၂၀၁၁ အကယ်ဒမီအကဲဖြတ်အဖွဲ့ကို ပေါက်ကွဲခဲ့တဲ့ ဝိုင်းရဲ့ အင်တာဗျူးထွက်ပေါ်

၂၀၁၁ အကယ်ဒမီအကဲဖြတ်အဖွဲ့ကို ပေါက်ကွဲခဲ့တဲ့ ဝိုင်းရဲ့ အင်တာဗျူးထွက်ပေါ်

၂၀၁၈ ရုပ်ရှင် ဆုပေးပွဲ အခမ်းအနားကတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ဝေဖန်မှုပေါင်းများစွာနဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ အကယ်ဒမီနဲ့ ပတ်သက်ပြီး ရရှိတဲ့ဆုတွေကိုတော့ အနုပညာအသိုင်းအဝိုင်းကလူတွေရော ပရိသတ်တွေ အများအပြားရော ရှုံချခဲ့ကြတာ ဖြစ်ပြီး ရသင့်တဲ့သူမရတာကြောင့်လည်း ဂယက်တခုလို ဖြစ်သွားခဲ့ပါတယ်။ ဒီထဲမှာတော့ ဇာတ်ညွန်းဆုနဲ့ အကယ်ဒမီ ထပ်မံရရှိခဲ့တဲ့ ဒါရိုက်တာဝိုင်းကတော့ အဝေဖန်ခံရဆုံး ဖြစ်နေပါတယ်။ ဒီလိုမျိုး ဝေဖန်မှုတွေကနေ တဆင့် ဒါရိုက်တာဝိုင်းရဲ့ လွန်ခဲ့တဲ့ ၂၀၁၂ တုန်းက အင်တာဗျူးတခု ပြန်လည်တက်လာခဲ့ပြီး ဒီဗီဒီယိုကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်တွေ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဒါရိုက်တာဝိုင်းကတော့ ၂၀၁၁ ခုနှစ်မှာ ဆုအများအပြားရခဲ့တဲ့ ထာဝရအလင်းတန်းများဇာတ်ကားမှာတော့ ကွန်မြူနစ် ဆန့်ကျင်ရေးတွေပါတယ်။ တရုတ်ကားကိုလည်း ကူးချထားတာတွေပါတယ်လို့ ဝေဖန်သံတွေ ထွက်နေတဲ့အပေါ်မှာတော့ ဒါရိုက်တာဝိုင်းက ပြောကြားခဲ့ပါတယ်။ ဝိုင်းကတော့ အနုပညာကို အနုပညာလို မကြည့်ပဲ နိုင်ငံရေးအကျိုးပြုတွေ ဘောင်တွေနဲ့ကြည့်မှာလား။ သာသနာ အကျိုးပြုတွေပေါ့။ အဲ့လိုမျိုးဆို အကယ်ဒမီပေးမနေနဲ့ နိုင်ငံဂုဏ်ထူးဆောင်ဘွဲ့တွေပဲ ပေးလိုက်ပါလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အကဲဖြတ်အဖွဲ့တွေမှာကလည်း အစိုးရအဖွဲ့ဝင် ၇၅ ရာခိုင်နှုန်းလောက်ပါတယ်။ အဲ့တော့ အကယ်ဒမီကို နိုင်ငံရေးလေးပါရင် မျက်နှာသာပေးလိုက်တယ်။ သူတို့အတွေးအခေါ်နဲ့ပေးလိုက်တယ်။ ထာဝရအလင်းတန်းဆိုတဲ့ကားကလည်း တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကရိုက်ထားတာ။ ဒါကြီးကို ဇာတ်ညွန်းလုပ်ထားတော့ ဒါကိုအကယ်ဒမီပေးတယ်။ ပြီးတော့ မသိဘူးတဲ့ သိရင် အမှတ်မပေးပါဘူးတဲ့ အဲ့လောက်မှ မလေ့လာလည်း ဘာလို့ အကဲဖြတ်အဖွဲ့ဝင်တွေ လုပ်နေသေးလည်းဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ထို့နောက် ဒါရိုက်တာဝိုင်းကတော့ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက အကဲဖြတ် အဖွဲ့ဝင်တွေကို ဗီဒီယိုထဲမှာတော့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် မင်းသားမင်းသမီးတွေရဲ့ စည်းကမ်းမရှိမှုကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။ ဒါရိုက်တာဝိုင်းကတော့ “ထူးချွန်မှ အကယ်ဒမီပေးပါ။ ဒါမှလည်း ဆုက တန်ဖိုးရှိမှာ” လို့လည်း ပြောခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဒါရိုက်တာ ဝိုင်းရဲ့ အင်တာဗျူး ဗီဒီယို အပြည့်အစုံကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.