စမူဆာ မကျွေးလို့ ဟဲလေးကို ဒဲ့ဖြဲလိုက်တဲ့ ဝဏ္ဏခွာနီး

စမူဆာ မကျွေးလို့ ဟဲလေးကို ဒဲ့ဖြဲလိုက်တဲ့ ဝဏ္ဏခွာနီး

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက အချစ်သီချင်းမြူးမြူးလေးတွေနဲ့ လူငယ်ဆန်ဆန် သီချင်းပုံစံလေးတွေကြောင့် ပရိသတ်တွေကြား ရေပန်းစားနာမည်ကြီးခဲ့တဲ့ အဆိုတော် ဟဲလေးကိုတော့ အကုန်လုံးကြားဖူးကြမှာပါ။ အဆိုတော် ဟဲလေးကတော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သီချင်းတွေ ဆက်တိုက်ထုတ်ခဲ့ပြီး သူ့သီချင်းတွေကလည်း လူငယ်တွေကြားမှာ ရေပန်းစားပြီး လက်ရှိချိန်ထိလည်း မရိုးနိုင်သေးတဲ့ သီချင်းတွေ ရှိပါတယ်။ သူ့သီချင်းတွေကတော့ အချိန်တွေ ကြာလာတာနဲ့ အမျှခေတ်နဲ့ အလိုက်ပြောင်းလဲလာတာကို တွေ့ရပါတယ်။

ဒီဖက်ခေတ်မှာတော့ ခပ်မြူးမြူးသီချင်းလေးတွေက ခေတ်စားလာတာကြောင့် ဟဲလေးကတော့ သီချင်းတွေကို ခပ်မိုက်မိုက်လေး ဖန်တီးလာတာ ဖြစ်ပါတယ်။ ဟဲလေးကတော့ လတ်တလောမှာတော့ အင်တာဗျူးတွေမှာ သူ စမူဆာ ကြိုက်တဲ့အကြောင်းတွေ ပြန့်နှံနေပြီး ဟဲလေးကလည်း သူကိုယ်တိုင် သူ့သီချင်းကို စမူဆာ လို့ နာမည်ပေးပြီး MTV အကြမ်းစားကြီးကို ရိုက်နေတာကို တွေ့ရပါတယ်။ MTV ထဲမှာတော့ Sexy ကျလွန်းတဲ့ မင်းသမီး သင်ဇာဝင့်ကျော်အပါအဝင် အခြားသော ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတွေနဲ့ ခပ်ဟော့ဟော့လေး ရိုက်ထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နာမည်ကြီး ဓါတ်ပုံဆရာ ဝဏ္ဏခွာနီးကတော့ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဝဏ္ဏခွာနီးကတော့ သူ့ရဲ့ ဖေ့ဘုတ် အကောင့်မှာတော့ “ဟဲလေး ပြောစရာရှိလို့ ညီလေး ပရိသတ်ကို မစော်ကားနဲ့ ညီလေး ကြားလား။ ဘာလဲ ပြောတော့ စမူဆာ စမူဆာ ဆိုပြီးတော့ ပေါက်စီပဲ ကျွေးနေတယ်။ စမူဆာကျတော့ မကျွေးဘူး။ ခေါင်းစဉ်ကျတော့ စမူဆာ စမူဆာနဲ့ ပြီးတော့ ပေါက်စီပဲ စားနေရတယ်ကွ” ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ဟဲလေးရဲ့ စမူဆာ MTV မှာ ပေါက်စီပဲ စားနေရရင် ဝဏ္ဏခွာနီးလို့ ပေါက်ကွဲမိကြမယ် ထင်တယ်နော်။ ဝဏ္ဏခွာနီးရဲ့ ဟဲလေးတယောက် စမူဆာ မကျွေးလို့ ပေါက်ကွဲနေတဲ့ ဗီဒီယိုလေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.