သင့်ရဲ့ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အလေ့အကျင့် ( ၁၀ ) ခု

သင့်ရဲ့ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အလေ့အကျင့် ( ၁၀ ) ခု

ကျောက်ကပ်က ကျွန်တော်တို့ခန္ဓာကိုယ် ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမှာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ကျောက်ကပ်က သင့်ရဲ့သွေးထဲမှာ ပါရှိတဲ့ မရှိမဖြစ် သတ္တုဓါတ် level ကို ထိန်းချုပ်ဖို့ ကူညီပေးပါတယ်။ ပိုလျှံနေတဲ့ ရေတွေကို ဖယ်ရှားပေးပြီး ကိုယ်တွင်းအင်္ဂါကို အဆိပ်အတောက်ကင်းစေပါတယ်။ သွေးဖိအားကို ထိန်းညှိပေးပြီး သွေးနီဆဲလ်တွေကို ထုတ်လုပ်ဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် မကောင်းတဲ့အလေ့အထအချို့ကို ရှောင်ရှားခြင်းဖြင့် ၊ကောင်းတဲ့အလေ့အထများကို အစားထိုးခြင်းဖြင့် ကျောက်ကပ်ရောဂါ ရရှိခြင်း အန္တရာယ်ကို လျှော့ချဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ကျောက်ကပ်တွေကို ဆိုးဝါးစွာ ထိခိုက်စေနိုင်တဲ့ အဖြစ်အများဆုံး အလေ့အထ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆီးအောင့်ထားတာ

ဆီးအိမ်ထဲက ဆီးကိုမရှင်းပစ်ခြင်းဟာ ကျောက်ကပ်ပြဿနာများရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ မကြာခဏ ဆီးအောင့်ထားရင် ဆီးကအချိန်ကြာလာတဲ့အခါ သင့်ဆီးအိမ်ထဲမှာ ကျန်နေပြီး ဘက်တီးရီးယားတွေ ပိုမိုမြန်ဆန်စွာ စတင်ပွားများလာပါတယ်။ နောက်ဆုံးမှာ ဒါက ဆီးမထိန်းနိုင်မှုနှင့် ကျောက်ကပ်ပိုးဝင်မှုကဲ့သို့သော ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ တာရှည်ထိုင်ခြင်း

ပုံမှန်ကိုယ်လက်လှုပ်ရှားမှုက ကျောက်ကပ်ကျန်းမာရေးထိန်းသိမ်းခြင်းမှာ အရေးပါတဲ့အချက်နှစ်ခုဖြစ်တဲ့ ပုံမှန်ဂလူးကိုစ့်ဇီဝကမ္မဖြစ်စဉ်နှင့် သွေးပေါင်ချိန်တိုးခြင်းတို့နှင့်အတူ ဆက်စပ်နေပါတယ်။ ရွေ့လျားခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ ထိုင်ခြင်းက ကျောက်ကပ်ရောဂါအန္တရာယ်ကို ၃၀% တိုးစေပါလိမ့်မယ်။
အလုပ်က ကုလားထိုင်ပေါ်မှာ တစ်နေ့ကို ၈နာရီထက်ပိုပြီး အချိန်ကုန်ရင် တစ်ပတ်ကို အနည်းဆုံး ၂ကြိမ်-၃ကြိမ်လောက် အိမ်မှာ လေ့ကျင့်ခန်းလုပ်တဲ့ တတ်ကြွတဲ့ လူနေမှုပုံစံကို ဦးတည်ဖို့ ကြိုးစားပါ။ အိမ်အနီးနားတစ်ဝိုက်မှာ လမ်းလျှောက်ဖို့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့။

၃။ အလွန်အကျွံလေ့ကျင့်ခြင်း

လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် အချိန်ကြာကြာလုပ်ခြင်းက ကြွက်သားတွေကို ဒဏ်ရာရတဲ့အခါ အခြေအနေတစ်ခုဖြစ်တဲ့ rhabdomyolysis (ကြွက်သားထိခိုက်ပျက်စီးခြင်း) ကိုဖြစ်ပွားနိုင်ပါတယ်။ ဒါက ကျောက်ကပ်ပျက်စီးခြင်းအပါအဝင် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သင့်ရဲ့လေ့ကျင့်ခန်းကို သိသိသာသာတိုးမြှင့်ခဲ့ပြီး ကြွက်သားနာကျင်ခြင်းနှင့် ဆီးအရောင်ရင့်နေလျှင် တတ်နိုင်သမျှ အမြန်ဆုံးဆရာဝန်နှင့် ပြသသင့်ပါတယ်။

၎။ အကိုက်အခဲပျောက်ဆေး အလွန်သုံးခြင်း

အက်စပရင် ဒါမှမဟုတ် ibuprofen ကဲ့သို့ anti-inflammatory ဆေးဝါးတွေဟာ အတော်အသင့် ဘေးကင်းလုံခြုံသော်လည်း သူတို့ကို ပုံမှန် စွဲသုံးရင် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး အလွန်အသုံးပြုခြင်းက အထူးသဖြင့် သင့်မှာ ကျောက်ကပ်ရောဂါအခံရှိလျှင် သူတို့ရဲ့လုပ်ငန်းဆောင်တာကို ပိုဆိုးစေပြီး ကျောက်ကပ်ကို သွေးစီးဆင်းမှု လျော့နည်းစေတာတွေ ဖြစ်လာပါလိမ့်မယ်။
ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရလျှင်တောင် အကိုက်အခဲပျောက်ဆေးတွေကို အချိန်ကြာကြာ စွဲမသောက်သင့်ဘူးဆိုတာ သတိရပါ။

၅။ ရေအလုံအလောက်မသောက်ခြင်း

ရေဓါတ်ကို ဖြည့်တင်းခြင်းက ခန္ဓာကိုယ်ကနေ အဆိပ်အတောက်နဲ့ ဆိုဒီယမ်ကို ဖယ်ရှားဖို့ ဆီးထုတ်လုပ်တဲ့ သင့်ရဲ့ကျောက်ကပ်ကို ကူညီပေးပါတယ်။ ရေအလုံအလောက် ပုံမှန် မသောက်ရင် ကျောက်ကပ်ကျောက်တည်ခြင်းအပါအဝင် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
တစ်နေ့ကို ရေ1.5-2လီတာသောက်သုံးခြင်းက ကျောက်ကပ်ကျန်းမာရေးအတွက် ထိန်းသိမ်းဖို့ လုံလောက်ပါတယ်။ တခြားအချိုရည်တွေက အလုပ်မဖြစ်ဘူးဆိုတာ မမေ့ပါနဲ့။
သင့်ရဲ့ဆီးက အဝါရောင်ဖျော့ဖျော့ ဖြစ်သင့်ပြီး အရောင်ရင်ရင့်ဖြစ်နေပြီဆိုရင် ကျောက်ကပ်ပျက်စီးမှုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

၆။ အိပ်ရေးမဝခြင်း

ညဘက်ကောင်းကောင်းအနားယူခြင်းက သင့်ရဲ့ကျန်းမာရေးအလုံးစုံအတွက် ကောင်းကျိုးရရှိယုံသာမဟုတ်ဘဲ သင့်ကျောက်ကပ်ကျန်းမာရေးအတွက်လည်း ကောင်းကျိုးရရှိစေပါတယ်။ အိပ်စက်ခြင်းနှင့် နိုးခြင်းသံသရာနှင့် ကျောက်ကပ်အလုပ်လုပ်တဲ့ ကိုသြဒိနိတ်နှင့် ဒီအင်္ဂါရဲ့တစ်ရှူးတွေဟာ အိပ်စက်နေတဲ့အခါမှသာ ပြန်လည်သက်တမ်းတိုးပါတယ်။ အိပ်စက်မှု မလုံလောက်ရင် ဒီဖြစ်စဉ်တွေကို အနှောက်အယှက်ဖြစ်စေပြီး ကျောက်ကပ်ပျက်စီးမှု အန္တရာယ်ကို တိုးစေပါတယ်။
မလျော်ကန်တဲ့ အိပ်စက်မှုက သွေးလွှတ်ကြော ပိတ်ဆို့ခြင်းနှင့် တင်းမာခြင်း သို့မဟုတ် သွေးကြောကျဉ်းခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီအခြေအနေက သင့်ရဲ့ကျောက်ကပ်ကို ဝန်ပိုဖြစ်စေနိုင်တာကြောင့် သွေးတိုးမှုကို ဦးတည်နိုင်ပါတယ်။

၇။ ဆိုဒါအစားအသောက် သောက်သုံးခြင်း

ကျန်းမာရေးကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုဒါအစားအသောက် စားသုံးမှုနှင့် ကျောက်ကပ်ပြဿနာများအကြားမှာ ချိတ်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ 2009 ခုနှစ်လေ့လာမှုတစ်ခုမှာ နေ့တိုင်း ဆိုဒါ 2ဘူး သို့မဟုတ် ပိုပြီးသောက်သုံးသူအမျိုးသမီး 3000ကျော်ဟာ ကျောက်ကပ် function မှာ သိသိသာသာ ကျဆင်းလာကြောင်း ပြသခဲ့ပါတယ်။

၈။ အသားအများကြီး စားသုံးခြင်း

တိရိစ္ဆာန်ပရိုတိန်းကို အလွန်အကျွံစားသုံးမှုက သင့်ရဲ့ကျောက်ကပ်က သင့်ခန္ဓာကိုယ်ရဲ့ PH ညီမျှမှုကို မထိန်းသိမ်းနိုင်တော့တဲ့အခါ acidosis(အက်ဆစ်ဓါတ်များခြင်း) အခြေအနေတစ်ခုကို ဖြစ်ပေါ်စေနိုင်တဲ့ သင့်သွေးထဲမှာ အက်ဆစ်အများအပြားကို ဖန်တီးပေးပါတယ်။ ဒီရောဂါက အစာခြေကိစ္စများကို ဆိုးဆိုးရွားရွားဖြစ်စေပြီး နာတာရှည်ကျောက်ကပ်ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ နေ့စဉ်ပရိုတိန်းစားသုံးမှုကို ခန္ဓာကိုယ်အလေးချိန်ရဲ့ တစ်ကီလိုဂရမ်မှာ 1-1.6 grams ခန့်သာ စားသုံးဖို့ အကြံပြုပါတယ်။ အသားကို အလွန်အကျွံစားခြင်းမယ့်အစား သင့်ရဲ့အစားအသောက်ထဲမှာ ကြက်ဥ၊ ငါး၊ ပဲနှင့် အခွံမာသီးကဲ့သို့ မတူညီတဲ့ ပရိုတိန်း အမျိုးအစားများ အပါအဝင် အသီးအနှံ့နှင့် ဟင်းသီးဟင်းရွက်တွေကို ပိုပြီးစားသုံးဖို့ ကြိုးစားပါ။

၉။ ဆားနဲ့ သကြား အလွန်အကျွံ စားသုံးခြင်း

အငန်တွေ အရမ်းစားလွန်းလျှင် သင့်ရဲ့ကိုယ်တွင်းအင်္ဂါဟာ ဆိုဒီယမ်ပိုလျှံမှုကို ဖယ်ရှားဖို့ ပိုပြီးခက်ခဲစွာ အလုပ်လုပ်ရပါတယ်။နောက်ဆုံးမှာ ဒါက သင့်ကျောက်ကပ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ကျစေပြီး ခန္ဓာကိုယ်ထဲမှာ ( retention of water) ရေဖောခြင်းကို ဦးတည်သွားစေနိုင်ပါတယ်။ သကြားအလွန်အကျွံစားသုံးမှုကလည်း အဝလွန်ခြင်းနှင့် ဆီးချိုရောဂါကို တိုးပွားစေပြီး သွေးတိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေက ကျောက်ကပ်ပျက်စီးမှုကို ဦးတည်နေတဲ့ အကြောင်းရင်းတွေပါပဲ။
သကြား စားသုံးမှုက 25.38 ဂရမ်(လက်ဖက်စားဇွန်6း-9)ခန့်သာ ဖြစ်သင့်ပြီး ဆား စားသုံးမှုကို တစ်နေ့လျှင် 3.75ဂရမ်(လက်ဖက်စားဇွန်း 0.75) ခန့်သာ စားသုံးဖို့ အကြံပြုပါတယ်။ ကျောက်ကပ်ကျန်းမာရေးကို ထိန်သိမ်းဖို့ ပါကင်အစားအစာတွေကို ဈေးဆိုင်မှာ ဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို ဂရုစိုက်ပါ။

၁၀။ အဖြစ်များတဲ့ ကူးစက်မှုတွေကို လျစ်လျူရှုထားခြင်း

ချောင်းဆိုးခြင်း၊ အအေးမိ၊ တုပ်ကွေး ဒါမှမဟုတ် အာသီးရောင်ခြင်းကဲ့သို့ အဖြစ်များတဲ့ ဖျားနာမှုတွေရှိတဲ့အခါ သင့်ခန္ဓာကိုယ်က ရောဂါခုခံဖို့ antibodiesလို့ခေါ်တဲ့ ပရိုတိန်းတွေကို ပြုလုပ်ပေးပါတယ်။ဒီမော်လီကျူးများက အများအားဖြင့် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေပြီး သင့်ကျောက်ကပ်စစ်ထုတ်တဲ့အပိုင်းမှာ အခြေချပါတယ်။ ဖျားနာမှုက အချိန်ကြာလာလျှင် သင့်ကျောက်ကပ်တွေဟာ ဆိုးရွားစွာ ပျက်စီးနိုင်ပါတယ်။သင့်ကျောက်ကပ်တွေကို ကာကွယ်ဖို့ ဘက်တီးရီးယားကူးစက်မှုကို စနစ်တကျ ကုသပါ။ အလုပ်တွေကို ခဏနားပါ။ အိပ်ရေးဝဝအိပ်ပါ၊ လိုအပ်လျှင် ပဋိဇီဝဆေးသုံးပါ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.