နို့ဘီလူး Red carpet showမှာ သူငယ်ချင်း ​ရွှေမှုံနဲ့ ဓာတ်​ဖမ်းခဲ့တဲ့ ​ဇေရဲထက်

နို့ဘီလူး Red carpet showမှာ သူငယ်ချင်း ​ရွှေမှုံနဲ့ ဓာတ်​ဖမ်းခဲ့တဲ့ ​ဇေရဲထက်

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် နိုင်ငံကျော်အနုပညာရှင်​​တွေဖြစ်​ကြတဲ့​ဇေရဲထက်​နဲ့ ​ရွှေမှုံရတီတို့နှစ်ဦးက​တော့ ပရိသတ်တွေချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သရုပ်​​ဆောင်​​တွေပဲ ဖြစ်ပါတယ်။ တစ်​ဦးနဲ့တစ်​ဦး ခင်​ခင်​မင်​မင်​ရှိလွန်းလှတဲ့ ​ဇေရဲထက်​နဲ့ ​ရွှေမှုံရတီတို့ သူငယ်​ချင်းနှစ်​ဦးကို​တော့ အမြဲလိုလို အတူတွဲပြီး ရင်းရင်းနှီးနှီး​ပျော်​​ပျော်​ရွှင်​ရွှင်​ ​တွေ့ရတတ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ ​ဇေရဲထက်​က သူနဲ့ ​ရွှေမှုံ​လေးတို့ အတူသရုပ်​​ဆောင်​ထားတဲ့ “နို့ဘီလူး” ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ Red Carpet show ပွဲမှာ သူငယ်​ချင်းနှစ်​​ယောက်​ အတူဆုံ​နေတဲ့အ​ကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

ချစ်​ပရိသတ်​​တွေအတွက်​ ချစ်​ရတဲ့ သူငယ်​ချင်း​လေးနဲ့ အတူဆုံတုန်း ဓာတ်​ဖမ်းခဲ့တဲ့ ​ဇေရဲထက်​ရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဇေရဲထက်​က​တော့ “နို့ဘီလူး carpet showမှ သူငယ်ချင်းနှင့်အတူ” ဆိုပြီး ​ရွှေမှုံ​လေးနဲ့ အတူရိုက်​ထားတဲ့ပုံ​လေးကို ​ဝေမျှ​ပေးထားတာပါ။

ဇေရဲထက်​နဲ့ ​ရွှေမှုံ​လေးတို့ သရုပ်​​ဆောင်​ထားတဲ့ နို့ဘီလူး ရုပ်​ရှင်​ကြီးက​တော့ လာမယ့်​ မတ်လ (၂၉) ရက်နေ့မှစပြီး မြန်​မာတစ်ပြည်လုံးမှာ ရုံတင်ပြသ​တော့မှာပါ။ ချစ်ပရိသတ်​တွေလည်း ​​ဇေရဲထက်​တို့သူငယ်​ချင်းနှစ်​ဦး အ​ကောင်းဆုံးသရုပ်​​ဆောင်​ထားတဲ့ ဘာသာရေးနဲ့မိဘမေတ္တာဖွဲ့ ဇာတ်ကားဖြစ်တဲ့ “နို​ဘီလူး” ရုပ်​ရှင်​ဇာတ်​ကားကြီးရုံတင်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.