နေရွှေသွေးအောင်ပြောပြတဲ့ ရွှေမှုံကိုအရမ်းချစ်တဲ့ ရွှေထူးရဲ့အကြောင်း

နေရွှေသွေးအောင်ပြောပြတဲ့ ရွှေမှုံကိုအရမ်းချစ်တဲ့ ရွှေထူးရဲ့အကြောင်း

Cover song တွေကို အမိုက်စားသီဆိုပြီးတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော် နေရွှေသွေးအောင်ကတော့ သူကြိုက်နှစ်သက်ရတဲ့ အဆိုတော်ကြီး Enrique Iglesias ရဲ့သီချင်းတွေကို အမိုက်စားပြန်လည်သီဆိုလေ့ရှိသူတစ်ဦးပါ။ လတ်တလောမှာတော့ နေရွှေသွေးအောင်က ပရိသတ်တွေသိချင်နေကြတဲ့ မေးခွန်းတွေကို စိတ်ရှည်ရှည်နဲ့ ဖြေဆိုပေးထားတဲ့အပြင် သူအကောင်းဆုံးရိုက်ကူးထားတဲ့ သီချင်း MV တွေရဲ့နောက်ကွယ်က ဖန်တီးမှုတွေကိုလည်း ပြသထားတဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှထားတာ တွေ့ရပါတယ်။ အသေးစိတ်ကအစ ဂရုတစိုက်နဲ့ သေသေချာချာကို ပြင်ဆင်ပြီးရိုက်ကူးထားတဲ့ နေရွှေသွေးအောင်ရဲ့သီချင်း MV တွေက နိုင်ငံတကာက အနုပညာပုံရိပ်တွေ ဆန်လွန်းတာမို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားခြင်းဖြစ်ပါတယ်။

အမေးအဖြေ PART 1 ပြီးဆုံးသွားချိန်မှာတော့ Part 2 ဆက်ခဲ့ပါတယ် ။အဆိုပါ part2 မှာ ရွှေမှုံရတီတဲ့ Hero MV ရိုက်ကူးရေးနောက်ကွယ်က အကြောင်းအရာတွေနဲ့ အဖြစ်အပျက်တွေကိုလည်းပြောပြထားခဲ့ပါသေးတယ်။

မေး – hero MTV လေးမှာ ပရိတ်သတ်တစ်ချို့က သရုပ်ဆောင်မှုနဲ့ပတ်သတ်ပြီးတော့ ဝေဖန်ကြတဲ့ အပေါ် ဘယ်လိုထင်ပါသလဲ။

သူတို့ ဝေဖန်မှုတွေက များသောအားဖြင့်မှန်ပါတယ်။ ကျွန်တော့်ရဲ့သီချင်းလေးကို သေချာလေးကြည့်ပေးတဲ့အတွက် လည်းကျေးဇူး အများကြီးတင်ပါတယ်။

မေး – ရွှေမှုန်နဲ့ MV ရိုက်တဲ့အချိန်မှာ ရွှေထူးက ဘာပြောလဲ။

ရွှေထူးက တော်တော်လေးကိုအေးအေးဆေးဆေးနေတတ်တဲ့သူပါ။ ကျွန်တော်တို့ရိုက်ကွင်းကိုလည်း တတ်နိုင်သလောက် သူ မလာပါဘူး။ ကျွန်တော့်အမြင်ကတော့ ရွှေထူးက ရွှေမှုံအတွက် အရမ်းကောင်းတဲ့အိမ်ထောက်ဖက်လို့ မြင်ပါတယ်။ သူ တောက်လျှောက်ရွှေမှုံနားမှာနေတယ်။ ရွှေမှုံကို အလုပ်သေချာလုပ်ဖို့တွန်းအားပေးတယ်။ ညဖက်မိုးရေထဲမှာ ရိုက်တဲ့အချိန်မှာလည်း သူပဲ ဘေးနားမှာနေပြီး နွေးနွေးထွေးထွေးဖြစ်အောင် အားပေးစကားတွေပြောတယ်။ သူက ရွှေမှုံကို အရမ်းကိုပြုစုပြီး ဂရုစိုက်တာပါ။ ကျွန်တော့်အမြင်ကိုပြောရမယ်ဆိုရင် ရွှေထူးက ရွှေမှုံအတွက် အရမ်းကောင်းတဲ့ အိမ်ထောင်ဖက် ရွှေထူးက ဆက်ဆံရေးကောင်းပြီး နားလည်မှုရှိတဲ့သူတစ်ယောက်ပါ။

မေး – ရွှေမှုန်နဲ့ mv ရိုက်ခဲ့စဉ်က အမှတ်တရအဖြစ်အပျက်လေးပြောပြပါအုံး။

ရွှေမှုန်က ကျွန်တော် ရိုက်ကူးခဲ့သမျှမင်းသမီးတွေထဲမှာတော့ သူနဲ့ညှိနှိုင်းရတာအများဆုံးပဲ။ ကျန်တဲ့မင်းသမီးတွေကတော့ နည်းနည်းပိုပြီး flexible ဖြစ်တယ်။

ရွှေမှုန်ကလည်း နေရွှေသွေးအောင်အပေါ် ယခုလိုပဲ ပြောပြခဲ့ပါသေးတယ်။ ” သူက အလုပ်ကြိုးစားတယ်။ ရိုက်ကွင်းပေါ်မှာ တော်တော် အာရုံစူးစိုက်မှုရှိတယ်။” လို့ဆိုပါတယ်။ နောက်တော့ ရိုက်ကူးရေး စကြတဲ့အချိန်မှာ နေရွှေသွေးအောင်မှ ရိုက်ကွင်းမရောက်ခင် အခန်းထဲမှာကို လာစောင့်နေတဲ့အတွက်ရွှေမှုံကလည်း ယခုလိုပဲ အသိအမှတ်ပြုစကားဆိုခဲ့ပါသေးတယ်။ “သက်တမ်းတစ်လျှောက်မှာ အလုပ်လုပ်ခဲ့တဲ့အချိန် ၇နှစ်ကျော် ၈ နှစ်ရှိပြီ။ ဒီလိုမျိုးလာစောင့်တာ တစ်ခေါက်မှမကြူံဖူးဘူး။ ကျေးဇူးတင်ပါတယ်။” ဆိုပြီး ပြောပြလာခဲ့ပါသေးတယ်။

Interview With Nay Shwe Thway Aung – Part 2 (Tonight & Hero Behind The Scenes)

Hero MV ရိုက်ကူးရေးပြီးဆုံးသွားတဲ့အချိန်မှာတော့ နေရွှေသွေးအောင်ဟာ ရိုက်ကူးရေးအဖွဲ့သား တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အပြီးမှာတော့ ရွှေထူးတစ်ယောက် ဇနီးသည်ဖြစ်သူကို ချီပိုးပြီး ခေါ်သွားလေရဲ့။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.