သင်ဇာနဲ့ အကြမ်းစားဓာတ်ပုံတွေအကြောင်းပြောပြတဲ့ ပိုင်တံခွန်

သင်ဇာနဲ့ အကြမ်းစားဓာတ်ပုံတွေအကြောင်းပြောပြတဲ့ ပိုင်တံခွန်

သင်ဇာဝင့်ကျော်ဟာ မြန်မာနိုင်ငံအမျိုးသားထုကြီးရဲ့ ချစ်မြတ်နိုးရတဲ့ ရတနာတစ်ပါးဖြစ်သလိုမိန်းကလေးတွေပါကြွေရတဲ့ idol တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် သင်ဇာက ပရိသတ်တွေကို ဓာတ်ပုံတွေနဲ့ခဏခဏအသည်းခွဲတတ်သူတစ်ဦးပါ။ အရင်တစ်ခါကလည်း ဟိန်းမင်းသူနဲ့ဘာလိုလိုရိုက်ထားတဲ့ဓာတ်ပုံတွေကို ဘာမပြောညာမပြောနဲ့တင်ချပစ်ပြီး အသည်းခွဲခဲ့ပါသေးတယ်။ နောက်ပိုင်းမှ အဲဒါတွေက MTV ရိုက်နေတယ်ဆိုတာ သိခဲ့ရတာပါ။

အခုတစ်ခါလည်းသင်ဇာက ကောင်မလေးတွေရဲ့အသည်းစွဲ ပိုင်တံခွန်နဲ့ အလန်းစားအကြမ်းစားဓာတ်ပုံကြီးတွေကို ပိုင်တံခွန်ကို Tag ပြီးတင်ချလိုက်ပြန်ပါပြီ။ ရုတ်တရက်မို့ အငိုက်မိသွားတဲ့ ပရိသတ်တွေမှာ သင်ဇာက ပိုင်တံခွန်နဲ့ အပန်းဖြေခရီးတူတူထွက်တာလားလို့ သို့လောသို့လောတွေတွေးကုန်ကြပါတယ်။ ဓာတ်ပုံတွေမှာ သင်ဇာရဲ့အရမ်းကိုလှပတဲ့ခန္ဓာကိုယ်နဲ့ မိမိုက်နေမှုနဲ့ ပိုင်တံခွန်ရဲ့ အရောင်အသွေးစိုပြီးကြွရွလှပတဲ့ တက်တူးအပြည့်နဲ့ body ဟာ အရမ်းကို ပဏ္ဏာရလှပနေပြီး အလွန်လိုက်ဖက်နေတာမြင်ရမှာပါ။ အဲဒီဓာတ်ပုံတွေအကြောင်းကိုတော့ ခရီးမသွားခင်ကတည်းက ပိုင်တံခွန်က အင်တာဗျူးတစ်ခုမှာဖြေထားခဲ့ပြီး အဲဒီအင်တာဗျူးကို ဓာတ်ပုံတွေထွက်လာမှ လူတွေက အာရုံစိုက်မိလာကြတာပါ။

အင်တာဗျူးမှာ ပိုင်တံခွန်က အနုပညာလှုပ်ရှားမှုတွေအကြောင်းပြောရင်း “ထားဝယ်ကို ကျွန်တော်ရယ် အစ်မသင်ဇာဝင့်ကျော်ရယ် အစ်မဆုရွှေရည်ထူးရယ် ခရီးသွားကောက်ကြောင်းသွားရိုက်တာပါခင်ဗျ။ အစ်မ ဆုရွှေရည်ထူးနဲ့အခန်းတွေကတော့ ပြီးသွားပြီ။ အစ်မသင်ဇာဝင့်ကျော်နဲ့ ကျွန်တော် (၂၅) ရက်နေ့မှာ မြိတ်မှာသွားရိုက်ရမယ်ခင်ဗျ”လို့ ပြောထားတာကြောင့် အခုတက်လာတဲ့ပုံတွေဟာ ခရီးသွားကောက်ကြောင်းအစီအစဉ်ကပုံတွေဖြစ်ကြောင်း တွက်ဆလို့ရနိုင်ပါတယ်။

ပိုင်တံခွန်က သင်ဇာဝင့်ကျော်အပေါ်အမြင်ကို “ကျွန်တော့်အစ်မပဲ ကျွန်တော်က အမြဲတမ်းရိုက်နေကျဆိုတော့ အဆန်းကြီးမဟုတ်ပါဘူး။ လူတိုင်းကတော့ သူ့စတိုင်နဲ့ သူ့ကာရိုက်တာနဲ့ သူ့ခံယူချက်နဲ့သူ။ အစ်မသင်ဇာခံယူထားတဲ့ခံယူချက်က အရမ်းမိုက်တယ်။ ကျွန်တော်တို့ကြည့်တာလည်း မိုက်ပါတယ်။ အဲ့လိုပဲပေါ့”လို့ ဖြေကြားထားတဲ့အပြင် မသင်ဇာက လမ်းညွှန်မှုတွေလည်းပေးကြောင်း “မသင်ဇာဆိုရင်ကျွန်တော့်ရဲ့ စီနီယာ။ သူနဲ့ရိုက်တယ်ဆိုရင် သူ့ရဲ့လမ်းညွှန်မှုတွေပေါ့။အဲ့လိုပေါ့ စီနီယာတွေရဲ့လမ်းညွန်မှုတွေကိုကျွန်တော်တို့လိုက်နာဖို့လိုတာပေါ့”လို့လည်း ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မမသင်ဇာကို လေးစားပြီးစကားနားထောင်တဲ့ ပိုင်တံခွန်နဲ့ အလန်းစားနေထိုင်ပေမယ့် လူကြီးဆန်တဲ့ သင်ဇာဝင့်ကျော်နဲ့ ဓာတ်ပုံတွေထဲမှာ လိုက်ဖက်လွန်းတယ်မထင်ဘူးလား။ သူတို့နှစ်ယောက်ကို အနုပညာတွေအများကြီးအတူတူဆက်လုပ်စေချင်ကြလား။ သူတို့နှစ်ယောက်ရဲ့ခရီးသွားကောက်ကြောင်းအစီအစဉ်ထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.