ကိုပေါ ရုပ်ရှင်နဲ့ အကယ်ဒမီရဖို့ ရင်ခုန်နေတဲ့ စည်သူပလပ်ကျွတ်

ကိုပေါ ရုပ်ရှင်နဲ့ အကယ်ဒမီရဖို့ ရင်ခုန်နေတဲ့ စည်သူပလပ်ကျွတ်

စည်သူပလပ်ကျွတ်ဆိုတာကတော့ အနုပညာလောကထဲ ခြေချတာ ကြာပြီဖြစ်သော်လည်း ပြီးခဲ့တဲ့ နှစ်တွေတုန်းကမှ စူပါဟီးရိုးဝတ်စုံတွေနဲ့ သူ့ရဲ့ ဖက်ရှင်တွေကြောင့် ပရိသတ်တွေကြားမှာ လူကြိုက်များ ရေပန်းစားလာတာ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ စည်သူပလပ်ကျွတ်ဆိုတဲ့ နာမည်ဟာ မြန်မာတပြည်လုံးမသိတဲ့သူက ခပ်ရှားရှားဖြစ်သွားပါပြီ။ စည်သူ ပလပ်ကျွတ်ကတော့ သူ့အနေနဲ့ ရုပ်ရှင် ဇာတ်ကားကြီး တကားဖြစ်တဲ့ “ကိုပေါ” ဆိုတဲ့ ဇာတ်ကားကိုလည်း ရိုက်ထားပါသေးတယ်။ ဒီဇာတ်ကားကတော့ စည်သူပလပ်ကျွတ်အနေနဲ့ သူလုပ်နေကြ ပုံစံနဲ့ ကွဲထွက်နေပြီး သေချာလေးကို ကြိုးစားထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုပေါ ဆိုတဲ့ ဇာတ်ကားက ရုံမတင်သေးတာကြောင့် သူ့ဇာတ်ကားကတော့ ၂၀၁၉ ဇာတ်ကားစာရင်းထဲပါသွားပါပြီ။ ဒါကြောင့် သူ့အနေနဲ့ ကိုပေါ ဇာတ်ကားနဲ့ ပတ်သက်ပြီး အကယ်ဒမီ မျှော်လင့်ချက်လေးကိုတော့ စည်သူပလပ်ကျွတ်က “အစွမ်းကုန်တော့ ကြိုးစားထားပါတယ်။ ကိုပေါ ဇာတ်ကားထဲမှာတော့။ ကိုပေါကားလေး က အကယ်ဒမီ စာရင်းဝင်မယ့်ဇာတ်ကားလေး။ နေရာတွေ ဇာတ်လမ်းဇာတ်အိမ်တွေကတော့ အကယ်ဒမီစာရင်းဝင်မယ့် ဇာတ်ကားလေး။ ဆင်ဆာလူကြီးတွေ ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ ကားဖြစ်နေတယ်။ အဲ့တော့ ကျွန်တော်ရင်ခုန်လို့ရတယ်။

ရင်ခုန်တယ်ဆိုတာကလည်း ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ဇာတ်ကားထဲမှာ ပါဝင်တဲ့သူတွေ ကင်မရာမန်းတွေကိုပေါ့။ ပြီးတော့ ရဲရဲ ဝံ့ဝံ့ ထုတ်လုပ်ပေးတဲ့ ပရိုဂျူဆာတွေ အတွက်ရောပေါ့။ ကျွန်တော့်အတွက်ကတော့ အဝေးကြီး ရင်တော့ရင်ခုန်တာပေါ့။ မှန်းတာတော့ မမှန်းရဲတာကို ပြောတာလေ။ ဘယ်သူပဲ ဖြစ်ဖြစ်လူတိုင်းက မျှော်လင့်ချက်ရှိတယ်။ ရင်ခုန်တာပေါ့နော်။ ငါဒါလေးကို ရရင် ဘယ်လောက်ကောင်းမလဲ။ ဒီဖုန်းလေးကို ရရင် ဘယ်လောက်ကောင်းမလဲပေါ့။ ပစ္စည်းတခုကို ရင်ခုန်သလိုပေါ့။ ဒါကြီးကတော့ ရင်ခုန်ရုံပဲ ရှိတယ်။ မမှန်းရဲဘူး။ မျှော်လင့်ချက်တော့ ထားလို့ရပါတယ်” လို့ ပြောကြားသွား ခဲ့ပါတယ်။

စည်သူပလပ်ကျွတ်တကယ်ကြိုးစားထားတဲ့ ကိုပေါ ဆိုတဲ့ ဇာတ်ကားကြီး ရုံတင်ရင်ရော ပြောချင်လွန်းလို့ ပရိသတ်တွေ အနေနဲ့ အားပေးကြဦးမှာလား။ ပြီးတော့ ဒီဇာတ်ကားနဲ့ ရော စည်သူပလပ်ကျွတ်ကို အကယ်ဒမီမှန်းလို့ရမယ် ထင်ကြလား။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.