“ဝတ်​လဲ​တော်​​ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်​” ရုပ်ရှင်မှာ တွေ့မြင်ရမယ့် ဒေါင်း၊ ဝတ်မှုံရွှေရည်နဲ့ အေးသောင်း

“ဝတ်​လဲ​တော်​​ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်​” ရုပ်ရှင်မှာ တွေ့မြင်ရမယ့် ဒေါင်း၊ ဝတ်မှုံရွှေရည်နဲ့ အေးသောင်း

ကျေးလက်တောရွာက လူနေမှုဘဝပုံစံတွေကို ပိုင်နိုင်စွာ ရေးသားနိုင်တဲ့ နိုင်ငံကျော် စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ နာမည်ကြီးဝတ္ထု တစ်ပုဒ်ဖြစ်တဲ့ “ဝတ်​လဲ​တော်​​ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်​” ဝတ္ထုကို မဖတ်ဖူးသူ မရှိလောက်ဘူး ထင်ပါတယ်။ “ဝတ်​လဲ​တော်​​ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်​” ဝတ္ထုက မြင်းခြံနယ်က နတ်ပွဲတွေရဲ့ အကြောင်းနဲ့ နတ်ပွဲကိုသွားကြတဲ့ ကိုကျီးညိုနဲ့ မခင်နှောင်းတို့ရဲ့ အချစ်အကြောင်းကို ပုံဖော်ထားတဲ့ ချစ်စရာတော့ဓလေ့တွေ ရောယှက်နေတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

စာဖတ်ပရိသတ်တွေ စွဲစွဲလန်းလန်းကြိုက်နှစ်သက်ခဲ့ရတဲ့ ဆရာမ ခင်ခင်ထူးရဲ့ “ဝတ်​လဲ​တော်​​ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဝတ္ထုကို ဇန်နဝါရီလကတည်းက ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကို ရောင်းချထားပြီပဲ ဖြစ်ပါတယ်။

“ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဝတ္ထုကို ဒါရိုက်တာ မီးပွားက ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးအသက်သွင်းမှာ ဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ ဒေါင်း၊ အကယ်ဒမီ ဝတ်မှုံရွှေရည် နဲ့ အေးဝတ်ရည်သောင်းတို့က ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။

မအေးသောင်းက ထိုရုပ်ရှင်ရိုက်ကူးမယ့်အကြောင်းကို အင်တာဗျူးတစ်ခုမှာ အတိအကျပြောထားပြီးပြီပဲ ဖြစ်ပါတယ်။”ဝတ်​လဲ​တော်​​ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်က ပရိသတ်တွေ စိတ်ဝင်စားကြတဲ့ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်၊ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီလွဲခဲ့ရတဲ့ အေးဝတ်ရည်သောင်းတို့ကို အတူတကွ မြင်တွေ့ရမယ့် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်မှာ အသေအချာပါပဲ။

ဝတ္ထုဖတ်စဉ်ကတည်းက စွဲစွဲလန်းလန်း ကြိုက်နှစ်သက်ခဲ့ရတဲ့ ဆရာမခင်ခင်ထူးရဲ့ “ဝတ်​လဲ​တော်​​ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဝတ္ထုကို ဒါရိုက်တာ မီးပွားက ဘယ်လိုပုံစံနဲ့ အကောင်းဆုံးဖန်တီးထားမလဲဆိုတာ စိတ်ဝင်စားစရာပဲနော်။ ပရိသတ်ကြီးလဲ ဒီရုပ်ရှင်ကြီး အမြန်ဆုံးရိုက်ကူးနိုင်ပါစေလို့ ဆုတောင်းပေးပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.