ကိုယ့်ဇာတ်ကောင်ကို အကောင်းဆုံးကြိုးစားထားတဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်လို့ပြောခဲ့တဲ့ ဖွေးဖွေး

ကိုယ့်ဇာတ်ကောင်ကို အကောင်းဆုံးကြိုးစားထားတဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်လို့ပြောခဲ့တဲ့ ဖွေးဖွေး

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကို မတ်လ ၂၃ရက်နေ့မှာ ခြိမ့်ခြိမ့်သဲကျင်းပလာခဲ့ပါတယ်။ နှစ်တိုင်း ဆူညံသံတွေနဲ့ ပြီးဆုံးသွားခဲ့တဲ့ အကယ်ဒမီပေးပွဲဟာဆိုရင် ဒီနှစ်မှာတော့ အရင်ကထက် ဝေဖန်သံတွေဆူညံလို့နေပါတယ်။ အဆိုပါ အကယ်ဒမီနဲ့ ပတ်သတ်ပြီး ဒီနှစ်ရဲ့ အကောင်းဆုံးဇာတ်ဆောင်ဆုရရှိခဲ့တဲ့ ဖွေးဖွေးကတော့ ယခုလိုပဲပြောပြလာခဲ့ပါတယ်။

ဖွေးဖွေးက မီဒီယာတွေနဲ့ အင်တာဗျုးမှာ ယခုလိုပဲပြောပြခဲ့ပါတယ်။ ” ၆ကားပေါ့..။ ဖွေး ရုပ်ရှင်တွေထဲမှာ ဒီနှစ် ၆ကားကတော့ အများဆုံးပါခဲ့ဖူးတာပေါ့။ “ကိုယ့်ကတော့ ဘယ်ကားနဲ့ပဲပေးပေး ကိုယ့်ကာရိုက်တာကို အကောင်းဆုံး ကြိုးစားထားတဲ့အတွက် ကိုယ့်လိပ်ပြာ ကိုယ်လုံပါတယ်။” လို့ပြောပြခဲ့ပါတယ်။

ကိုယ့်ကို ဘယ်ကားနဲ့ပဲပေးပေး ကိုယ့်ကာရိုက်တာကို အကောင်းဆုံး ကြိုးစားထားတဲ့အတွက် ကိုယ့်လိပ်ပြာ ကိုယ်လုံတယ် “လို့ ပြောပြလာတဲ့ ဖွေးဖွေး

သုံးထပ်ကွမ်း အကယ်ဒမီဆုရှင်လေး ဖွေးဖွေးကတော့ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးသော မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့အပြင် သူမရဲ့အနုပညာအပေါ်ထားရှိတဲ့ စိတ်ကြောင့် ချစ်ကြတဲ့ပရိသတ်တွေ ပိုပိုပြီး များလာသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောက ကံမကောင်းစွာနဲ့ ကားတိုက်မှုတစ်ခုကြောင့် ညှပ်ရိုးကို ခွဲစိတ်ခဲ့ရတာဖြစ်ပြီး အခုတော့ ချုပ်ရိုးဖြည်လိုက်ပြီလို့လည်းသိရပါတယ်။

၂၀၁၈ ခုနှစ်အကယ်ဒမီအတွက် ဆန်ကာတင်စာရင်းမှာ ဖွေးဖွေးဟာ ဇာတ်ကား (၆)ကားပါဝင်ခဲ့ပါတယ်။ ရွှေကြာ၊ သမ္မတကြီးထံပေးစာ၊ မုန်းစွဲ၊ သတို့သမီး၊C02 နဲ့ ငါ့ကိုနမ်းတဲ့မုန်တိုင်း အစရှိတဲ့ ဇာတ်ကား ၆ ကားပါဝင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရွှေကြာဇာတ်ကားနဲ့ အကောင်းဆုံး သရုပ်ဆောင် အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဖွေးဖွေးကတော့ လတ်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် ရုပ်ရှင်ရိုက်နားထားတယ်လို့ သိရပါတယ်။ ဖွေးဖွေးပါဝင်သရုပ်ဆောင်ထားတဲ့ “လှပ်၍လွှင့်သော” ရုပ်ရှင်ကြီးကလည်း ရုံတင်ပြသနေပြီမို့ ပရိသတ်တွေ အားပေးကြည့်ရှုဖို့ မမေ့ကြပါဦးနဲ့နော်။ ချစ်ပရိသတ်တွေလည်း ချစ်တတ်လွန်းတဲ့ အမာခံပရိသတ်တွေကြောင့် ပျော်ခဲ့ရတဲ့ ဖွေးစိန်လေးကိုချစ်ရင် Share သွားကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.