ရင်ကိုနွေးထွေးစေတဲ့ဆုတွေအကြောင်းပြောပြသွားတဲ့နေတိုး

ရင်ကိုနွေးထွေးစေတဲ့ဆုတွေအကြောင်းပြောပြသွားတဲ့နေတိုး

ဒီနှစ် အကယ်ဒမီပွဲမှာပရိသတ်တွေမျှော်လင့်ခဲ့ကြပေမယ့် လွဲသွားခဲ့တဲ့ ပရိသတ်အချစ်တော် နိုင်ငံကျော် သရုပ်ဆောင်မင်းသား အကယ်ဒမီနေတိုးက သူ့ပရိသတ်တွေထားတဲ့သဘောထားတွေနဲ့ သူရဲ့တခြားဆုလေးတွေအပေါ်ထားတဲ့သဘောထားကိုလည်း ပြောပြထားတာရှိပါတယ်။ သူပြောပြသွားတဲ့လရောင်ချော့တေးဖန်တီးဖြစ်သွားပုံတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေ ပြန်ပြောပြပေးလိုက်ရပါတယ် ခင်ဗျ။

ပရိသတ်နဲ့ပတ်သက်ပြီးတော့ပေါ့နော် ဒီအကယ်ဒမီဆုမှမဟုတ်ဘူး တခြားသောကျွန်တော်တို့ကအွန်းလိုင်းဆုကလေးတွေရှိတယ်။ သဘောတစ်ခုက ဇာတ်ဝင်သီချင်းပေါ့နော် လရောင်ချော့တေးလိုဟာမျိုးရှိမယ် နောက်ပြီးတော့ Focus Online လိုဟာမျိုးတွေရှိမယ်။ တခြားသောပေါ်ပြူလာကနေပေးတဲ့ဆုလေးတွေ တချို့တချို့ဆုတွေအများကြီးပေါ့ ။ TVC Awardတို့ဘာတို့ရှိတယ် အဲ့ဒီလိုမျိုးဆုတွေလည်းအများကြီးရှိတယ် ။အဲ့ဒီလိုမျိုးဆုတွေကိုလည်း ကျွန်တော်တန်ဖိုးထားတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်Voting နဲ့ရတဲ့ဆုတွေကကျတော့ ကျွန်တော့ရင်ထဲမှာပိုပြီးတော့ နွေးထွေးမှုကိုပိုတွေ့ရတယ်။ ပိုပြီးတော့ဒီဆုလေးကိုမြင်တိုင်းမြင်တိုင်း ပရိသတ်ကိုပြေးမြင်တယ်ပေါ့။ ပရိသတ်ရဲ့မျက်နှာကို ပြေးမြင်မိတယ်။ အဲ့ဒီလိုခံစားမှုတော့ရှိပါတယ်။

ဆုရခဲ့တဲ့အချိန်တုန်းကတော့ ကျွန်တော်ကဒီမှာရှိမနေဘူးပေါ့ ကျွန်တော်ဘိတ်မှာ ကားရိုက်နေတာဆိုတော့ ကားရိုက်နေပေမယ့် Night Senseရှိတဲ့အခါကျတော့ ကျွန်တော့်သီချင်းလေးရသွားတာဆိုတော့ ပထမကတည်းက ကျွန်တော့်သီချင်းကို Fanတွေကနေပြီးတော့ ဒီသီချင်းကိုတောင်းပေးနေတာတွေ့တယ်။ တွေ့တဲ့အခါကျတော့ မထင်တော့မထင်ထားဘူးပေါ့နော်။

ကျွန်တော်တို့ကတော့ သီချင်းဆိုတဲ့အလုပ်နဲ့ရပ်တည်တာမဟုတ်ဘူး ။ဒါပေမယ့်လည်း ဝါသနာအရမ်းကြီးတယ် ။အနုပညာနဲ့ပတ်သက်ရင်တော့ ပန်းချီဆွဲတာ ပြီးလို့ရှိရင် သီချင်းဆိုတာနဲ့စတယ်။ဆိုတော့ သီချင်းကိုအရမ်းဝါသနာပါတယ်။ သင်တန်းတွေအနေနဲ့လည်း ဒီလိုပဲ သီအိုရီပိုင်းအနေနဲ့သိအောင်လုပ်ထားရတယ်။ Music ပိုင်းကိုလည်းကိုယ်ကဝါသနာတယ်ဆိုတော့ ။ ဒီသီချင်းလေးကိုလည်း ညီမင်းခိုင်နဲ့နှစ်ယောက်ပေါ့နော် ဇာတ်လမ်းကိုပြောပြတယ်။ ပြောပြပြီးတော့ ဘယ်လိုဘယ်လိုဘယ်လိုလေးဖြစ်ချင်တယ်ဆိုရင်းနဲ့မှ သီချင်းကိုလုပ်ကြတာပေါ့နော်။

သီချင်းလိုလုပ်ရင်းနဲ့မှ ညည်းရင်းနဲ့ သားချော့တေးလိုပုံစံမျိုးလေးပေါ့ အရင်တုန်းကဆိုလို့ရှိရင် သားချော့တေးတွေရှိခဲ့တဲ့ပေါ့။ ကျွန်တော်တို့ကအဲ့ဒီလိုပုံစံမျိုးမတူဘဲ အမေတစ်ယောက်ကဆိုရတဲ့ သီချင်းမျိုး မဟုတ်ဘဲ အဖေတစ်ယောက်ဆိုရတဲ့သီချင်း လည်းဖြစ်နေတဲ့အခါကျတော့ သားချော့တေးတစ်ခုကိုဖန်တီးမယ်ဆိုပြီးတော့ ကျွန်တော့်အိမ်မှာပဲ ။ အဲ့ဒီကောဒ့်လေးခေါက်ပြီးတော့ အဲ့ဒီသီချင်းလေးကိုရေးဖြစ်ခဲ့တာ။ စကားလုံးအားဖြင့်တော့တော်တော်မိုက်တယ်။ ဒီသီချင်းလေးကဒီလောက်ပရိသတ်ရဲ့ရင်ထဲကိုရောက်သွားလိမ့်မယ်ထင်မထားဘူး ။ဆိုပြီးပြောပြသွားခဲပါတယ်။ အောက်မှာလည်း လရောင်ချော့တေးသီချင်းလေးကိုဖော်ပြတင်ဆက်ပေးလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.