အော်ဟစ်ငိုယိုနေတဲ့ အိုက်တင်တွေကိုပဲ အကယ်ဒမီပေးမှာလားဆိုတဲ့ မင်းဦး

အော်ဟစ်ငိုယိုနေတဲ့ အိုက်တင်တွေကိုပဲ အကယ်ဒမီပေးမှာလားဆိုတဲ့ မင်းဦး

ဝါရင့်မင်းသားကြီး မင်းဦးကတော့ မြန်မာပရိသတ်တွေ တော်တော်များများသိကြမှာပါ။ လက်ရှိအသက်ရွယ်တခုကို ရောက်တဲ့အချိန်ထိကို နုပျိုနေတာကြောင့်လည်း ပရိသတ်တွေကြားမှာ လက်ရှိချိန်ထိကို ရေပန်းစားနေတာ ဖြစ်ပါတယ်။ မင်းဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲနဲ့ ပတ်သက်ပြီး အရှက်ရစရာ ကိစ္စတွေကို ပရိသတ်တွေသိအောင် သူ့ရဲ့ အမြင်တွေကို ပြောကြားသွား ခဲ့ပါတယ်။

The Radar နဲ့ အင်တာဗျူးမှာတော့ မင်းဦးကတော့ “အကိုတို့လည်း စိတ်မကောင်းဘူး။ အကိုတို့လည်းကြည့်ရတယ်။ ကိုယ်တိုင်လည်းကြိုက်တဲ့ကားတွေက တကားမှ ပါမလားဘူး။ ကိုယ်တိုင် အံ့သြတာကတော့ ဒီလိုပုံစံဒီလို အိုက်တင်တွေလုပ်မှပဲ အကယ်ဒမီပေးမှာလားဆိုတဲ့ ပုံစံတွေပေါ့။ နှစ်ပေါင်းကြာပြီ။ ဒီလိုအိုက်တင်တွေကိုပဲပေးနေတာ။ ဒါကို ကိုယ်တို့ မချိန်းနိုင်သရွေ့တော့ ကိုယ်တို့ အပြောခံရဦးမှာပဲ။ အပြောင်းလဲတော့ ရှိရမှာပေါ့။ အခုပေးတဲ့ ပုံစံတွေက ဟိုးတုန်းက ဇာတ်ကားတွေ အတိုင်းပဲပေါ့။ အကိုတို့ကိုယ်တိုင်ကိုက အဲ့အတွက်လည်း အံ့သြပါတယ်။ အဲ့လိုတွေ လုပ်လိုက်တော့ ကိုယ်တို့အနုပညာလောကကြီးက သူများတွေပြောစရာ သူများရဲ့ တံထွေးထွေးချင်စရာကြီး ဖြစ်သွားတာ အဲ့အတွက်တော့ စိတ်မကောင်းဘူး”

“အကုန်လုံးတော့ မဟုတ်ဘူး။ တကယ်ကြိုးစားနေတဲ့သူတွေ ရှိတယ်။ ဒါပေမယ့်လည်း အားလုံးကပြောကြတော့ မင်းတို့လောကပါပဲဆိုပြီးတော့ ပြောခံလိုက်ရတာပဲလေ။ ဝိုင်းအဆဲခံရတော့ တော်တော်လေး စိတ်မကောင်းဘူး။ ဒီလိုမျိုး အခြေနေမှာ ပရိသတ်တွေရဲ့ ယုံကြည်မှုရအောင် ဘယ်လိုပြင်ဆင်ရမှာလဲ။ တကယ့်ကို စဉ်းစားဖို့ အချိန်ရပြီ။ လူကြီးတွေကလည်း သူတို့ကိုမကြိုက်ရင် လူငယ်တွေလုပ်ပါတဲ့ ဟုတ်ပြီ ဘယ်လိုပုံစံတွေ သွားကြမှာလဲ။ အကောင်းဆုံးဖြစ်အောင် ညှိုနှိုင်းပြီးလုပ်စေချင်တယ်။ အကိုတို့ ဝင်ပါရင်လည်း ဘယ်လိုနေရာကနေ ဘယ်လိုပုံစံနဲ့ ဝင်ပါပေးရမလဲပေါ့”

“ဒီလို ပြသာနာတွေနဲ့ အဆဲခံအဆိုခံတွေကို အကိုဒီလောကထဲ ရောက်လာတာကြာပြီ။ တခါမှ မမြင်ဖူးဘူး။ အဲ့လောက်တောင် ဖြစ်နေကြတာလား အဲ့လောက်တောင် အပြင်လောကက အခြေနေတွေကို မသိကြဘူးလားပေါ့။ ဒါပေမယ့်အကို ဘာမှလည်း မရေးပါဘူး။ ပထမနှစ်တုန်းကလည်း ဖြစ်ပြီးသွားပြီ အခုဒုတိယနှစ်ထပ်ဖြစ်တယ်။ ဒီနှစ်ကတော့ အဆိုးဆုံးနှစ်ပေါ့”

“မကောင်းတဲ့ကားတွေက ဆပ်ပြာဘူဖောင်းလိုပဲ။ အများကြီးတော့ ထွက်လာတယ်။ ဒါပေမယ့်လည်း ဖြည်းဖြည်းချင်းပျောက်သွားမှာပါ။ အဲ့လိုအချိန်ကို အကိုတို့စောင့်နေတာလေ။ ဒါပေမယ့်လည်း အဲ့လိုကောင်းတဲ့ အခြေနေလေး မျှော်လင့်နေတဲ့ အချိန်မှ ဒီလိုဖြစ်သွားတာကြောင့် အနုပညာလောကကြီး ပြန်ကျသွားမှာ စိုးရိမ်ပါတယ်။ ဒါကြောင့် ပြန်ပြုပြင်ဖို့လိုနေပါပြီ။ အကိုပြောခဲ့သလိုပဲ သူတို့ကိုလည်း တသက်လုံး ဒီလိုအိုက်တင်တွေကိုပဲ ပေးမှာလားပေါ့။ အဲ့ဒါကို စဉ်းစားရမှာပေါ့။ တသက်လုံး ငိုယိုအော်ဟစ်တဲ့ ကာရိုက်တာတွေကိုမှ ပေးတာလား။ တခုနဲ့ တခု မတူအောင် ကြိုးစားနေတဲ့သူတွေ အတွက်တော့ မကောင်းပါဘူး။ ကိုယ်တို့လောကအတွက်လည်း မကောင်းပါဘူး။ အကို့ရဲ့ ပထမဆုံးကားလည်း ပါမလားဘူး။ သီချင်းလေးတွေနဲ့ အကောင်းဆုံး လုပ်ထားတာပဲ။ ဇဏ်ခီတို့လည်းပြောတယ်။ ကျေနပ်တယ်တဲ့ မီဆိုလည်း ကောင်းတာပဲ ဘာလို့ပါမလာတာလဲဆိုတာကိုတော့ သူတို့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.