“မုန်းစွဲ” ဒါရိုက်တာကြီး သြရသရဲ့ အကယ်ဒမီ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်လာခဲ့ကြတဲ့ အနုပညာရှင်များ

“မုန်းစွဲ” ဒါရိုက်တာကြီး သြရသရဲ့ အကယ်ဒမီ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်လာခဲ့ကြတဲ့ အနုပညာရှင်များ

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲကြီးမှာ အကောင်းဆုံး အကယ်ဒမီဆုကြီး (၄)ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ကားကြီးဟာဆိုရင် ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်စား လူကြိုက်များခဲ့ရတဲ့ ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုကြီး (၅) ဆုအထက်ကို ခန့်မှန်းထားခဲ့ကြပေမယ့် ဆုကြီး (၄) ဆုကိုသာ ဆွတ်ခူးရရှိခဲ့တဲ့ “မုန်းစွဲ” ရုပ်ရှင်ကားကြီးကတော့ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးသရုပ်ဆောင်ထားတဲ့ ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။

အသံဆု၊ ဓာတ်ပုံဆု၊ ဒါရိုက်တာဆု၊ ဇာတ်ပို့ဆု စတဲ့ ဆုတွေကို ရရှိခဲ့ရတဲ့ “မုန်းစွဲ” ရုပ်ရှင်ကားကြီးကတော့ ရုံတင်ချိန်မှာလည်း ပရိသတ်တွေရဲ့ တောင်းဆိုအားပေးမှုကြောင့် (၁၁) ပတ်တိတိကို ပြသပေးခဲ့ရတဲ့ ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ “မုန်းစွဲ” ကားကြီးကို ပရိသတ်တွေ အကြိုက်များပြီး စိတ်ဝင်စားမှုရှိအောင် အကောင်းဆုံးဖြစ်အောင် ရိုက်ကူးပေးခဲ့မှုကြောင့် အကောင်းဆုံး ဒါရိုက်တာဆုကြီးကို ဆွတ်ခူးရရှိခဲ့တဲ့ ဒါရိုက်တာ သြရသရဲ့ ဂုဏ်ပြုညစာစားပွဲကြီးကိုတော့ မတ်လ ၂၈ ရက်နေ့ ညပိုင်းက အနုပညာရှင်တွေများစွာတို့နဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

“မုန်းစွဲ” ဒါရိုက်တာကြီး သြရသရဲ့ ဂုဏ်ပြုညစာစားပွဲကြီးကို ပျော်ပျော်ပါးပါး တက်ရောက်လာခဲ့ကြတဲ့ အနုပညာရှင်တွေများစွာတို့ရဲ့ ပျော်ရွှင်ဖွယ်ရာ ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ “မုန်းစွဲ” ဒါရိုက်တာကြီး သြရသရဲ့ ဂုဏ်ပြုညစာစားပွဲကြီးမှာ အရမ်းကို ပျော်ရွှင်နေကြတဲ့ အနုပညာရှင်ပေါင်း များစွာတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေး သွားကြပါဦးနော်။

“မုန်းစွဲ” ဒါရိုက်တာကြီး သြရသရဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်လာခဲ့တဲ့ နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီ မင်းသား နေတိုးကတော့ ” သူငယ်ချင်း ဩရသ ရဲ့ ဂုဏ်ပြုပွဲမှ …ထာဝရ ..နေတိုး ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

“မုန်းစွဲ” ဒါရိုက်တာကြီး သြရသရဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်လာခဲ့တဲ့ ဇွဲဝေယံထက်၊ ဇွဲဝေယံထူး အမွှာညီအစ်ကို နှစ်ယောက်ဟာဆိုရင်လည်း ” ဘဘဒါရိုက်တာ သြရသရဲ့ ဂုဏ်ပြုပွဲကို သွားခဲ့ကြတာပါခင်ဗျာ ” ဆိုတဲ့ စာသားလေးနဲ့ သူတို့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

နေတိုးနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြတဲ့ နေတိုးငယ်ဘဝမှ ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ အမွှာညီအစ်ကို နှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ ချစ်စရာ မြင်ကွင်းပုံရိပ်

“မုန်းစွဲ” ဒါရိုက်တာကြီး သြရသရဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်လာရင်း တွေ့ဆုံခဲ့ကြတဲ့ နေတိုး၊ အေးဝတ်ရည်သောင်း၊ ဇွဲဝေယံထက်၊ ဇွဲဝေယံထူးတို့ရဲ့ ကြည်နူးစရာကောင်းတဲ့ ချစ်စရာမြင်ကွင်း အမှတ်တရပုံရိပ်

“မုန်းစွဲ” ဒါရိုက်တာကြီး သြရသရဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်လာခဲ့ကြတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့ သူငယ်ချင်း သုံးယောက်ကတော့ ” ဒာရိုက်တာ သြရသရဲ့ အကယ်ဒမီ ဂုဏ်ပြုညစာစားပွဲ ” ဆိုတဲ့ စာသားလေးနဲ့ သူတို့ သူငယ်ချင်းသုံးယောက်ရဲ့ ဗရမ်ဗတာ ဘီအက်ဖ်ဖက်ဖ်များ ဖေ့ဘုတ်ပေ့ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

“မုန်းစွဲ” ဒါရိုက်တာကြီး သြရသရဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်လာရင်း အရမ်းကို ပျော်ရွှင်နေကြတဲ့ အနုပညာရှင်များစွာတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဒါရိုက်တာကြီး သြရသရဲ့ ဂုဏ်ပြုညစာစားပွဲကြီးမှာ အရမ်းကို ပျော်ရွှင်နေကြတဲ့ အနုပညာရှင်များစွာတို့ရဲ့ ပျော်ရွှင်ဖွယ်ရာပုံရိပ်လေးတွေကိုကြည့်ရင်း သဘောကျ ကြိုက်နှစ်သက်ပြီး အပျော်တွေ ထပ်တူကူးစက်မိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကိုကျးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.