ခေတ်သစ်ကနေ လတိုင်း ကလေး ၂ ယောက်ကို တာဝန်ယူပေးတယ်ဆိုတဲ့ ချစ်သုဝေ

ခေတ်သစ်ကနေ လတိုင်း ကလေး ၂ ယောက်ကို တာဝန်ယူပေးတယ်ဆိုတဲ့ ချစ်သုဝေ

ပြည်သူ့အချစ်တော် သရုပ်ဆောင်အဆိုတော် ချစ်သုဝေကတော့ အရည်အချင်းရှိတဲ့ အမျိုးသမီး တယောက်ဖြစ်သလို ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့ ပူးပေါင်းပြီးတော့ ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားတာ ဖြစ်ပါတယ်။ ချစ်သုဝေတို့ ဖောင်ဒေးရှင်းလေးကတော့ ဒုက္ခရောက်နေတဲ့သူတွေကို ဆေးဝါးကုသပေးတာတွေ အဓိက လုပ်ဆောင်နေပြီး သူတို့ဖောင်ဒေးရှင်းကတော့ တလကို ၂ ယောက် တာဝန်ယူပေးသွားမယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

Sunday နဲ့ အင်တာဗျူးမှာတော့ ချစ်သုဝေက ခေတ်သစ် ဖောင်ဒေးရှင်းကို ဘယ်လိုသွားမလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “အမ ဖောင်ဒေးရှင်းကတော့ လတိုင်း နှစ်ယောက်နှစ်ယောက် တာဝန်ယူပါတယ်။ ပြီးခဲ့တဲ့ လတွေမှာလည်း တာဝန်ယူထားတဲ့ဟာလေးတွေ အောင်မြင်ခဲ့တယ်။ နောက်လတွေမှာလည်း ၂ ယောက်တာဝန်ယူမယ်။ ဒါကတော့ လတိုင်း မမတို့ တာဝန်ယူသွားမှာပါ”

ကလေးတွေအပေါ်ထားတဲ့ အမြင်နဲ့ ပတ်သက်ပြီး “မမ ကတော့ ကလေးတွေကို ချစ်တယ်။ သူတို့လေးရဲ့ ဗီဇအကျင့်လေးတွေကို ပုံဖော်ပေးနိုင် အကောင်းဆုံးပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကောင်းတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ဆို မမ က အစကောင်းရမှာပေါ့။ မမ မှာလည်း မကောင်းတာတွေ အများကြီးပဲ ဒေါသကြီးတာ သည်းမခံနိုင်တာ အဲ့လိုအရာရာကို ကိုယ့်စိတ်နဲ့ မတည့်ရင် ပြောတတ်တာ။ ဒါတွေကိုတော့ မမ ပြင်ရမှာပေါ့။ ဒါမှလည်း သူတို့လေးတွေအတွက် အားလုံးအတူတကွ ဖန်တီးပေးဖို့ လိုပါတယ်”

“ကိုယ့်သမီးလေးတွေကို ချစ်သလို ကိုယ့်သမီးအရွယ် ကလေးတိုင်းကို ချစ်တယ်။ ကလေးတွေကို သာယာစေချင်တယ်။ သူတို့ရဲ့ စိတ်လေးတွေကို လုံခြုံစေချင်တယ်။ သူတို့ရဲ့ စိတ်လေးတွေကို ပျော်ရွှင်စေချင်တယ်။ အကောင်းဖက်က တွေးမြင်တဲ့ သူတွေကို ဖြစ်စေချင်ပါတယ်။ မမ ကိုလည်း အကုန်လုံးတော့ အားမကျကြပါနဲ့။ မမက ပုံလေးတွေ မိသားစုနဲ့ ပုံလေးတွေ တင်တာများတော့ ပြောစရာကြီးပေါ့။ အားကျစရာကြီးပေါ့။ ဒါပေမယ့်လည်း မမ သည် အားလုံးနဲ့ တူတူပါပဲ။ အားလုံးစိတ်ဓါတ်တွေ ကျသလို အမလည်း ကျဖူးတယ်။ အားလုံးငိုသလို အမလည်း ငိုဖူးတယ်။ ကလေးတဖက်နဲ့ ရှုပ်ယှက်ခတ်သလို မမ လည်း အဲ့လိုဖြစ်ရတာပါပဲ။ အဲ့တော့ မေမေတွေ အားလုံးလည်း Fighting ပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.