မွေးရာပါ နှလုံးတွင်းသွေးကြောအပိုပါလာသူကို ခွဲစိတ်ဖို့ထောက်ပံ့ပေးခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

မွေးရာပါ နှလုံးတွင်းသွေးကြောအပိုပါလာသူကို ခွဲစိတ်ဖို့ထောက်ပံ့ပေးခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

ချစ်သုဝေနဲ့လင်းလင်းတို့က သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ရဲ့ (၂)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကျန်းမာရေးဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ ထိုဖောင်ဒေးရှင်းက မွေးရာပါနှလုံးအပေါက်ပါ အသက်၅နှစ်အောက်ကလေးတွေကို အခမဲ့ ခွဲစိတ်ကုသပေးမှာဖြစ်ပါတယ်။ အဆိုပါ အလုပ်ဟာ ချစ်သုဝေအနေနဲ့ “ဘဝမှာအလုပ်ချင်ဆုံးရည်မှန်းချက်တစ်ခုဖြစ်ပြီး အမှန်တကယ်ခွဲစိတ်စရိတ် အားချင်းလိုအပ်နေသော မွေးရာပါနှလုံးအပေါက်ပါ အသက်၅နှစ်အောက်ကလေးတွေကို ဖောင်ဒေးရှင်း ဘုတ်အဖွဲ့ ဆုံးဖြတ်ချက်နဲ့အတူ (ငွေကြေးလိုအပ်မှု,ရောဂါပြင်းထန်အား စသည်တို့ပေါ်မူတည်၍)ရွေးချယ် ခွဲစိတ်လှူဒါန်းပေးတာတွေ ပြုလုပ်နေခဲ့တဲ့ ဖောင်ဒေးရှင်းပဲဖြစ်ပါတယ်။

အမြဲလိုလို ရောဂါသည်ကလေးငယ်တွေကို ခွဲစိတ်ကုသပေးလာလိုက်တာ ဒီတစ်ခါမှာဆိုရင်လည်း မွေးရာပါနှလုံးတွင်းသွေးကြောအပိုပါလာခဲ့တဲ့ ကလေးငယ်အတွက်ခွဲစိတ်မှုတွေ ကို ခေတ်သစ်ဖောင်ဒေးရှင်းကပဲပြုလုပ်ပေးခဲ့ပါတယ်။

“ခေတ်သစ်ဖောင်ဒေးရှင်းအနေဖြင့် ၂၈.၃.၂၀၁၉ နေတွင် လက်ပံတန်းမြို့နေ မသိမ့်သိမ့်သူ၏ မွေးရာပါနှလုံးတွင်းသွေးကြောအပိုကို ခွဲစိတ်ရန်မလိုဘဲ အဆို့ဖြင့်ပိတ်၍ အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါသည်။ ” လို့ ခေတ်သစ်ဖောင်ဒေးရှင်း PAGE မှာရေးထားခဲ့ပါတယ်။

ပါမောက္ခမှဦးဆောင်၍ အခမဲ့ကုသပေးခဲ့ပြီး နှလုံးသွေးကြောပိတ်သည့်အဆို့ကို ဖောင်ဒေးရှင်းမှ လှူဒါန်းပေးခဲ့ပါတယ်လို့ပြောထားခဲ့ပါတယ်။

စေတနာရှင်မိသားစုလေးဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးလဲ ပြည်သူ့အကျိုး တိုင်းပြည်အကျိုးကို အခုထက်မက သယ်ပိုးနိုင်ပြီးတော့ သာယာလှပတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုရဲ့အလှူလေးကိုကြည့်ပြီး သာဓုခေါ်ဆိုနိုင်ကြပါစေနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ss ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.