နောက်ရုံးချိန်းတစ်ခုထပ်ရွှေ့လိုက်တဲ့ဝေဠုကျော်နဲ့သင်းသင်းအမှု

နောက်ရုံးချိန်းတစ်ခုထပ်ရွှေ့လိုက်တဲ့ဝေဠုကျော်နဲ့သင်းသင်းအမှု

လူအများကြီးစိတ်ဝင်စား ပြီးအခုထက်ထိဘယ်သူမှန်လဲသေချာမသိရသေးတဲ့ သရုပ်ဆောင်မင်းသားကြီး ဝေဠုကျော် နဲ့အလှမယ်သင်းသင်းတို့ရဲ့မှုကတော့ အခုဆိုရင် (၆)ကြိမ်မြောက်ရှိသွားပါပြီ။ အခု၆ကြိမ်မြောက်ရုံးချိန်းကို သင်္ကန်းကျွန်းတရားရုံးမှာ မတ်လ ၂၈ရက်နေ့ကထပ်မံပြုလုပ်သွားပါတယ်။ သူတို့အမှုဘယ်လိုအခြေအနေတွေရောက်နေပြီလည်း ဝေဠုကျော်ဘက်ကရော ရင်ဆိုင်ဖို့ဘာတွေပြင်ဆင်ထားပြီးပြီးလဲ၊ အမှုသွားမှုလာတွေကဘာဖြစ်နေပြီလဲဆိုတာကို ဝေဠုကျော်ရဲ့ရှေ့နေကပြောပြသွားပါတယ်။သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေကိုပြောပြသွားခဲ့ပါတယ်။

ဝေဠုကျော်ရဲ့ရှေ့ဖြစ်တဲ့ဦးဖိုးဖြူကတော့အမှုအခြေအနေကို “ဒီနေ့ကဦးဝေဠုကျော်ဘက်ကနေပြီးတော့ ပြန်လည်စစ်မေးတာတွေကို ပြုလုပ်ရမယ့်နေ့ရက်တွေဖြစ်ပါတယ်။ ဒေါ်သင်းသင်းဦးရဲ့ထွက်ဆိုချက်တွေအပေါ်မှာ မှတ်ကျောက်တင်ရမယ့် တစ်နည်းအားဖြင့်ပြန်လည်စစ်မေးပြီးတော့ သက်သေခံချက်တွေကို ဆန်းစစ်ရမယ့်ရုံးချိန်းရက်ဖြစ်ပါတယ်။ဒါပေမယ့်ကိုဝေဠုကျော်ရဲ့ညွှန်ကြားချက်အရ တခြားတခြားသောသူ့ဖက်ကတင်ပြစရာသက်သေခံချက်တွေ အထောက်အထားတွေအချက်အလက်တွေကို ဒီထက်ပိုမိုပြည့်စုံဖို့လည်းလိုအပ်တာလေးတွေလည်းရှိနေပါသေးတယ်။ ဒီအပိုင်းကတစ်ပိုင်းပေါ့ ကျွန်တော်ကိုယ်၌ကလည်း တခြားခရိုင်မှာလည်းရုံးချိန်းတစ်ခုနဲ့ တိုက်ဆိုင်နေတာမျိုးလည်းရှိပါတယ်။ ဒါကြောင့်မို့အချက်နှစ်ချက်ကြောင့်မို့လို့ ကိုဝေဠုကျော်ဘက်ကလည်း တင်ပြဆရာသက်သေခံချက်အထောက်အထားအပြည့်စုံနဲ့တင်သွင်းနိုင်ဖို့အတွက်ရုံးချိန်းလေးတစ်ချိန်းကို ကျွန်တော်တို့ ထပ်တိုးပြီးယူလိုက်တယ်လို့လည်း ပြောမယ်ဆိုလည်းရပါတယ်။ တစ်ဘက်ကလည်းကျွန်တော့်ရဲ့ရုံးချိန်းနဲ့လည်းတအားကပ်သွားတဲ့အတွက် ရုံးချိန်းတစ်ချိန်းကိုထပ်ရွှေ့ပြီးယူလိုက်ပါတယ်ခင်ဗျ။

ဧပြီလ ၁၁ရက်နေ့ ၁၀နာရီကို ကျွန်တော်တို့ဒေါ်သင်းသင်းဦး ကိုပြန်လှန်စစ်မေးတဲ့လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားပါ့မယ်။ သူရဲ့သက်သေခံချက်တွေဟာ ဥပဒေဘောင်ဝင်တယ်၊ မဝင်ဘူး၊ တရားဝင်တယ် ၊မဝင်ဘူး ၊ မျှတမှုရှိတယ်မရှိဘူး။ ဒါ့အပြင်မှတ်ကျောက်တင်ပြီးတော့ ဆန်းစစ်နိုင်လောက်တဲ့အခြေအနေတစ်ရပ်ကို ဖော်ထုတ်သွားဖို့အတွက် ရုံးချိန်းတစ်ချိန်းနောက်ရုံးချိန်းမှာဆက်လက်ပေါ်ပေါက်လာမှာဖြစ်တယ် လို့ကျွန်တော်ပြောကြားလိုပါတယ်။”လို့ပြောပြသွားခဲ့ပြီး ဒီအမှုအပေါ်ရပ်တည်မှုအရဘယ်လောက်ထိကျေနပ်မှုရှိမလဲဆိုတဲ့မေးခွန်းကိုတော့ “စွပ်စွဲတဲ့သူဘက်ကတော့ သူရဲ့စွပ်စွဲချက်တစ်ပိုင်းပဲရှိပါသေးတယ်။ သူ့စွပ်စွဲချက်တစ်ပိုင်းကိုပဲ တစ်ဖက်သက်ကြီးပြောလို့မရသေးဘူးပေါ့ ။ တစ်ပိုင်းအပြောပဲရှိသေးတာကို အဲ့ဒီအပြောတွေက ဘယ်လောက်ထိမှန်တယ်ဆိုတာ ဟာပြန်လှန်စစ်မေးတဲ့ အခါကြတော့မှပေါ်ပေါက်လာတော့မှာ။”ဆိုပြီးတော့ပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.