ရုပ်ရှင်ရိုက်နေရင် ဟောလီးဝုဒ်မှာရိုက်နေသလို သဘောထားတဲ့ ရဲတိုက်

ရုပ်ရှင်ရိုက်နေရင် ဟောလီးဝုဒ်မှာရိုက်နေသလို သဘောထားတဲ့ ရဲတိုက်

လူငယ်တွေအရူးအမူးအားပေးကြတဲ့အနုပညာရှင်တစ်ယောက်တွေထဲမှာ ရဲတိုက် ကလည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူရဲ့အကြည့်တွေသူ့ရဲ့သရုပ်ဆောင်မှုတွေ၊ သူ့ရဲ့စတိုင်လ်တွေဆိုရင် ဒေါင်းမတိုင်မီကာလတွေမှာ အတော်ကိုရေပန်းစားခဲ့ပါတယ်။ ဒီအချိန်ကတော့သူဟာသူ့ရဲ့အပြစ်တစ်ခုအတွက်ဆေးကြေသန့်စင်ပြီးတဲ့အချိန်၊ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်နေတဲ့အချိန်ဆိုတော့ ရဲတိုက် တစ်ခေတ်များပြန်ဖြစ်လာမလားရယ်လို့တောင် တွေးမိပါတယ်။ အခုလည်းသူရဲ့အနုပညာနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေကို အင်တာဗျူးတစ်ခုမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင် ပြောပြပေးလိုက်ပါရစေ။

သူရဲ့လတ်တလောလှုပ်ရှားမှုတွေကို “ ကျွန်တော့်အလှည့်လား အမြန်ဆုံးရောက်စေရမယ်ဗျာ ။ရိုက်ထားတာရှိပါတယ်။ နောက်ရိုက်ဖို့လည်းရှိတယ် ။ အကယ်ဒမီပွဲပြီးတာနဲ့ ဆာတိုရီနဲ့ လေးကား၊နောက်ပြီးတော့ ကိုဂျိုးနဲ့ရုပ်ရှင်တကား နောက်ပြီးတော့ကိုမင်းထင်ကိုကို နဲ့ရုပ်ရှင်တကား။ ပျောက်နေတာတော့မဟုတ်ဘူးဗျ ။ ကျွန်တော်အနုပညာအလုပ်ကို တစိုက်မတ်မတ်ကြီးမလုပ်ဖြစ်သေးတာ။ ထောင်ကနေလွတ်လာပြီးတစ်နှစ်တာကာလအတွင်းမှာ လေးကားပဲရိုက်ဖြစ်တယ်။ ဒဏ္ဍာရီမိုးဆိုတဲ့ ကားတစ်ကားရယ် ၊ နောက် ဒါရိုက်တာဂျိုးနဲ့ရန်ငြိုးဆိုတဲ့ကားတစ်ကားရယ်နောက်ပြီးတော့ ၊ (စဉ်းစားလျက်) ထားပါတော့။ လေးကားပဲရိုက်ဖြစ်တယ်။

ကျွန်တော့်ပရိသတ်တွေကတော့အကယ်ဒမီကိုနောက်နှစ်ကပြီး မှန်းနိုင်ပါပြီ ။ကျွန်တော်ကားတိုင်းမှာ (စဉ်းစားလျက်) အကယ်ဒမီမရရအောင်ကိုကြိုးစားပြီးတော့ရိုက်မယ်ဗျာ၊ မတော်တဲ့ကားမရဘဲနေလိမ့်မယ်တော်တဲ့ကားရသွားလိမ့်မယ်။ မတူကွဲပြားတဲ့ ကာရိုက်တာတွေ ၊မတူကွဲပြားခြားနားတဲ့ဇာတ်အိမ်တွေနဲ့ အခုခေတ်ကသိတဲ့အတိုင်းပဲရုပ်ရှင်ဆိုတာ ကွာလတီက သိပ်အရေးကြီးလာပြီလေ ကွာလတီကောင်းနိုင်သမျှအကောင်းဆုံး ကျွန်တော့်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအကောင်းဆုံးရိုက်ကြရမှာ ခံယူချက်တော့လေ ကျွန်တော်အရင်ကတည်းကလေ အမှန်တိုင်းပြောရင် ကျွန်တော့်ကို လူတွေရယ်မလားမသိဘူး ။ ရုပ်ရှင်ရိုက်နေရင် ဟောလီဝုဒ်မှာရိုက်နေတယ်လို့ပဲသဘောထားတာ(ရယ်လျက်)ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.