Grab တက္ကစီ မောင်းနှင်သူ တစ်ဦးအား ခရီးသည်မှ အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွား

Grab တက္ကစီ မောင်းနှင်သူ တစ်ဦးအား ခရီးသည်မှ အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွား

Grab ကု မ္ပဏီနှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် တက်စီကားသမားတစ်ဦးကို ခရီးသည်က အုပ်စုဖွဲ့ရိုက်နှက်မှု ယမန်နေ့ညက ဖြစ်ပွားခဲ့ကြောင်းသိရသည်။

grab တက်စီကားသမား ဦး ဆိုသူသည် ယမန်နေ့ည ၁၂နာရီခန့်က ၄ ဦးပါ ခရီးသည်အုပ်စုတစ်စုကို စံပြဈေး၊ သာကေတ capital စသည့် နေရာ ၂ ခုကိုလိုက်ပို့အပြီး အတွင် အဆိုပါ ခရီးသည် ၄ ဦးက အုပ်စုဖွဲ့ကာပြန်လည်ရိုက်နှက်သွားခြင်းဖြစ်သည်ဟု အရိုက်ခံရသည့် ကားသမားအား ဆေးရုံပို့ပေးခဲ့သူ သီရိမင်္ဂလာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဦးထွန်းနိုင်လင်းက ပြောပြသည်။

“location ထောက်ထားတဲ့နေရာ ၂ခုကိုပို့ပေးခိုင်းတယ်။ အဲဒီနေရာ ၂ ခုကို ပို့ပေးပြီးတော့ နေရာထက်ကျော်ပြီးထပ်မောင်းခိုင်းတယ်။ အတွင်းထဲကို ထပ်ဝင်ခိုင်းတယ်လို့သိရတယ်။ အဲဒါကို ကားဆရာကလိုက်မပို့တော့ ကားသမားကို အုပ်ခဲနဲ့ထုဝိုင်းရိုက်သွားတယ်”ဟု ၎င်းက ပြောပြသည်။အရိုက်ခံရသည့်ဖြစ်စဉ်ကြောင့် ကားသမားမှာရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြော ဌာနတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ကျွန်တော်တို့ grab ကို မကျေနပ်ဘူး ။ ဖြစ်စဉ်ဖြစ်ပြီး မနေ့ညက ကုမ္ပဏီကိုဖုန်းဆက်တော့ တာဝန်ရှိသူတွေမရှိပါဘူးတဲ့။ ဒီကနေ့ ထပ်ဆက်တော့ ရုံးပိတ်ရက်မို့ပါတဲ့။ တာဝန်ယူပေးမှုမရှိဘူးဗျာ” ဟု ကိုထွန်းလင်းနိုင်က ဆက်ပြောသည်။

“ကျွန်တော်တို့ဘက်မှ သေချစွာ ဆောင်ရွက်ပေးထားပြီး ဖြစ်ပါတယ် ခင်ဗျ။ ပြစ်မှုကျူးလွန်သူများကိုလည်း ဖမ်းဆီး ရရှိထားပြီး ဖြစ်ပါတယ် ခင်ဗျာ” ဟု Grab မှ ကိုရဲထက်က ပြောသည် ။

လက်ရှိတွင် ကားသမားကို ရိုက်နှက်သွားသူ အုပ်စုမှ အုတ်ခဲဖြင့်ထုသူတစ်ဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ကိုထွန်းလင်းနိုင်ထံမှသိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုကို သာကေတမြို့မရဲစခန်းတွင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

crd : YL

Comments are closed.