ဟာသ မြောက်ပေမဲ့ ရယ်ဖို့တောင်အင်အားမရှိတဲ့ သူမတို့မိ သား စု အဖြစ်အပျက်လေးကို ရေးသားလာတဲ့ ပန်ဆယ်လို

ဟာသ မြောက်ပေမဲ့ ရယ်ဖို့အင်အားမရှိတဲ့ သူမတို့မိသားစု အဖြစ်ကို ရေးသားလာတဲ့ ပန်ဆယ်လို

Personal Feeling ပါ။ အရေးကြီးကိစ္စ မဟုတ်လို့ အချိန်မရရင် ကျော်သွားလို့ ရပါတယ်။ကိုယ်ဟာ မြန်မာပြည်မှာတုန်းက မြန်မာစကားမတတ်တဲ့ ကလေးတွေကို မနှစ်သက်ခဲ့ဘူး။ မြန်မာပြည်မှာ နေပြီး မြန်မာစကားမတတ်ရင် အထင်သေးသလို ပြည်ပမှာနေပြီး

မြန်မာစကား မတတ်ရင်တောင် မိဘက သင်ပေးသင့်တာပေါ့လို့ တွေးခဲ့ဖူးတယ်။ ကိုယ့်သမီးလေးဟာ အာဏာသိမ်းချိန်မှာ သုံးနှစ်နဲ့ နှစ်လပဲ ရှိသေးတယ်။ မြန်မာစကားကို ပြောနေပြီဆိုပေမယ့် လည်လည်ပတ်ပတ် မဟုတ်သေးဘူး။ ဖေဖော်ဝါရီလ အိမ်က

ကိုယ်ရှောင်ရပြီး မကြာခင်မှာပဲ သမီးအပါအဝင် တစ်မိသားစုလုံး ရှောင်ရတော့တယ်။ သမီးနဲ့ကိုယ်ဟာ နှစ်ဝက်လောက် လုံးဝခွဲနေလိုက်ရတယ်။ သမီးဟာ ရွယ်တူအဖော်မရှိတဲ့ အခန်းသေးသေးလေးထဲမှာ ပိတ်လှောင်ခံရသလို ဖြစ်ခဲ့တယ်။ အရင်ကိုယ်နဲ့

Advertisement

အတူရှိစဉ်က ဆယ့်ငါးမိနစ်အထက် Tablet, ဖုန်း ပေးမကြည့်တဲ့ အကျင့်ကနေ ကလေးငိုရင် အသံထွက်ရင် အဆင်မပြေတဲ့အနေအ ထားမှာ အလိုလိုက်ရင်း အရင်ထက် Tablet ကြည့်ချိန် အရမ်းများသွားတယ်။လူကြီးတွေက မြန်မာစကားတစ်မျိုးပဲ ပြော

ပေမယ့် သမီးဟာ သူ့ကြည့်နေကျ YouTube Video ထဲက ရွယ်တူကလေးတွေဆီက ဘာသာစကားကို ပိုသင်ယူသွားပုံရတယ်။ သမီးဟာ ဒီနိုင်ငံရောက်လာပြီး ကျောင်းတက်ဖို့ အသက်မပြည့်လို့ အိမ်မှာနေရချိန်မှာတောင် အင်္ဂလိပ်လို ပြောဖို့ ပိုအားသန်နေ

တယ်။ရောက်စ လပိုင်းအတွင်းမှာ ဒီနိုင်ငံအသိုင်းအဝိုင်းနဲ့၊ ဒီက ကလေးတွေနဲ့ မထိတွေ့ရသေးခင်မှာကို အင်္ဂလိပ်လို ပြောနေတာ ကိုယ်စိုးရိမ်စိတ် ဝင်လာတယ်။ သမီးကို မြန်မာစကား ဖိသင်ပေမယ့် ကိုယ်ကလည်း ဒီကိစ္စရပ်တွေနဲ့ သမီးကို တစ်ချိန်လုံး

စကားပြောပေး မနေဖြစ်ဘူး။ သမီးဟာ ကျောင်းတက်တာနဲ့ မိခင်ဘာသာစကား လုံးဝပျောက်သွားမလား ကိုယ်တွေးပူနေမိတော့တယ်။ တစ်ခုခုလာပြောရင် အင်္ဂလိပ်လို့ ဝါကျရှည်တွေပါ ပြောနေတယ်။ မြန်မာလိုမှ မပြောရင် ကိုယ်က ပြန်မပြောဘူး။ မေမေ

Advertisement

နားမလည်ဘူးပဲ ငြင်းလွှတ်ပေမယ့် သူခက်ခဲနေတာ သိတော့ သနားမိပြန်တယ်။ အခုတော့ ဘာသာစကား လုံးဝမပျောက်သွားသေးပေမယ့် နောက်နှစ် ကျောင်းတက်တဲ့အခါ ဒီအခြေအနေကို ကိုယ်တားဆီးနိုင်ပါ့မလား။ မြန်မာလိုပြောဖို့ အရမ်းဖိအားပေးရင်

ရော ကလေး အရမ်းပင်ပန်းမလား။တကယ်ပါ။ ကိုယ်ဝမ်းနည်းမိတယ်။ ကိုယ်ဟာ ပြည်ပမှာ အသက်ရှင်ဖို့ တစ်ခါလေးမှ မတွေးခဲ့ဖူးသူတစ် ယောက်။ ပြည်ပရောက်မြန်မာမိခင်တစ်ယောက်ဘဝဆို ပိုဝေးသေးတယ်။ ယောင်လို့တောင် မတွေးမိသလို ဒီ

အခက်အခဲတွေအတွက် ဘယ်လိုဖြေရှင်းရမလဲ ကိုယ့်အနေနဲ့ အစိမ်းသက်သက်ပါပဲ။မြန်မာပြည်မှာ နေတုန်းက သမီးကို အင်္ဂလိပ်စာ အရမ်းကျွမ်း ကျင်စေချင်ခဲ့တာ။ အခုတော့ သမီးနှုတ်က အင်္ဂလိပ်လိုပြောတာကို ကိုယ်မနှစ်သက်သလို ခံစားနေမိ

တယ်။ ဒါပေမယ့် ကိုယ်တားဆီးသင့်တဲ့ ကိစ္စမဟုတ်သလို တားဆီးဖို့ခက်တာလည်း သိနေတယ်။ နှစ်မျိုးစလုံး ပြောနိုင်ဖို့ ကိုယ်ကြိုးစား ကြည့်ဖို့ပဲ ရှိတော့တယ်။ဒီရောက်လာတော့ ကိုယ့်အတွက် အကြီးဆုံးအခက်အခဲဟာ ဘာသာစကားပါပဲ။ အနည်းငယ်တော့

Advertisement

ပြောနိုင်ပေမယ့် များများစားစားပြောရမယ့်အရာတွေကို ကိုယ်စိတ်ညစ်ရတယ်။ နိုင်ငံပေါင်းစုံက လေယူလေသိမ်းပေါင်းစုံကို ဖမ်းမိဖို့လည်း အတော်ကြိုးစားရတယ်။ မြန်မာလို လက်လက်ထ ဂျင်ဂျင်လည် ဒိုးဒိုးဒေါက်ဒေါက် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်

ရေးနိုင်တဲ့ ကိုယ်ဟာ ဒီမှာ သိပေမယ့် အများကြီးမပြောနိုင်လို့ နှုတ်ဆွံ့သလို နေနေရတာတွေကို အမုန်းတီးဆုံးပါပဲ။အကယ်၍ တစ်နေ့ ကိုယ်မြန်မာပြည်ပြန်တဲ့အချိန်ကျ ကိုယ့်သမီးဟာ အခု ကိုယ်ရင်ဆိုင်နေရတဲ့အခက်အခဲကို ရင်ဆိုင်ရတော့မယ်ဆိုတာ

တွေးနေမိတယ်။ တော်လှန်ရေးဟာ ဒီနေ့မနက်ဖြန် အောင်ပြီဆိုရင်တောင် ကိုယ်တို့လို ဒီဘက်ရောက်သွားသူတွေဟာ နိုင်ငံအစိုးရက Stable ဖြစ်ပြီ၊ ပြန်လာလို့ရပြီဆိုပြီး တရားဝင်ပြန်မခေါ်မချင်း ပြန်လို့မရပါဘူး။ ဒီကြားကာလဟာ အချိန်ကြာသွားလေ ကိုယ့်

ရဲ့ ပြည်တော်ပြန်အိပ်မက်က ဝေးလေပဲ ဖြစ်လာတော့မှာ။ လွတ်မြောက်သွားပေမယ့် ပြည်တွင်းက အားလုံးနည်းတူ လမ်းပျောက်နေဆဲပါပဲ။ ဒီနိုင်ငံကို အရင်ရောက်နေတဲ့လူတိုင်းက အစမှာ နှစ်နှစ်လောက် ဒီလိုပဲလို့ အားပေးကြပါတယ်။ ပြည်ပမှာ ရှင်သန်

Advertisement

နေထိုင်ခဲ့ဖို့ ရွေးချယ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လာခဲ့ကြသူတွေတောင် ဒီရောက်ရင် ပြန်ပြေးချင်တယ်ချည်း ပြောကြတာ။ ကိုယ်ကတော့ အခြားဂြိုလ်တစ်ခုပေါ် ပစ်ချခံလိုက်ရသလို ခံစားမိနေဆဲပဲ။ ဒီကနေ ညည်းပြသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ နိစ္စဒူ

ဝ ရင်ဆိုင်နေရတဲ့ မတူညီမှုတွေ အများကြီးကြားမှာ တိုင်တည်ရင်ဖွင့်ချင်မိတဲ့ သဘောပါပဲ။ ဒီအရာတွေကို ရင်ဆိုင်ဖြတ်သန်းဖို့ ရင့်ကျက်ဖို့ ကြိုးစားရုံအပြင် အခြားမရှိပါဘူး။သမီးက သူစိတ်ကောက်ရင် စိတ်ဆိုးလာပြီ၊ ရန်ကုန် ပြန်လိုက်တော့မယ်လို့ ပြောတယ်။

ပြန်လေ ဘာနဲ့ ပြန်မလဲဆိုတော့ လမ်းလျှောက်ပြန်မှာတဲ့။ လာလေ အတူလျှောက်ကြမယ် ပြောရင်း မျက်ရည်ဝဲရင်း ရယ်မိတယ်။ အချို့လမ်းတွေဟာ လျှောက်တိုင်းမှ မရောက်နိုင်တာ သမီးတစ်နေ့ကျ နားလည်လာပါလိမ့်မယ်လေ။ သမီးကို အတင်းဖက်ရင်

သူက Stop it, Stop it လို့ အော်တယ်။ မြန်မာလိုပြောမှ လွှတ်မယ်ဆိုတော့ မလုပ်ပါနဲ့လို့ မပြောဘဲ လုပ်ကြပါဦးရှင်တဲ့။ ဟာသမြောက်ပေမယ့် ရယ်ဖို့ အင်အားမရှိဘူး။ ဒါတွေဟာ ကိုယ်လွန်မြောက်အောင် ဖြတ်သန်းရမယ့်

Advertisement

အရာတွေပါပဲ။ ကြေကွဲမိပေမယ့် နောင်တတော့ တစ်စက်လေးမှ မရှိပါကွယ်။ ကိုယ်ဟာ သာမန်ထက် ခက်မာစူးရှရမယ့် ဘဝကို ရွေးချယ်ခဲ့ပြီးပြီပဲ။ 🙃

Source: ပန်ဆယ်လို

Be the first to comment

Leave a Reply

Your email address will not be published.


*