ချစ်သူကောင်လေးကို ထုတ်ကြွားလိုက်တဲ့ နွယ်ဒါလီထွန်း

ချစ်သူကောင်လေးကို ထုတ်ကြွားလိုက်တဲ့ နွယ်ဒါလီထွန်း

မကြာသေးခင်ကမှ “မတ်မတ်“ သီချင်း MTV မှာသရုပ်ဆောင်ထားတဲ့ ချစ်စရာကောင်မလေးတစ်ယောက်ကိုသိကြမှာပါ။ဟုတ်ပါတယ် သူကတော့ အရင်နှစ် အနည်ငယ်က တီဗွီကြော်ညာလေးတွေရိုက်ခဲ့ကာ ပရိသတ်ရင်ထဲကိုဝင်ရောက်လာခဲ့ပြီး အခုဆိုရင်တော့ ဗီဒီယိုရုပ်ရှင်တွေ ၊ သီချင်း MTVတွေမှာပါ တွေ့လာရတဲ့အပြင် ပုရိသ ယောင်္ကျားလေးပရိသတ် တွေရဲ့ စိတ်ဝင်စားမှုအများဆုံးကိုရရှိထားတဲ့ နွယ်ဒါလီထွန်း ဖြစ်ပါတယ်။

နွယ်ဒါလီထွန်းကတော့ သူရဲ့တစ်နေ့တာလုပ်ဆောင်ချက်တော်တော်များများလေးတွေကိုFacebook Myday မှာ အမြဲလိုလို သူချစ်တဲ့ပရိသတ်ကြီးတွေအတွက် တင်ပေးနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က GYM တစ်ခုမှာ လေ့ကျင့်ခန်းတွေလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးတွေ တင်ထားခဲ့တဲ့ နွယ်ဒါလီ ထွန်းကတော့ ဒီနေ့နေ့လည်ပိုင်းမှာတော့ သူချစ်သူကို လူတွေကြားဖော်ထုတ်ပြသခဲ့တဲ့ Tiktok ဗီဒိယို တစ်ခု Facebook မှာတင်ခဲ့ပါတယ်။

ဒီဗီယိုလေးထဲမှာတော့ နွယ်ဒါလီထွန်းဟာ သူ့ရဲ့ချစ်စဖွယ်ပုံစံလေးနဲ့ ကော်ဖီဆိုင်မှာ ကော်ဖီသောက်နေတဲ့ပုံစံလေးကိုပဲ နဂိုရှိရင်းစွဲ စွဲမက်စရာလေးဖြစ်အောင်ပဲတင်ထားတာပါ။ဒါပေမယ့်သူတင်ထားတဲ့ Tiktok ဗီဒီယိုလေးထဲမှာ ပါဝင်တဲ့ သီချင်းလေးကတော့ passengerရဲ့ I’m yours သီချင်းလေးဖြစ်ပါတယ်။အဲ့တာတင်မကပဲ ချစ်စရာမင်းသမီးချောလေးကတော့ အဲ့ဒီ ဗီဒီယိုလေးကို သူ့ချစ်သူလို့ထင်ရတဲ့ နာမည်တစ်ခုနဲ့ အကောင့်ကို Tag တွဲပြီးတင်ထားတာဖြစ်ပါတယ်။ မင်းသမီးချောလေး ရဲ့ပုရိသ ပရိသတ်အပေါင်းကတော့ ရင်တွေပဲကွဲရမလား… ဘာလားဆိုတာတော့ နောက်ပိုင်း ဆက်လက်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအခြေအနေကို ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်.. ကဲ ပြောချင်လွန်းလို့ပရိသတ်ကြီးကရော ချစ်စရာကောင်းလှတဲ့ ဖြူဖြူဖွေးဖွေး မင်းသမီးချောလေးကို သူ့ချစ်သူနဲ့သဘောတူလား မတူဘူလားဆိုတာ ပြောပြခဲ့ပါဦး ခင်ဗျ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.