အမေရိကားမှာ ရုပ်ရှင်တရားဝင် ရိုက်ကူးခွင့် ရရှိခဲ့တယ်ဆိုတဲ့ လူမင်း

အမေရိကားမှာ ရုပ်ရှင်တရားဝင် ရိုက်ကူးခွင့် ရရှိခဲ့တယ်ဆိုတဲ့ လူမင်း

နာမည်ကြီး ဝါရင့်မင်းသား ထပ်ဆင့်အကယ်ဒမီလူမင်းကတော့ အမေရိကားမှာ မေတ္တာ ဆိုတဲ့ရုပ်ရှင်ကိုခတရားဝင်ရိုက်ကူးခွင့် ရရှိခဲ့ပုံကို ပြောကြားလာခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲ့ရုပ်ရှင်လောကကတော့ အမေရိကန်နိုင်ငံအထိကို ထိုးဖောက်စပြုနေပါပြီ။ မင်းသားလူမင်းကတော့ သူ့အနေနဲ့ဒီလိုနိုင်ငံခြားမှာ ရုပ်ရှင်တွေသွားရောက် ရိုက်ကူးတဲ့အပြင် မြန်မာနိုင်ငံမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် အကောင်းဆုံး ကြိုးစားအားထုတ်နေကြောင်း ပြောကြားသွား ခဲ့ပါတယ်။

လူမင်းကတော့ KZ မီဒီယာနဲ့ အင်တာဗျူးတွင် အမေရိကားမှာ ရုပ်ရှင်သွားရိုက်တာနဲ့ ပတ်သက်ပြီး ” ဟိုမှာအတွေ့ကြုံကတော့ အကို ၃၁ ရက်ကြာခဲ့တယ်။ မေတ္တာဆိုတဲ့ ရုပ်ရှင်ကားကိုပေါ့။ ပြီးတော့ Hollywood ဒါရိုက်တာနဲ့လည်း ရိုက်ခွင့်ရတဲ့အတွက် အတွေ့အကြုံတွေ ဇာတ်ညွန်းပညာတွေ လေ့လာသင်ယူစရာတွေ အများကြီးပဲ”

“ကိုယ်တို့ဆီမှာ Line Walker လာရိုက်သလိုပဲ ကိုယ်တို့လည်း အမေရိကားဆိုတဲ့ နိုင်ငံကြီးမှာ အလည်အပတ်သွားရင်းနဲ့ ရိုက်တာမဟုတ်ပဲ တရားဝင်အစိုးရက ခွင့်ပြုချက်ကြီးနဲ့ ရိုက်ကူးခွင့်ကို ရရှိခဲ့တာကြောင့် မြန်မာနိုင်ငံလို နိုင်ငံသေးသေးလေး ဒီနိုင်ငံသားတယောက် အနေနဲ့ကတော့ ဂုဏ်ယူစရာပါပဲ။ ဟိုမှာလည်း အစစအရာရာ အဆင်ပြေခဲ့ပါတယ်”

“အခုလောလောဆယ်တော့ အကို MRTV 4 နဲ့ရိုက်လက်စ ဇာတ်လမ်းတွဲလေးတခု ရိုက်နေပါတယ်။ တဖက်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.