နှာခေါင်းခွဲစိတ်ဖို့ ပိုက်ဆံစုနေတယ်ဆိုတဲ့ စူးရှထက်

နှာခေါင်းခွဲစိတ်ဖို့ ပိုက်ဆံစုနေတယ်ဆိုတဲ့ စူးရှထက်

အဆိုတော် အစ္စဏီကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာတပြည်လုံးက သိလာတဲ့ မော်ဒယ် စူးရှထက်ကတော့ ယခုနောက်ပိုင်းမှာ အောင်မြင်တဲ့ဖက်ကို ရောက်နေပြီ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကောက်ကြောင်း ခပ်မိုက်မိုက်နဲ့ စူးရှထက်ကတော့ သူ့အနေနဲ့ သူ့ခန္ဓာကိုယ်မှာ ခွဲစိတ်ပြုပြင်ထားတဲ့အရာတွေကို အမြဲတမ်းလိုလို ပရိသတ်တွေကို အသိပေးနေကြ ဖြစ်ပါတယ်။ ယခုတခါမှာလည်း သူနောက်ထပ် ခွဲစိတ်ပြုပြင်မယ့် ကိစ္စကို ပရိသတ်တွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။

8 Day နဲ့ အင်တာဗျူးမှာတော့ စူးရှထက်က နောက်ထပ်ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး “နောက်ထပ်ခွဲစိတ်မှုကတော့ နှာခေါင်းလေး ပြင်ချင်ပါတယ်။ မပြင်ဖြစ်သေးပါဘူး။ ပိုက်ဆံစုနေပါတယ်” “အသက်ကတော့ မမေးနဲ့လေ။ ၄၀ ပြည့်တော့မယ်။ ကိုယ့်ကို ရင့်ကျက်လာတဲ့ သူဆိုရင်တော့ သူက အချိန်ကာလတွေက ပြောပြပေးသွားတာပါ။ ကိုယ်တွေ့ကြုံရတဲ့လူတွေ ကိုယ့်ဘဝဖြတ်သန်းခဲ့ရတဲ့သူတွေ ကိုယ်နဲ့ ပတ်သက်ခဲ့တဲ့သူတွေကြောင့်ပဲ သင်ခန်းစာသင်ပေးသွားတာပေါ့”

“ကုသိုလ်လုပ်တာကလည်း ကိုယ့်စေတနာပဲ ဒါကြီးကို လှူပြီးတော့မှ ကိုယ့်စိတ်ကတခြားစိတ်ရောက်နေရင်လည်း မကောင်းဘူးလေ။ ညီမ ကုသိုလ်က အခုမှလုပ်တာမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက လုပ်ပါတယ်”

လေယာဉ်မောင်လေးကို သဘောကျနေတာလားဆိုတဲ့ အပေါ်မှာတော့ “မဟုတ်ပါဘူး။ အဲ့နေ့တုန်းက လေယာဉ်စီးတုန်းက ဝန်ဆောင်မှုအရမ်းကောင်းတယ်။ ချစ်စရာလည်း ကောင်းတယ်။ အဲ့ဒါကြောင့်မို့ လေယာဉ်မောင်လေးက ချစ်စရာကောင်းလိုက်တာဆိုပြီးတော့ တင်လိုက်တာပါ။ တကယ့်အပြင်မှာ ဖြစ်လာရင်တော့ ကောင်းတာပေါ့”

“ရှေ့ဆက်ပြီးတော့ အနာဂတ်အတွက် အစီအစဉ်ချထားတာတွေတော့ မရှိပါဘူး။ ညီမ ပြောသလိုပဲ လှံထမ်းလာတာမြင်ရတယ်။ ကံထမ်းလာတာ မမြင်ရဘူးလေ။ အဲ့ဒါကြောင့် ညီမသည် ဖြစ်လာသမျှအကောင်းကြီးပေါ့။ ဖူးစာပါရင်တော့ ဆုံမှာပေါ့”

ဝေဖန်မှုတွေ နည်းသွားဖို့ မျှော်လင့်လားဆိုတဲ့ အပေါ်မှာတော့ “အတိုက်အခိုက်ဆိုတာ ရှိမှ လူကလည်း အောင်မြင်တာလေ။ အတိုက်အခိုက်နည်းသွားတော့ ကောင်းတာပေါ့။ အတိုက်အခိုက်များတော့လည်း ကိုယ်ပဲရင်ဆိုင်ရတာပေါ့။ တိုက်ဆိုင်မှုရှိမှ လူဆိုတာ အောင်မြင်တာပါ။ ဘယ်အရာမှ မလွယ်ကူပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.