အကယ်ဒမီနဲ့ပတ်သက်ပြီး မကြိုက်ဆုံးအချက်ကိုပြောသွားတဲ့ ခင်လှိုင်

အကယ်ဒမီနဲ့ပတ်သက်ပြီး မကြိုက်ဆုံးအချက်ကိုပြောသွားတဲ့ ခင်လှိုင်

အနုပညာနယ်ပယ်ထဲမှာ ဝါရင့်သဘာရင့် သရုပ်ဆောင် တယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ သူ့အနေနဲ့ ဒီတနှစ်မှာ ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာတော့ သူမကြိုက်တဲ့အချက်ကို ပြောကြားသွား ခဲ့ပါတယ်။ ခင်လှိုင်ကတော့ အချစ်အမုန်း ဟာသ အလွမ်းအဆွေး လူကြမ်း ဇာတ်ရုပ်အားလုံးကို ပိုင်နိုင်တဲ့ သရုပ်ဆောင်ဖြစ်ပြီး သူ့အမြင်လေးကိုတော့ ပြောကြားသွားခဲ့ပါတယ်။

ခင်လှိုင်ကတော့ အလင်းတန်း ဂျာနယ်နဲ့ အင်တာဗျူးမှာတော့ “ကျွန်တော့်အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ တနှစ်လုံးမှာ ကျွန်တော်ရုပ်ရှင်ကားတွေ သိပ်ပြီးတော့ မကြည့်ဖြစ်ဘူးဗျာ။ တချို့ကားတွေတောင်မှ ကျွန်တော့်အနေနဲ့ Press Show မလာနိုင်တဲ့ အချိန်တွေ ရှိပါတယ်။ ကျွန်တော်တချိန်လုံး ရိုက်ကူးရေးမှာပဲ နယ်တွေလည်း သွားနေရတာများတော့ ဆုံးဖြတ်ဆို ကျွန်တော်မသိပါဘူး။

ဘယ်သူအားသာတယ်။ ဘယ်သူအားနည်းလည်း ဆိုတာကိုလည်း မသိပါဘူး။ ဘယ်ကားတွေ ဘယ်လိုမျိုး ကောင်းတယ်ဆိုတာကတော့ သတင်းတွေ ဘာတွေ ကြားနေရတာပေါ့။ ကောင်းတာကတော့ သိပါတယ်။ ဘာလို့လည်းဆိုတော့ သေသေချာချာလေး ပြင်ဆင်ထားတာလေးတွေ နောက်တသက်တာဆုပေးတဲ့ အချိန်မှာ ဒီလိုမျိုး ဆုပါလာတာကို ကျွန်တော်က သဘောကျတာ။ တကယ့် အနုပညာရှင်ကြီးတွေရဲ့ စကားသံကြားရတာကောင်းပါတယ်”

“ဒါပေမယ့်လည်း အကယ်ဒမီပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်သဘောမကျတာ တခုတော့ ရှိပါတယ်။ အကုန်လုံးပွဲတက်လာတဲ့သူတွေ အားလုံးက ဝတ်ကောင်းစားလှတွေ ဝတ်ပြီးတော့ အစားအသောက်ကို တန်းစီပြီးယူနေရတာကတော့ သိပ်သဘောမကျဘူးဗျာ။ ဒါကြီးကတော့ ပြောရရင် မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ မယူလို့ကလည်း မဖြစ်ဘူး ပွဲချိန်က ဘယ်လောက်ကြာမလဲမသိဘူးလေ။ ဗိုက်ကဆာတယ်ဆိုတော့လည်း သွားပြီးတော့ တန်းစီရတာပေါ့။ ကျွန်တော်ဆို တောင်ရှည်ကြီးနဲ့ ပိုဆိုးတယ်။ မုန့်ထုတ်တွေ သွားပြီးတော့ တန်းစီရတာပေါ့။ အမှန်တကယ်တော့ ဟိုအရင်နှစ်တွေတုန်းကလိုမျိုး ခုန်တွေပေါ်တင်ထားလိုက်ရင် ဒီလိုမျိုး ရုပ်မပျက်ဘူးပေါ့နော်။ ကိုယ့်ထိုင်ခုံလေးမှာ အထုတ်လေးတွေ တင်ထားရင် ဒီတိုင်းစားလိုက်ရုံပဲ။ တန်းစီစရာ မလိုဘူးပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.