ဦးကျော်ဟိန်းရဲ့အထုအထောင်းတွေအကြောင်းပြောပြတဲ့ အေးမြတ်သူ

ဦးကျော်ဟိန်းရဲ့အထုအထောင်းတွေအကြောင်းပြောပြတဲ့ အေးမြတ်သူ

အကယ်ဒမီဆုကြီးကိုထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသွားတဲ့ အေးမြတ်သူဟာဆိုရင် သဘာဝမင်းသမီးလို့ခေါ်ရလောက်အောင် နုနရွရွလေးနေတာထက် သဘာဝဆန်ဆန်အခြေခံကျနပိုင်နိုင်တဲ့သရုပ်ဆောင်မှုတွေကိုတစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူပါ။ အေးမြတ်သူက အကယ်ဒမီပွဲမှာပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကျေးဇူးရှင်ဆရာဦးကျော်ဟိန်းရဲ့သင်ပြပေးမှုတွေအကြောင်းပြောသွားခဲ့ပါတယ်။

ဦးကျော်ဟိန်းက သဘာဝဆန်တဲ့ကာရိုက်တာရအောင်လုပ်ပေးတတ်ကြောင်း “ဆရာက သဘာဝဆန်တဲ့ကာရိုက်တာကိုအမြဲတမ်းလိုချင်ခဲ့တာ။ အခြေခံပေါ့နော်။ သဘာဝကျတဲ့ဇာတ်ကောင်တွေကိုသူအမြဲတမ်းသဘောကျတယ်။အရမ်းကျေးဇူးတင်ပါတယ်။ ဆရာဦးကျော်ဟိန်း”လို့ ပြောသွားပါတယ်။

ဦးကျော်ဟိန်းရဲ့ သရုပ်ဆောင်ကောင်းအောင် လေ့ကျင့်ပေးခဲ့မှုတွေကိုလည်း “သဘာဝဆန်ဆန်နေရတယ်။ ရှုတင်မှာဆို ဆရာ့ရဲ့ထုထောင်းမှုတွေအများကြီးပါတယ်။ မှန်မကြည့်ရဘူး ဘီးမဖြီးရဘူး၊ တကယ့်ကို မင်းသမီးမင်းသားဆိုတဲ့ စိတ်ကိုဖျောက်ပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ဆရာဦးကျော်ဟိန်းက အေးမြတ်သူတို့ကို ပြုစုပျိုးထောင်ပေးခဲ့တာပါ။ ကာရိုက်တာတစ်ခုရပြီဆို လှတာကိုစိတ်မဝင်စားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တာ အဓိကကတော့ ဆရာဦးကျော်ဟိန်းရဲ့ကျေးဇူးတွေပါရှင်”လို့ ဖြေကြားထားပါတယ်။

ဒါ့အပြင်ဆရာဦးမီးပွားကလည်း သေချာသင်ပေးခဲ့တဲ့အကြောင်း “အိုက်တင်အတက်အကျတမ်ပိုတွေကိုတကယ်ပြောတာ ဦးမီးပွားပါရှင်။ ဦးမီးပွားကျတော့ အရောင်တွေကာလာတွေ အပူကဘယ်လိုအအေးကဘယ်လိုအများကြီးအများကြီးသင်ပေးတယ်။အမေမိုးဆိုလည်းသင်ပေးတယ်။ တကယ့်ဝါရင့်သရုပ်ဆောင်တွေအကုန်လုံးကတွေ့တိုင်းတစ်ခွန်းနှစ်ခွန်းသုံးခွန်းဖြစ်စေ အမြဲတမ်းပညာရအောင်ပြောပေးတယ်။ ဝါရင့်တွေရဲ့စကားတစ်ခွန်းနှစ်ခွန်းသုံးလေးခွန်းက အေးမြတ်သူတို့အတွက် ဆင်ခြင်စရာတွေသင်ခန်းစာတွေဗဟုသုတတွေအများကြီးရခဲ့တာပါရှင်”လို့ ပြောပြထားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.