နှာတစ်ဖျားနဲ့ အသာရသွားတဲ့သူတွေကသာ အကယ်ဒမီရသွားခဲ့တယ်လို့ပြောလာတဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဇင်ဝိုင်း (ဗီဒီယို)

နှာတစ်ဖျားနဲ့ အသာရသွားတဲ့သူတွေကသာ အကယ်ဒမီရသွားခဲ့တယ်လို့ပြောလာတဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဇင်ဝိုင်း (ဗီဒီယို)

မတ်လ ၂၃ ရက်နေ့မှာဆိုရင်တော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆုပေးပွဲမှာမှာ ပရိတ်သတ်အကြိုက်နဲ့ တော်တော်လွဲခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆုတွေကြောင့် ဆူညံသံတွေ၊ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့ရပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ပတ်သတ်ပြီး မြန်မာရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ ယခုလိုပဲ မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ ဘာတွေပြောခဲ့သလဲဆိုတာကိုတော့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေပြောနေကြတဲ့ အပေါ် ဥက္ကဋ္ဌ ဇင်ဝိုင်းမှ ယခုလိုပဲပြောပြလာခဲ့ပါတယ်။

ပရိတ်သတ် က မျိုးစုံရှိပါတယ် ခင်ဗျ။ ပရိတ်သတ်တစ်ဦး နဲ့တစ်ဦး အကြိုက်ချင်းတူကြမှာမဟုတ်ပါဘူး။ အကယ်ဒမီပေးပွဲပြီးတိုင်း အမြဲတမ်း ညံနေတယ်ဆိုတာက နှစ်စဉ်နှစ်တိုင်း အကယ်ဒမီပေးခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာရှိခဲ့တဲ့ ပြဿနာပါ။ ကျွန်တော့်ထက် ပိုပြည့်စုံစွာနဲ့ ဆရာဦးကြည်စိုးထွန်း စင်မြင့်ပေါ်မှာပြောပြီးသွားပြီပဲဖြစ်ပါတယ်။ လူပေါင်း ၄၅ဦးနဲ့ တစ်ဦးနဲ့ တစ်ဦး ညှိနှိုင်းလို့မရအောင် ကျွန်တော်တို့ စီစဉ်ထားတာရှိပါတယ်။ ဒီ ၄၅ဦးဟာ သူတို့ရဲ့ ဆန္ဒအလျောက် ပေးကြတာတွေဖြစ်ပါတယ်။ ဒီဆန္ဒများကို စုစည်းပြီင်္းတော့မှ အားလုံးအမှတ်ပေါင်းပြီးပေးသွားခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့က အဆင့်ဆင့်ကြည့်သွားခဲ့တာပဲဖြစ်ပါတယ်။ အကယ်ဒမီနဲ့ လွဲချော်သွားတာတွေကလည်း မတော်ဘူးလို့မဆိုလိုပါဘူး။ ခုနက ဦးကြည်စိုးထွန်းပြောသွားပြီးပါပြီ။ စည်းမျဉ်းစည်းကမ်းနဲ့ ကြည့်ပြီးတဲ့အချိန်မှာ နှစတစ်ဖြား အသာရသွားတဲ့ သူများသာလျှင် ဒီနှစ်အကယ်ဒမီရသွားခဲ့တာပဲဖြစ်ပါတယ်။ ကျန်တဲ့လူငယ်တွေကလည်း အလွန်ထူးချွန်ကြတယ်ဆိုတာကို ဆရာဦးကြည်စိုးထွန်းကပြည့်ပြည့်စုံစုံပြောပြီးဖြစ်ပါတယ်။

အထူးဆုမပေးဖြစ်တဲ့အပေါ်

အထူးဆုပေးဖို့ အတွက်ကို အများရဲ့ ဆန္ဒအရ ဒီနှစ်အတွက် အထူးဆုပေးလောက်အောင် မရှိဘူးလို့ယူဆတဲ့အတွက်ဖြစ်ပါတယ်။ အများရဲ့ ဆန္ဒအရ အထူးဆုကို ဒီနှစ်မှပေးဖို့ ကို စတင်လုပ်ဖို့ကို သတ်မှတ်နေတာပါ။ အထူးဆု (၅)ဆုထဲက ထူးချွန်တဲ့ဆုတစ်ဆုကို အားလုံးရဲ့ ဆန္ဒအရ တစ်ဆုပေးမယ်ဆိုပြီး စတင်ပြီးကျွန်တော်သတ်မှတ်ထားတာပါ။ ၅ဆုလုံးကိုတစ်ပြိုင်တည်းပေးဖို့ပြောတာမဟုတ်ပါဘူး။ သို့သော် အထူးဆုပေးဖို့အတွက်ကို စံချိန်စံနှုန်းနဲ့ ပြန်ကြည့်တဲ့အခါမှာ တော်တော်ကိုကြိုက်တဲ့ ကားတွေရှိတယ်လို့ ဆရာဦးကြည်စိုးထွန်းက ပြောပါတယ်။ သို့သော် အများရဲ့ဆန္ဒနဲ့ကြည့်တဲ့အခါမှာ စံချိန်စံညွှန်းအရ လိုအပ်သေးတယ်လို့သတ်မှတ်လို့ပေးမယ့်သူမရှိသေးပါဘူး။

ဆုစာရင်းတွေပေါက်ကြားခဲ့တဲ့အကြောင်းကိုလည်းပြောပြသွားခဲ့ပါသေးတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.