဒီယိုရိုက်မိသွားလို့ ခွီနေရတဲ့ နေတိုးနဲ့ ဝတ်​မှုန်​​ရွှေရည်တို့ရဲ့ဗီဒီယို

ဓါတ်ဖမ်းရင်း ဗီဒီယိုရိုက်မိသွားလို့ ခွီနေရတဲ့ နေတိုးနဲ့ ဝတ်​မှုန်​​ရွှေရည်တို့ရဲ့ဗီဒီယို

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရရှိထားတဲ့ အနုပညာ မောင်နှမတွေ ဖြစ်ကြတဲ့နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ နှစ်ဦးကတော့ အမြဲလိုလို ရုပ်ရှင်တွေမှာလည်း အတိုင်အဖောက်ညီညီ တွေ့မြင်ရတတ်တဲ့အပြင် အပြင်မှာလည်း ခင်ခင်မင်မင် ရှိကြပါတယ်။ သူတို့နှစ်ဦးကတော့ မနေ့ညကပြုလုပ်ခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ထဲက ဖိုးအောင် ဇာတ်ရုပ်နဲ့ အကယ်ဒမီဆုကြီးကို ဆွတ်ခူးသွားတဲ့ ကျော်ကျော်ဗိုရဲ့ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ အတူဆုံရင် စစနောက်နောက်နဲ့တွေ့ရတတ်တဲ့ ရွှေကစ်လေးနဲ့ နေတိုးတို့ကတော့ အခုလည်း ဓါတ်ဖမ်းရင်း ဗီဒီယိုရိုက်မိသွားတဲ့ အကြောင်းကို အင်စတာဂရမ်မှာ တင်ထားတာပါ။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေကစ်လေး ဘယ်လိုတောင် ပျော်နေလဲမေး…

ဓါတ်ဖမ်းရင်း ဗီဒီယိုဖြစ်သွားလို့ ရယ်နေရတဲ့ နေတိုးနဲ့ ရွှေကစ်လေးတို့ရဲ့ဗီဒီယို

နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ အနုပညာ မောင်နှမတွေကတော့ မကြာခဏ ဆိုသလို ရုပ်ရှင်ဇာတ်ကားကောင်းတွေ အတူ ရိုက်ကူးလေ့ရှိပြီး အကယ်ဒမီ ဆုကြီးတွေကိုလည်း ကိုယ်စီ ဆွတ်ခူးထားနိုင်တဲ့ အနုပညာရှင် နှစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက် ပြုလုပ်ဖြစ်နေတဲ့ သူတို့နှစ်ဦးကတော့ တလောကလည်း “မြက်နု” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အကောင်းဆုံးပုံဖော် ရိုက်ကူးခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေလည်း အမြဲလိုလို ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် တွေ့ရတတ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ နှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.