ဘူးသီး​တောင်​​ ဖုံညိုလိပ် ဘင်္ဂလီရွာသို့ ဘင်္ဂါလီစစ်ဘေးရှောင် (၆၀၀) ကျော်ရောက်ရှိ

ဘူးသီး​တောင်​​ ဖုံညိုလိပ် ဘင်္ဂလီရွာသို့ ဘင်္ဂါလီစစ်ဘေးရှောင် (၆၀၀) ကျော်ရောက်ရှိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ဘင်္ဂါလီကျေးရွာကို ဆင်သေပြင် ​ဘင်္ဂလီ​ကျေးရွာ၊ ထိပ်တူးပေါက်ဘဂါင်္လီကျေးရွာတွေက စစ်ဘေးရှောင် ၆၃၆ ဦးရောက်ရှိလာတယ်လို့ ဖုံညိုလိပ်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ​ဦးမောင်​သန်းနိုင်​က ​ပြောပါတယ်။

“မတ်​လ ၂၇ ရက်​နဲ့ ၂၈ ရက်​​တွေမှာ ဘဂါင်္လီစစ်​​ပြေးဒုက္ခသည်​ ၆၃၆ ဦး ဖုံညိုလိမ်​​ကျေးရွာ ဘဂါင်္လီ​ကျေးရွာကို ​ရောက်​ရှိ​နေပါတယ်​။ ​လော​လောဆယ်​​တော့ သူတို့ကို ဖုံညိုလိပ်​ ဘင်္ဂါလီကျေးရွာ​တွေမှာ ​နေရာချ​ပေးထားပါတယ်​။ တ​ရပ်​ကွက်​မှာ ၃၀/၄၀ ​ပေါ့​လေ။ သူတို့နဲ့ နီးစပ်​​ရာ​ဆွေမျိုး​တွေဆီမှာ ​နေကြသူ​တွေလည်းရှိတယ်။ လူကယ်​ပြန်​က​တော့ ဆန်​​တွေ လာ​ထောက်​ပံ့ပါတယ်​။ ဖုံညိုလိပ်​က ရခိုင်​ရွာသူ/သား​တွေက​တော အားလုံးနီးပါး ဘူးသီး​တောင်​မြို့က ဒုက္ခသည်​စခန်း​တွေနဲ့ နီးစပ်​ရာ​ဆွေမျိုး​တွေထံ ထွက်​​ပြေးသွားကြပါပြီ။”

ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာ ရပ်ကွက် ၁ ရှိ ကျေးလက်ဆေးပေးခန်းအနီးမှာ မတ် ၂၅ ရက် ည ၆ နာရီကျော်အချိန်က လက်နက်ကြီး ကျရောက်လို့ ကျန်းမာရေးဝန်ထမ်း ကြီးကြပ် ၂ ဦးနိုင်နိုင်အောင်ရဲ့ ဇနီးဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဆင်​​သေပြင်​​ဘဂါင်္လီ​ကျေးရွာမှ ဘဂါင်္လီ ၃ ဦးလည်း လက်​နက်​ကြီး ကျည်​ထိမှန်​ပြီး ဒဏ်​ရာရရှိခဲ့​ကြောင်း ဆင်​​သေပြင်​​ကျေးရွာမှ မာမတ်​အီဆပ်​က ​ပြောပါတယ်။

“မတ် ၂၅ ရက်​​နေ့က လက်​နက်​ကြီး ကျည်​ကျလို့ ကျနော်​တို့ ဆင်​​သေပြင်​မှာလည်း ၃ ဦး ဒဏ်​ရာရရှိခဲ့ပါတယ်​။ တိုက်ပွဲတွေကလည်း အဆက်​မပြတ်​ဖြစ်​​နေတယ်​ဆို​တော့ ကျနော်​တို့လည်း မ​နေရဲတောဘဲ အခုလိုထွက်​​ပြေးလာတာပါ။”

ဘူးသီး​တောင်​မြို့နယ် ​ဖုံညိုလိပ်ကျေးရွာမှာ ရခိုင်​ နဲ့ ဘဂါင်္လီ အိမ်​​ခြေ စုစု​ပေါင်း ၈၀၀ ​ကျော်​ရှိကာ ရခိုင်​ အိမ်​​ခြေ ၃၀ သာရှိ​ကြောင်း သိရပါတယ်​။ ၂၀၁၇ က ဘင်္ဂလား​ဒေ့ရှိနိုင်​ငံဘက်​ကို ထွက်​သွားတဲ့ ဘဂါင်္လီမိသားစု မိသားစု ၃၀၀ ​ကျော်​ ထွက်​​ပြေးသွားကြတယ်လို့ သိရပါတယ်​။

credit:DVB

Comments are closed.