ဖေ့ဘုတ်မှာ ပေါ်ပင်လုပ်တဲ့သူတွေကို သနားတယ်ဆိုတဲ့ Sophia Everest

ဖေ့ဘုတ်မှာ ပေါ်ပင်လုပ်တဲ့သူတွေကို သနားတယ်ဆိုတဲ့ Sophia Everest

အနောက်တိုင်းဆန်ဆန် မျက်နှာထား၊ အသံပါဝါအားကောင်းကောင်းနဲ့ အဆိုတော် ဖြစ်တဲ့ Sophia Everest ကိုတော့ ပရိသတ်တွေလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ ခပ်မြူးမြူးသီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်သလို ခံစားချက်ကောင်းတဲ့ သီချင်းတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ အဆိုတော် တယောက် ဖြစ်ပါတယ်။ အရည်ချင်းရှိရှိ တက်လာတဲ့ အဆိုတော်တယောက်ဖြစ်တာကြောင့် Sophia Everest ကတော့ သူ့အနေနဲ့ ပေါ်ပင်လုပ်တာတွေကို စိတ်မဝင်စားဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

Mc 7 နဲ့ အင်တာဗျုးမှာတော့ Sophia Everest ကတော့ ပေါ်ပင်လုပ်တဲ့ လူတွေနဲ့ ပတ်သက်ပြီး “ညီမက ပေါ်ပင်တွေကိုလည်း စိတ်မဝင်စားဘူး။ သူတို့ကို အထင်သေးတာလည်း မရှိဘူးပေါ့နော်။ ကိုယ့်အလုပ်ပဲကိုယ် ပုံမှန်လုပ်နေပါတယ်။ ဒါပေမယ့်မှန်မှန်ကန်ကန်တက်တဲ့သူကတော့ ကြာကြာမြဲမယ်။ မဟုတ်လို့ကတော့ ခဏလေးနဲ့ ပျောက်သွားမယ်လို့ ယုံကြည်တယ်။ ညီမက အဲ့လိုတွေ နည်းလမ်းတွေ သုံးပြီး အောင်မြင်ရတာတွေ။ ပေါ်ပင်လုပ်ပြီး အောင်မြင်ရတာတွေကို ညီမ မကြိုက်ဘူး။ ညီမအရည်ချင်းစစ်ရင်တော့ အောင်မြင်မှာပါ”

“ညီမကတော့ သူတို့က သနားတယ်။ သူတို့ရဲ့ ဗီဒီယိုတွေကို ကြည့်တိုင်းလည်း သနားတယ်။ ဘယ်လိုပြောရမလဲတော့ မသိဘူးပေါ့။ လုပ်စရာတွေ မရှိလို့လား။ ဘာကြောင့်လည်းတော့ ညီမလည်း မသိပါဘူး။ ဒါပေမယ့်လည်း သူတို့တင်တဲ့ ဗီဒီယိုတွေကို ကြည့်ပြီးတော့ ညီမကတော့ တော်တော်သနားမိတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ပေါ်ပင်မကြိုက်တဲ့ Sophia Everest ကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာ အားပေးတဲ့သူတွေ ရှိကြလား။ အားနေပေါ်ပင်လုပ်နေတဲ့သူဆိုရင်ရော ပြောချင်လွန်းလို့ ပရိသတ်ကြီးအနေနဲ့ ဘယ်သူတွေကို အရင်ဆုံး ပြေးမြင်မိကြလဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.