ကိုယ်ခန္ဓာကျန်းမာဖို့ ပြုလုပ်သင့်သည့် ဆားရေစိမ်နည်း

ကိုယ်ခန္ဓာကျန်းမာဖို့ ပြုလုပ်သင့်သည့် ဆားရေစိမ်နည်း

ကိုယ်ခန္ဓာကျန်းမာဖို့ ပြုလုပ်သင့်သည့် ဆားရေစိမ်နည်း

အမျိုးမျိုး
ဆားရေစိမ်ခြင်းဆိုသည်မှာ တင်ပါးနှင့်ပေါင်များကို ရေနွေးနွေးတွင် စိမ်ခြင်းဖြစ်ပြီး ကိုယ်ခန္ဓာအောက်ပိုင်းရှိ ညောင်းညာခြင်း၊ကိုက်ခဲခြင်း၊မအီမသာဖြစ်ခြင်းတို့ကို သက်သာစေသော နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးမရှိပဲ အိမ်မှာအလွယ်တကူပြုလုပ်နိုင်တဲ့နည်းဖြစ်လို့ ဆရာဝန်များကိုယ်တိုင် ညွန်ကြားလေ့ရှိပါတယ်။

(၁)မူလလက်ဟောင်း ဆားရည်စိမ်ခြင်း
ဆားသည် သဘာဝပိုးသတ်အာနိသင်ရှိတဲ့အပြင် အနာများကို ကျက်စေသောအစွမ်းရှိပါတယ်။ဆားရည်စိမ်ခြင်းကို ဖန်ရည်စိမ်ခြင်းလို့လည်းခေါ်ကြပြီး လိပ်ခေါင်းရောဂါရှိသူတို့အတွက်လည်း အလွန်အသုံးဝင်သောနည်းဖြစ်ပါတယ်။ သင်ခံနိုင်သလောက် အပူရှိသည့် ရေနွေးတစ်ဇလုံစာတွင် ဆားကို ခွက်တစ်ခုရဲ့ လေးပုံတစ်ပုံပမာဏခန့်ထည့်ပါ။ထိုဇလုံထဲတွင် နာရီဝက်ခန့်ထိုင်ပေးဖို့လိုပါတယ်။အနည်းဆုံး၁၅မိနစ်ကြာ ထိုင်မှသာ နာကျင်ကိုက်ခဲခြင်းများ ပြေလျော့မှာ ဖြစ်ပါတယ်။

(၂)မုန့်ဖုတ်ဆိုဒါ
ပိုးသတ်အာနိသင်ပါတာမို့ အနာများကျက်အောင် အသုံးပြုနိုင်ပါတယ်။ရေနွေးဇလုံထဲသို့ မုန့်ဖုတ်ဆိုဒါ ၅ဇွန်းထည့်ပါ။ဆိုဒါပျော်သည်အထိ မွှေပေးပါ။ထိုဇလုံထဲသို့ ရေများအေးလာသည်အထိ ဆားရည်ထိုင်ပေးပါ

  • (၃)ပန်းပေါင်းစုံ ဆားရည်စိမ်ခြင်း
  • ပန်းပေါင်းစုံအဆီအနှစ်များကြောင့် စိတ်ကောကိုယ်ပါ အပန်းပြေစေတဲ့အပြင် အနာများကိုလည်း လျင်မြန်စွာကျက်စေမှာပါ။
  • -ဆားခါး ခွက်တစ်ဝက်စာ
  • -မုန့်ဖုတ်ဆိုဒါ ၂ဇွန်း
  • -သံလွင်ဆီ ၁ဇွန်း
  • -လာဗင်ဒါဆီ ၈စက်
  • -ချာမိုမိုင်းဆီ ၈စက်
  • ပါဝင်သောအရာများကို ရေတွင်ပျော်ဝင်သည်အထိမွေပေးပါ။ထို့နောက် မိနစ်၂၀ခန့် ဆားရေစိမ်နိုင်ပါပြီ

(၄)ပန်းသီးရှာလကာရည် ဆားရည်စိမ်ခြင်း
အနာများကို လျင်မြန်စွာကျက်စေတဲ့အစွမ်းရှိပါတယ်။ ပန်းသီးရှာလကာရည် ခွက်တစ်ဝက်ခန့်ကို ရေနွေးဇလုံတွင်ထည့်ပါ။ထို့နောက် မိနစ်၂၀ခန့်စိမ်ပေးပါ။
ဆားရည်စိမ်သောအချိန်တွင် စာအုပ်ဖတ်ခြင်း သို့မဟုတ် သီချင်းနားထောင်ခြင်းပြုလုပ်ခြင်းဖြင့် စိတ်နဲ့ခန္ဓာကို အပန်းပြေစေနိုင်မှာ ဖြစ်ပါတယ်။
Dr Poe Thar Khin

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.