ရုပ်ရှင်အစည်းအရုံးမှာ အကယ်ဒမီဂယက်ကို ဆွေးနွေးခဲ့တဲ့ လွင်မိုး

ရုပ်ရှင်အစည်းအရုံးမှာ အကယ်ဒမီဂယက်ကို ဆွေးနွေးခဲ့တဲ့ လွင်မိုး

လတ်တလောမှာတော့ ၂၀၁၈ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီရရှိခဲ့တဲံ မင်းသားမင်းသမီးတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဆီက ဝေဖန်မှုတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ် ။ အမှန်တကယ် ရသင့်ရထိုက် သူတွေကို နေရာမပေးပဲ ရွေးချယ်ခဲ့တယ်လို့ အကယ်ဒမီဘုတ်အဖွဲ့နဲ့ တကွ တာဝန်ရှိသူတွေကို ပြစ်တင် ရှုံ့ချနေကြပြီး အကယ်ဒမီ သတင်းဟာ တကယ်ကို ဂယက်ရိုက်ခဲ့တာပါ ။ အခုလို အကယ်ဒမီဘုတ်အဖွဲ့ရဲ့ ပရိသတ်တွေ လက်မခံ နိုင်အောင် ရွေးချယ်ခဲ့မှုအပေါ် တည့်တည့်ဝေဖန်ခဲ့သူတွေ ထဲမှာ သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက ထိပ်ဆုံးကနေပါဝင်ခဲ့ပါတယ်။

ဒီနေ့မှတော့ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပတဲ့ ရုပ်ရှင်ပြသညှိုနှိုင်းအစည်းအဝေး မှာ လွင်မိုး လည်းတက်ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေးအပြီးမှာ ပွဲဆူခဲ့တဲ့ အကယ်ဒမီ ကိစ္စအတွက် အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အခုလိုဆွေးနွေးခဲ့တဲ့အတွက် ရုပ်ရှင်သိုင်းလောကအတွင်းမှာ ရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ပရိသတ်တော်တော်များများကတော့ လွင်မိုးဘက်ကနေ ထောက်ခံအားပေးခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ ပရိသတ်ကြီးရေ ရုပ်ရှင်လောကအတွက် ရှေ့ဆုံးက တိုက်ပွဲဝင်ပေးနေတဲ့ လွင်မိုး အတွက် မှတ်ချက်ကနေ တစ်ခုခုပြောပြခဲ့ကြပါဦး ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.