အကယ်ဒမီပွဲ တက်ဖို့ ပြင်ဆင်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေလိုက်တဲ့ ဝတ်မှုံရွှေရည်

အကယ်ဒမီပွဲ တက်ဖို့ ပြင်ဆင်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေလိုက်တဲ့ ဝတ်မှုံရွှေရည်

မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ချစ်စရာကောင်းပြီး ကိုရီးယားမလေးတွေလို ဖြူဖြူသွယ်သွယ်လေးမို့ ပရိသတ်တွေ ချစ်ခင်အားပေးကြရတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လူလေးလှသလို သူမနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေကိုလဲ ဝတ်ဆင်အသုံးပြုတတ်တာမို့ ပရိသတ်တွေက ဖက်ရှင်ကွင်းတစ်ယောက်လို့ တင်စားခံထားရတဲ့ မင်းသမီးလေးတစ်ဦးလို့ ဆိုရင်လဲ မမှားပါဘူး။ ဝတ်မှုံရွှေရည်က မတ်လ(၂၃)ရက်နေ့က ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပွဲကြီးကို တက်ရောက်တဲ့ သိန်းတစ်သောင်းခွဲတန် လိမ္မော်ရောင်ဝတ်စုံလေးကလဲ ပရိသတ်တွေကြား ပြောစမှတ်တွင်နေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ ကြိုက်နှစ်သက်နေကြတဲ့ ဝတ်မှုံရွှေရည်ရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်နဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုကို ဘယ်လိုတွေ ပြုလုပ်ခဲ့လဲဆိုတာ အတူတူကြည့်ကြမယ်နော်။

အကယ်ဒမီပွဲအတွက် ပြင်ဆင်ခဲ့ပုံများ

ဝတ်မှုံရွှေရည်ရဲ့ ဝတ်စုံကို ဒီဇိုင်နာ မင်းသက်စံက ရွှေ(2)ပိဿာကျော်၊ စိန်အပွင့်ရေ(2000)ကျော်နဲ့ ဆန်းပြားစွာ ဖန်တီးပေးထားတာဖြစ်ပြီး မြန်မာငွေ ကျပ်သိန်းပောင်း တစ်သောင်းခွဲ အဖိုးရှိတယ်လို့လဲ သိရပါတယ်။ ဒါ့အပြင် အကယ်ဒမီပွဲမှာ ဝတ်မှုံရွှေရည်ကိုင်ဆောင်တဲ့ လက်ကိုင်အိတ်လေးကလဲ ဝတ်မှုံရွှေရည်တစ်ယောက်တည်းအတွက် သီးသန့် ဒီဇိုင်းထုတ်ပေးထားတယ်လို့ သိရပါတယ်။

ဝတ်စုံလေးကလဲလှ မိတ်ကပ်အပြင်အဆင်လေးကလဲ အရမ်းကို လှလွန်းလို့ ဝတ်မှုံရွှေရည်က အကယ်ဒမီပွဲမှာ အထင်ပေါ်ဆုံးဖြစ်ခဲ့ရတာ ပရိသတ်ကြီး အတွေ့ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကို ချစ်ကြတဲ့ ပရိသတ်တွေ ဒီပိုစ့်လေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.