ကြင်စဦးမှာ ပျော်မြူးနေတဲ့ ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေး

ကြင်စဦးမှာ ပျော်မြူးနေတဲ့ ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေး

ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေးဟာ memes တွေမှာ အတူတူတွဲပြီး troll ခံနေရတာ ကြာခဲ့ပြီဖြစ်ပေမယ့် သူတို့နှစ်ယောက်တကယ်တမ်း အတူတွဲပြီး အနုပညာတွေလုပ်မိတာကတော့ သိပ်မကြာသေးခင်ကမှပါ။ ခြိမ့်ကေကိုက အင်တာဗျူးတွေမှာ ဖြူဖြူထွေးလိုကောင်မလေးကိုကြိုက်ပါတယ်လို့ဖြေခဲ့ဖူးပေမယ့် ဖြူဖြူထွေးဘက်ကတော့ ဘာမှတုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။ အခုတော့ ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေးကိုအတူတွဲပြီးမြင်ချင်နေကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒပြည့်ခဲ့ပြီလို့ဆိုရမှာပါ။

မကြာခင်က ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေး အတူတူရိုက်ထားခဲ့တဲ့ သုံးဘီးကားသီချင်း MTV ထွက်ရှိလို့လာပါပြီ။ အဲဒီထဲမှာ ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေးက ဟန်းနီးမွန်းထွက်လာကြတဲ့ ကြင်စဦးဇနီးမောင်နှံအဖြစ်သရုပ်ဆောင်ထားခဲ့တာပါ။ သုံးဘီးကားထဲမှာ ပျော်ရွှင်နေကြတဲ့ အသစ်စက်စက်ဇနီးမောင်နှံလိုလို ချစ်သူတွေလိုလိုနဲ့ ဖြူဖြူထွေးနဲ့ ခြိမ့်ကေကိုဟာ နှစ်ယောက်စလုံးပျော်ရွှင်လို့နေပါတယ်။ အဲဒီထဲမှာ ဖြူဖြူထွေးက ခြိမ့်ကေကိုကို စိတ်ကောက်နေပြီး ခြိမ့်ကေကိုက အမျိုးမျိုးလိုက်ချော့နေရတဲ့ အရမ်းကိုရိုတဲ့အခန်းတွေလည်းပါဝင်ပါတယ်။

နောက်ပိုင်းမှာတော့ ချစ်သူလေးနဲ့ အခန်းထဲဝင်ပြီး ဖယောင်းတိုင်မီးမှုတ်လိုက်တဲ့အခန်းတွေလည်းပါတာမို့ လူငယ်တွေအကြိုက်တွေ့စေမယ့် အသည်းယားစရာ MTV တစ်ခုလို့လည်းပြောလို့ရပါတယ်။ ဒါတင်မကသေးပါဘူး။ ဖြူဖြူထွေးက ခြိမ့်ကေကိုကို ဟင်းတွေဘာတွေချက်ကျွေးပြီးထမင်းအတူစားတဲ့ ကြည်နူးစရာ scenes လေးတွေလည်းပါပါတယ်။ သီချင်းနာမည်က သုံးဘီးကား ဖြစ်ပြီး အဆိုတော်ကတော့ အာကာမင်းပါ။ ခြိမ့်ကေကိုက အဲဒီ MTV လေးကို သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေအတွက်ဝေမျှထားခဲ့ပါတယ်။ ဖြူဖြူထွေးကတော့ သူမရဲ့ account မှာ ဘာမှတင်ထားခြင်းမရှိခဲ့ပါဘူး။

အဲဒီ video ဟာ တစ်ခဏအတွင်းမှာတင် ကြည့်ရှု့သူ ငါးထောင်ကျော်သွားခဲ့ပြီး ခြိမ့်ကေကိုနဲ့ ဖြူဖြူထွေးရဲ့ပရိသတ်တွေကလည်း တခဲနက်အားပေးခဲ့ကြပါတယ်။ ဖြူဖြူထွေးနဲ့ ခြိမ့်ကေကိုကို သဘောတူနေကြတဲ့ပရိသတ်တွေလည်းတစ်စတစ်စများပြားလာခဲ့ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် MTV video လေးထည့်သွင်းဖော်ပြလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.