ခွေမထုတ်ဘဲချမ်းသာနေတယ်ဆိုပြီးပြောသူတွေကို ဒဲ့ရှင်းလိုက်တဲ့ Rဇာနည်

ခွေမထုတ်ဘဲချမ်းသာနေတယ်ဆိုပြီးပြောသူတွေကို ဒဲ့ရှင်းလိုက်တဲ့ Rဇာနည်

ပြန်ဆိုတေးခွေတွေ အမှတ်တရShow ပွဲတွေမှာသူမပါရင်ပွဲမစည်ဘူးလို့ပြောလို့ရလောက်တဲ့ အဆိုတော်တစ်ယောက် တကိုယ်တော်တေးစီးရီးတွေလည်းထွက်ထားတဲ့သူလည်းဖြစ် အခုThe Voice Myanmar 2019 မှာ ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်နေတဲ့ အဆိုတော် Rဇာနည် နဲ့ Myanmar Plattform ရဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းအရာလေးတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြန်ပြောပြပေးလိုက်ပါတယ်နော်။

Rဇာနည်ဆိုပြီး နာမည်တစ်လုံးဖြစ်လာဖို့အတွက် ကြုံလာခဲ့တဲ့အခက်အခဲတွေကို “အခက်ခဲတွေကတော့မျိုးစုံပဲ အရင်ကလည်းအရင်ကအလျောက်ပေါ့ အခုလည်းအခုအလျောက်ပေါ့ အခက်ခဲဆိုတာရှိတယ်။ အခက်အခဲရှိမှာလည်း ဒီအခက်အခဲတွေကိုဖြေရှင်းရင်းနဲ့မှ Step တွေတစ်ခုပြီးတစ်ခုကျော်လွှားနိုင်တာမျိုးဆိုတော့ ဘယ်အခက်အခဲကိုမဆိုကြိုဆိုတယ် ။အဲ့တာတွေအကုန်လုံးကို အကောင်းဆုံးနည်းလမ်းနဲ့ပဲဖြေရှင်းတယ်။ အခက်ခဲကတော့မျိုးစုံပဲ။”ဆိုပြီးပြောပြသွားပါတယ်။ နောက်ထပ်မေးခွန်းတစ်ခုဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်လို့ပြောကြတဲ့အပေါ်မှာရောဆိုတဲ့မေးခွန်းကိုလည်း “ ဒါကတော့ပြောရမယ်ဆိုရင် အဓိကကတော့ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ပဲပေါ့ အစ်ကိုကသူငယ်ချင်းအပေါင်းအသင်းငယ်ငယ်လေးကတည်းကခင်တယ်မင်တယ်။ သူများကိုကူညီချင်တဲ့စိတ်ရှိတယ်။အဲ့ဒီလိုပဲပြောရမှာပေါ့။ အဲ့ဒီပေါ်မှာအခြေခံပြီးတော့ ဘယ်သူနဲ့မဆိုအဆင်ပြေအောင်နေဖြစ်တယ်ပေါ့။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ပြန်ဆိုတေးတွေသီဆိုမှုနဲ့ပတ်သက်ပြီးဝေဖန်ကြတဲ့အပေါ် “အရင်ကတော့ စိတ်ဓာတ်တွေဘာတွေကျတာပေါ့ကွာ ကျဘူးတာပေါ့ ဟဒီကောင်တွေဘလိုင်းကြီးတွေပြောတယ်ပေါ့ ။နောက်ပိုင်းကျတော့ သူတို့မသိလို့ပါ့လား(ရယ်လျက်)ဖြစ်သွားတာပေါ့။ဒီလိုပါပဲ ကိုယ်တို့ကအဝေဖန်ခံရမယ့်နေရာရောက်နေတော့ ဝေဖန်ခံရမှာပေါ့။”ကိုယ်ပိုင်သံစဉ်တွေသီဆိုတဲ့အပေါ်မှာလည်း “Change သင့်တယ်ထင်တဲ့အချိန်မှာChange လိုက်တာ အားလုံးကအစ်ကိုတစ်ယောက်တည်း ဒီကော်ပီတွေ ပြန်ဆိုတေးတွေဆိုနေတာမဟုတ်ဘူး။ ဂီတလောကကြီးကအဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာ ကိုယ်ကအဆိုတော်ဖြစ်ရတဲ့ကောင် ဖြစ်တဲ့အခါကျတော့လည်း အဲ့ဒီအပေါ်မှာစီးမျောနေတာပေါ့နော် ၊ ဂီလောကကြီးရဲ့Changes ပြောင်းလာတာနဲ့အမျှအစ်ကိုတို့ကလည်းကြိုတင်ပြင်ဆင်ထားပြီးသား။ ဒီအချိန်ဒီအခါကျရင် Owntune တစ်ခွေလောက်လုပ်ရတော့မယ်။နောက်ပိုင်းလုပ်ရမယ့်အချိန်တွေကျ ကိုယ်လည်းအချိန်မီပဲ ကမ္ဘာသားတို့ဘာတို့ထွက်လာနိုင်တယ်။အခုလည်းဆက်ပြီးတော့လုပ်နေတယ်။နောက်Albumတွေလည်းOwntune တွေပါပဲ။”ဆိုပြီးပြောပြသွားပါတယ်။

သီချင်းခွေမထုတ်ဘဲချမ်းသာနေတယ်လို့ဝေဖန်နေကြတဲ့အပေါ် “ သူတို့သေချာမသိလို့ပဲလို့အစ်ကိုသတ်မှတ်ပါတယ်။ခုနကပြောသလိုပဲ ကိုဒီဂီတလမ်းကြောင်းပေါ်လျှောက်လာတာ ၁၉နှစ် နှစ် ၂၀ နီးပါးရှိနေပြီ။ကိုယ့်မိန်းမကလည်း ကိုယ်ဒီလိုမျိုးရှာသမျှဖွေသမျှတွေကို ကောင်းကောင်းမွန်မွန်စုဆောင်းထားကိုယ်တို့တွေကြိုးကြိုးစားစားနဲ့ ဘဝကိုရပ်တည်ကြတာပေါ့ကိုယ်တို့ဆင်းရဲဒုက္ခရောက်တဲ့အချိန်တွေကအွန်လိုင်းတွေခေတ်မစားသေးဘူးလေ။(ရယ်လျက်)အဲ့ဒါတွေကို ဘယ်သူမှမမြင်နိုင်သေးဘူးအဲ့ဒီလိုကြိုးစားရုန်းကန်ရတဲ့အခက်အခဲတွေကို ဘယ်သူမှမမြင်နိုင်သေးဘူး။ကိုယ်တို့တွေအခြေအနေတစ်ခုရောက်လာတော့မှသာ အသာလေးဒီပေါ်မှာကြည့် အသာလေးဝင်ပြီးတော့ရေးအွန်လိုင်းပေါ်မှာမြင်ပြီးတော့ရေးကြတာမျိုးဆိုတော့ပြဿနာမရှိပါဘူး။ကိုယ်ကအေးဆေးပဲအားလုံးကိုကြိုဆိုတယ်ဆိုပြီးပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.