သူမကို ရုပ်ဆိုးတယ်ပြောတဲ့ ယောကျာ်းလေးတစ်ယောက်ကို ပညာသားပါပါ ပြန်လည်တုံ့ပြန်ခဲ့တဲ့ နေခြည်ဦး

သူမကို ရုပ်ဆိုးတယ်ပြောတဲ့ ယောကျာ်းလေးတစ်ယောက်ကို ပညာသားပါပါ ပြန်လည်တုံ့ပြန်ခဲ့တဲ့ နေခြည်ဦး

ပရိသတ်​​တွေကို ​အမြဲလိုလို အလှအပနဲ့ပတ်​သတ်​တဲ့ အ​ကြောင်းအရာ​တွေကို ​ဝေမျှ​ပေး​လေ့ရှိတဲ့ Beauty Blogger မ​လေး ​နေခြည်​ဦးက​တော့သူမရဲ့ပွင့်​လင်းတဲ့ချစ်​စရာစိတ်​ထား​လေး​ကြောင့်​ သူမကိုချစ်​တဲ့ပရိသတ်​​တွေ တစ်​​နေ့တစ်​ခြား ပိုပိုပြီးများလာတာပါ။ အလုပ်အရမ်းကြိုးစားသူလေးလို့ ပရိသတ်တွေသိထားကြတဲ့ နေခြည်ဦးက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေနဲ့ သူမရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

မနေ့ကတော့ နေခြည်ဦးက သူမပရိသတ်တွေနဲ့ စကားပြောရင်း Live လွှင့်နေတုန်းမှာ ပရိသတ်တစ်ယောက်က သူမကို ရုပ်ဆိုးတယ်လို့  ပြောခဲ့ပါတယ်။ ဒါပေမယ့် နေခြည်ဦးက သူမကို ရုပ်ဆိုးတယ်ပြောတဲ့ ပရိသတ်ကို စိတ်မဆိုးပဲ ပညာရှင်ဆန်ဆန်သာ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

သူမကို ရုပ်ဆိုးတယ် ပြောတဲ့ ပရိသတ်တစ်ဦးကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ နေခြည်ဦး

နေခြည်ဦးပြောသလိုပဲ မိန်းကလေးအားလုံးက ပင်ကိုယ်က တစ်မျိုးစီလှပသလို လှပအောင်လဲ ကြိုးစားကြတာပဲ ဖြစ်ပါတယ်။ လူကြီးလူကောင်းဆန်တဲ့ အမျိုးသားတစ်ဦးဆို အားနွဲ့တဲ့ မိန်းကလေးတွေကို ဒီလိုမျိုး ပစ်ပစ်ခါခါ လက်လွှတ်စပယ် မပြောသင့်ပါဘူးနော်။ နေခြည်ဦး ပြောတဲ့ အဖြစ်လေးက တကယ်ကို မှန်တယ်နော်။

လူတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှ ထိခိုက်စေတာ မဟုတ်ပဲ စကားလေးတစ်ခွန်းကြောင့်လဲ ထိခိုက်စေတာကို ပရိသတ်ကြီးလဲ သိပြီးသား ဖြစ်မှာပါ။ အထူးသဖြင့် လူတစ်ယောက်ရဲ့ အားနည်းချက်ကို ထုတ်ဖော်ပြီး ပြောဆိုခြင်းက မှန်ကန်တဲ့လုပ်ရပ်မဟုတ်တာ အသေအချာပါပဲ။ ကိုယ့်ကိုပြောရင်လဲ မခံနိုင်သလို သူတစ်ပါးကလဲ ခံနိုင်မှာမဟုတ်လို့ တတ်နိုင်သမျှ ကိုယ်နှုတ်အမူအယာတွေကို စောင့်စည်းနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.