အကယ်ဒမီရတုန်းက ယောက်ျားကဘေးကိုလွင့်ထွက်သွားတယ်ဆိုတဲ့ ဂွမ်းပုံ

အကယ်ဒမီရတုန်းက ယောက်ျားကဘေးကိုလွင့်ထွက်သွားတယ်ဆိုတဲ့ ဂွမ်းပုံ

အကယ်ဒမီဂွမ်းပုံဟာ ပရိသတ်ပေးတဲ့အကယ်ဒမီကို ထိုက်တန်စွာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ဦးလို့ဆိုရင်မမှားပါဘူး။ ဂွမ်းပုံဟာ အကယ်ဒမီမရခင်တုန်းက ပရိသတ်တွေအနေနဲ့ အကယ်ဒမီအရစေချင်ဆုံးသရုပ်ဆောင်တွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အကယ်ဒမီဂွမ်းပုံက သူအကယ်ဒမီရတဲ့နှစ်တုန်းက အမှတ်တရတွေကို မီဒီယာတွေနဲ့အင်တာဗျူးတွေမှာ ဖြေကြားသွားပါတယ်။

တီဂွမ်းက အကယ်ဒမီရရမရရအမျိုးသားကို ဘေးမှာ စောင့်ရှောက်ပေးဖို့ပြောထားတယ်လို့ “အကယ်ဒမီမရခဲ့လို့ရှိရင်လည်းသူက ဘေးနားမှာအမြဲကပ်ပြီးတော့ပေါ့နော်။ တကယ်လို့ ရမယ်ဆိုရင်လည်း ငါ့ရဲ့ အိတ်တွေရော ဟိုဟာတွေရော ယူထားနော် ငါ့စိတ်ထဲမှာဘာမှမရှိတော့ဘူး တကယ်လို့ ကိုယ့်နာမည်မဟုတ်ပဲ သူများကြေငြာသွားရင်လည်း လက်ခုပ်တီးပြီးတော့ ပွဲပြီးသည်အထိနေမယ်ပေါ့။ အကယ်ဒမီစည်းမျဉ်းစည်းကမ်းဆိုတာကလည်း ကိုယ့်ထက်လူကြီးတွေကပိုသိတာကို”လို့ ပြောထားပါတယ်။

အကယ်ဒမီရတဲ့နှစ်တုန်းက ဂွမ်းပုံရဲ့ အမျိုးသားက အသံပဲကြားလိုက်ရပြီးဘေးကို လွင့်သွားတယ်ဆိုတဲ့အကြောင်း တီဂွမ်းက “အကယ်ဒမီရခဲ့ရင်လည်း ဘေးနားမှာရှိနေနော်လို့ မျက်ရည်တွေကျလာတာတွေဘာတွေဖြစ်နေမှာလို့ သူ့ကိုကြိုတင်ပြောထားတာ။ ဒါပေမယ့် သူဘေးနားမှာမရှိတော့ဘူး။ အကုန်လုံးကတက်လာပြီးသူ့ကိုတိုက်ချလိုက်တာ။ လွင့်ထွက်သွားတယ်တဲ့။ သူပြောတာပဲ”လို့ ရယ်မောရင်းပြောပြထားပြီး တီဂွမ်းရဲ့အမျိုးသားက “ရတယ်လို့သိလိုက်တဲ့အချိန်မှာ ကျွန်တော်ကြည့်လိုက်တော့ သူကအပေါ်ရောက်နေတယ်။ ကျွန်တော်က လွင့်ထွက်ပြီးဘေးရောက်သွားတယ်။မမျိုးသန္တာထွန်းကြေညာလိုက်တဲ့အချိန်မှာ ခုံအောက်ကိုလွင့်သွားပြီ”လို့ ရယ်မောပြီးပြန်ပြောပြထားပါတယ်။

ပြန်မော့ကြည့်လိုက်တော့ ဂွမ်းပုံက ခုံပေါ်ရောက်သွားပြီဆိုပြီး “ကျွန်တော်ယူထားတဲ့ ပိုက်ဆံအိတ်တွေဘာတွေလည်းပြုတ်ကျ လူလည်းခုံအောက်ကိုပြုတ်ကျပေါ့နော်။ အဲ့မှာနေကြပါဦးဖယ်ကြပါဦးဆိုပြီး လိုက်ကောက်တာ။ လိုက်ကောက်ပြီး မော့ကြည့်လိုက်တဲ့အချိန်မှာ သူက ခုံပေါ်ရောက်သွားပြီ။ အကုန်လုံးက မတင်ပေးလိုက်ကြတာကိုး”လို့ ဖြစ်ပုံကိုရင်ဖွင့်ထားပါသေးတယ်။

တီဂွမ်းက တော်ရဲ့သားနဲ့အကယ်ဒမီမရသေးတဲ့သူတွေလည်းရှိကြောင်း “တော်ရဲ့သားနဲ့ မရတဲ့ အနုပညာရှင်ကြီးတွေ အမေတွေလည်းရှိပါတယ်လို့ ။ ဒါပေမယ့် အကယ်ဒမီစည်းမျဉ်းစည်းကမ်းနဲ့ တကယ်ကိုက်ညီတဲ့သူတွေကိုပဲပေးတာကိုး။ အဲဒီတော့ အနုပညာရှင်တွေအကုန်လုံးက စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီတဲ့သူတွေအကုန်လုံးက ရကြပါစေလို့ဆုတောင်းပေးပါတယ်”လို့ ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဂွမ်းပုံကိုချစ်ကြလား။ ငယ်ငယ်ကတည်းက ဂွမ်းပုံကြောင့်ရယ်မောခဲ့ရပြီး ဂွမ်းပုံကိုလွမ်းဆွတ်နေကြတဲ့သူတွေရောရှိလား။ ဂွမ်းပုံကိုနောက်ထပ်အနုပညာအလုပ်တွေအများကြီးလုပ်စေချင်ကြလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.