မထိုက်တန်ဘူးထင်ရင် အကယ်ဒမီပြန်သိမ်းသွားပါ အခမ်းအနားနဲ့ပြန်အပ်ဖို့ပြောပေးပါ့မယ် ဆိုတဲ့ ခွန်းဆင့်နေခြည်

မထိုက်တန်ဘူးထင်ရင် အကယ်ဒမီပြန်သိမ်းသွားပါ အခမ်းအနားနဲ့ပြန်အပ်ဖို့ပြောပေးပါ့မယ် ဆိုတဲ့ ခွန်းဆင့်နေခြည်

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် စွယ်စုံရမင်းသမီးချောလေး ခွန်းဆင့်နေခြည်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အမိုက်စား အက်ရှင်ကားများကို အများဆုံး သရုပ်ဆောင် တဲ့ အက်ရှင်မင်းသမီးလေးဆိုလည်း မမှားပါဘူး ။သူမရဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ပြီး အမျိုးသားဇာတ်ဆောင်ဆုကို ပါ ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒီတစ်ခါမှာတော့ ခွန်းဆင့်နေခြည်က အကယ်ဒမီ ဂယက် နဲ့ပတ်သက်ပြီး ပြန်ပြောထားတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခွန်းဆင့်နေခြည်က online ပေါ်မှာ သူမ ရဲ့ ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေး မှ ရိုက်ကူးခဲ့တဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကား မှ အမျိုးသား ဇာတ်ဆောင်ဆု ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ဂယက်ထ နေတာကြောင့် သူမက ပြန်လည်ပြောထားခြင်း ဖြစ်ပါတယ်။

ခွန်းဆင့်နေခြည်က ” မကျေနပ်ရင် မထိုက်တန်ဘူးထင်ရင် အကယ်ဒမီပြန်သိမ်းသွားပါ အခန်းအနားနဲ့ပြန်အပ်ဖို့ပြောပေးပါ့မယ် အကယ်ဒမီရတယ်ဆိုတာကံပါလို့ရတာ ထိုက်တန်လို့ရတာဆိုပေမဲ့ ပရိသတ်နဲ့ အလုပ်လုပ်ကြရတဲ့ အနုပညာသမားတွေအဖို့တော့ ပရိသတ်မကြည်ဖြူဘဲ ရခဲ့တဲ့အကယ်ဒမီဟာ ထိုက်တန်တဲ့အကယ်ဒမီလို့ပြောဖို့တော့အနည်းငယ်ခက်ခဲပါတယ် ဘာဘဲဖြစ်ဖြစ်သမိုင်းမှတ်ကျောက်တော့တင်သွားပြီလေ ဟုတ်တယ်မလား? ဘယ်သူတွေဘာပြောပြောအခုအချိန်မှာသူကစင်ပေါ်ကပါ ••• ကျေနပ်တယ် •••” ဆိုပြီးပြောထားပါတယ်။

ခွန်းဆင့်နေခြည်က သူမရဲ့ ရုပ်ရှင်ဇာတ်ကားမှ ရတဲ့ အကယ်ဒမီ ကို မထိုက်တန်ဘူးထင်ရင် အကယ်ဒမီပြန်သိမ်းသွားပါ အခန်းအနားနဲ့ပြန်အပ်ဖို့ပြောပေးပါ့မယ် ဆိုပြီး ပြန်ပြောထားတာပါ။

သရုပ်ဆောင် ခွန်းဆင့်နေခြည် ပြောပြတဲ့ အကြောင်းအရာလေးတွေကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.