သားလေးသူ့မျက်စိရှေ့မှာရှိရင် ပျော်တယ်ဆိုတဲ့ ဆုပန်ထွာ

သားလေးသူ့မျက်စိရှေ့မှာရှိရင် ပျော်တယ်ဆိုတဲ့ ဆုပန်ထွာ

အနုပညာလောကထဲမှာ သရုပ်ဆောင်လုပ်လာတာ ဝါရင့်နေပြီဖြစ်တဲ့ မင်းသမီးဆုပန်ထွာကတော့ ယခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ နည်းနည်းကျဲလာပြီး ပမိသားစုအတွက် အချိန်ပေးနေရတာလည်း ဖြစ်ပါတယ်။ ဆုပန်ထွာကတော့ အနုပညာတွေကိုမလုပ်ဖြစ်ပေမယ့်လည်း ပွဲတွေကိုတော့ အဆက်မပြတ်တက်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူ့အနေနဲ့သားကိုလည်း ပစ်ထားလို့ရတဲ့အရွယ်မဟုတ်တာကြောင့် ပွဲတွေအထိပါ ခေါ်လာရပြီး အခက်ခဲလေးတွေကို ပြောကြားသွားခဲ့ပါတယ်။

Sunday နဲ့ အင်တာဗျူးမှာတော့ ဆုပန်ထွာက သားလေးနဲ့အတူတူပွဲတက်ဖြစ်တာနဲ့ ပတ်သက်ပြီး “အစ်မက အခုတလောခရီးတွေကို သူ့ကိုထားပြီး သွားတာများတာရော။ အဲ့ဒါကြောင့်ပွဲတွေတက်မယ့် အချိန်တွေကျတော့ သူကလည်းလိုက်မယ်ဆိုတော့ သူ့ကိုလည်းသနားတယ်လေ။ အဲ့ကြောင့်ပွဲတွေကို ခေါ်လာလိုက်တာ။ သူကလူလည်းမကြောက်ဘူး လျှောက်သွားနေတာ။ ပျော်နေတာလိုက်လာရရင်။ အစ်မကတော့ ကိုယ်တယောက်ထဲ အလုပ်လုပ်ရတာတော့ လုပ်ရတာပေါ့နော်။ ဒါပေမယ့်လည်း သားသားကနဘေးမှာ ရှိနေတော့ သူ့အတွက်စိတ်မပူရတော့ဘူးပေါ့။ အစ်မခရီးတွေသွားနေရင်လည်း စိတ်ပူတာပေါ့။ အဲ့ဒါအစ်မတယောက်ကို အိမ်မှာလာနေခိုင်းထားတာတောင် တလလောက်ရှိပြီ။ သားသားလေးကအဆင်ပြေတယ်တဲ့။ သူကလူတွေကိုပေါင်းတက်တာ။ သူ့ဟာသူကျတော့ အဆင်ကိုပြေနေတာပဲ”

ကလေးက ဘယ်လိုပုံစံလေးထဲမှာပါလဲ ဆိုတဲ့အပေါ်မှာတော့ “အဲ့လိုမျိုး သေချာရှင်းပြရင်တော့ နားလည်တယ်။ မားမားအပြင်သွားမယ်။ အိမ်စောင့်ပေး။ နည်းနည်းရိုက်ထားတာလေးတွေ ရှိတော့နားလည်တယ်။ ပြီးတော့အခုနောက်ပိုင်း အလုပ်ရှုပ်နေတာကလည်း အိမ်ထောင်တခုမှာ ယောကျာ်းလေးတယောက်ထဲ စီးပွားရှာတာထက်စာရင် အမျိုးသမီးကပါ စီးပွားရှာတာ ပိုပြီးတော့ ကောင်းတာပေါ့”

“မိခင်တယောက်ရဲ့ ဘဝဆိုတော့လေ မပန်ကတော့ ဒီဘဝလေးကိုပျော်ပါတယ်။ အစ်မအရင်တုန်းကတော့ အနုပညာအလုပ်တခုထဲနဲ့ ပင်ပန်းလိုက်တာလို့ အမြဲပြောဖူးတယ်။ အခုကျတော့ အလုပ်တွေပိုပြီးများလာတယ်။ အိမ်ထောင်တာဝန်တွေပိုပြီးတော့ ရှိလာတယ်။ ကိုယ့်စိတ်ကိုကလည်း လုပ်နိုင်ရမှာပေါ့။ လုပ်တတ်ရမှာပေါ့။ မဖြစ်ဖြစ်နိုင်အောင်လုပ်ရမှာပေါ့ဆိုတဲ့ စိတ်လေးပေါ့။ ဒါပေမယ့်ကိုယ်လုပ်နိုင်တယ် နည်းနည်းလေး မောတာတခုပဲပေါ့။ အစ်မကတော့ ဒီဘဝလေးကိုပျော်တယ်။ သူ့ကိုမြင်နေရရင်ပျော်တာပေါ့။ ကိုယ့်အလုပ်လည်း မပျက်ဘူး။ ကလေးကလည်းအမေကိုမြင်နေရရင် ပျော်တယ်ဆိုရင် ကြိုးစားပြီးတော့ လုပ်ပါတယ်” ဟုပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.