အောင်လေးရဲ့ စိန်ခေါ်မှုကိုလက်ခံကပြရင်း ရွှေထူးကို ပြန်လည်စိန်ခေါ်လိုက်တဲ့ ပိုပို

အောင်လေးရဲ့ စိန်ခေါ်မှုကိုလက်ခံကပြရင်း ရွှေထူးကို ပြန်လည်စိန်ခေါ်လိုက်တဲ့ ပိုပို

Mytel ကြော်ငြာမှ နိုင်ငံကျော် မင်းသားနေတိုးရဲ့ ကကွက်လေးတွေဟာဆိုရင် လူကြီးလူငယ်တို့ရဲ့ ရင်ထဲမှာ စွဲစွဲမြဲမြဲ ဖြစ်နေရတဲ့ ကကွက်လေးတစ်ကွက်ပါ။ နေတိုး ကပြတာလေးကိုကြည့်ပြီး သီချင်းတီးလုံးသံလေးနားဆင်လိုက်တာနဲ့ ကချင်စိတ်ပေါက်သွားရလောက်တဲ့ ဒီကြော်ငြာလေးကို မော်ဒယ်မင်းသား အောင်လေးက ယနေ့မှာ အပီအပြင်နဲ့ အမိုက်စား ကပြပေးပြီး အဆိုတော် ပိုပိုကို စိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။

အောင်လေးရဲ့ စိန်ခေါ်မှုကိုတော့ ပိုပိုက တစ်နေ့ထဲမှာပဲ လက်ခံကပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ အောင်လေးရဲ့ စိန်ခေါ်မှုကို လက်ခံရင်း အပီအပြင်ကပြပေးလိုက်တဲ့ ပိုပိုကတော့ ” မတ်မတ် က တာ ကြည့်ပြီး ကြွေသွားရင်တော့ Sorry 😞😢🤣😍👏🏽👏🏽👏🏽 ကိုနေတိုးကတာကြည့်ပြီး ကချင်နေတာ၊ အခုလည်း ချစ်သူငယ်ချင်း အောင်လေး ကစိန်ခေါ်တော့ Tik Tok နဲ့ Mi Mi Challenge ကပလိုက်တယ်။ အခွီပေါ့ ”

” က ရင် သူ့အရပ်ကြီး နဲ့ ကွေးနေအောင် ကတတ်တဲ့ ကွီး ရွှေထူး ကို Challenge လုပ်ပါတယ် 👏🏽👏🏽👏🏽” ဆိုပြီး ရွှေထူးကို ထပ်မံစိန်ခေါ်လိုက်ကြောင်းကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ အောင်လေးရဲ့ စိန်ခေါ်မှုကို လက်ခံကပြလိုက်တဲ့ ပိုပိုရဲ့ ကကွက်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော် ချစ်ပရိသတ်ကြီးရေ။

အောင်လေးရဲ့ စိန်ခေါ်မှုကို လက်ခံကပြလိုက်တဲ့ ပိုပိုရဲ့ video

နေတိုးရဲ့ Mytel အကနဲ့ ကပြပေးထားခဲ့တဲ့ အောင်လေးရဲ့ စိန်ခေါ်မှုကို လက်ခံကပြလိုက်တဲ့ ပိုပိုရဲ့ ကကွက်လေးတွေကို ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ အောင်လေးရဲ့ စိန်ခေါ်မှုကို လက်ခံကပြရင်း အဆိုတော် ရွှေထူးကို ထပ်မံစိန်ခေါ်လိုက်တဲ့ ပိုပိုရဲ့ ပို့စ်လေးကို Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အရပ်ရှည်ရှည် ကလန်ကလားနဲ့ ချစ်ဖို့ကောင်းအောင် ကပြဦးမယ့် ရွှေထူးရဲ့ အကကိုလည်း စောင့်မျှော်ကြည့်ရှု အားပေးကြဖို့ မမေ့ပါနဲ့ဦးနော် ချစ်ပရိသတ်ကြီးရေ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.